တာချီလိတ်ဘက်ကနေ ထိုင်းဘက်ကို မူးယစ်ဆေးသယ်တဲ့အဖွဲ့နဲ့ ထိုင်းစစ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ကုန်ကူးသူ(၆)ဦး သေဆုံး

 1539

မိုးတိမ် (NP News) - နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ လာတယ်လို့ဆိုတဲ့ မူးယစ်ကုန်ကူးတဲ့အဖွဲ့တစ်ဖွဲ့ကို ထိုင်းစစ်တပ်က တွေ့ရှိတဲ့အတွက် ထိုင်းနယ်စပ်ထဲမှာ ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြလာပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဖလောင်ခရိုင်ထဲမှာ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဒီဖြစ်စဉ်ဖြစ်ခဲ့တာလို့ ထိုင်းစစ်တပ်အရာရှိတွေက အတည်ပြုပြောကြားခဲ့ပြီး မူးယစ်ကုန်ကူးသူ(၆)ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဘန်ကောက်ပို့စ်ရဲ့ဖော်ပြချက်အရ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်ဘက်ကနေ တောတွင်းလမ်းအတိုင်း မယ်ဖလောင်ခရိုင်ထဲကို မူးယစ်ဆေးဝါးတွေကို လက်နက်တွေကိုင်ဆောင်ရင်း သယ်လာကြတယ်လို့ သိရပါတယ်။ လက်နက်တွေကိုယ်စီပါလာတဲ့ မူးယစ်ကုန်ကူးအဖွဲ့ဟာ (၁၀)ကနေ(၁၅)ဦးလောက်အထိ ရှိမယ်လို့ ထိုင်းစစ်သားတွေက ခန့်မှန်းထားပြီး ခရိုင်းကင်းလှည့်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ(၂၃)ရက် နံနက် ၄ နာရီလောက်မှာ လှည့်ကင်းနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း မူးယစ်ကုန်သယ်အဖွဲ့ဘက်က လူ(၆)ဦး သေဆုံးသွားရသလို သူတို့နဲ့အတူ မက်သာဖက်တမင်းဆေးပြား ၁ ဒဿမ ၈ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းစစ်သားတွေဘက်က အရာရှိဖြစ်သူ ဗိုလ်မှူးကြီး ဆူလ်ခက်ကတော့ တောတွင်းလမ်းအတိုင်းဝင်လာတဲ့ မူးယစ်ကုန်ကူးသူတစ်ဦးချင်းစီဟာ ကျောပိုးအိတ်တွေကိုယ်စီလွယ်ထားကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ တာချီလိတ်ဘက်ခြမ်းကနေ ထိုင်းပိုင်နက်ထဲကို မီတာ(၁၀၀)လောက်အထိ ကျုးကျော်ဝင်ရောက်လာခဲ့တာဖြစ်သလို ရပ်တန့်ခိုင်းပြီး စစ်ဆေးဖို့ ကြိုးစားတာကို ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အပြန်အလှန်ပစ်ခတ်မှု မိနစ်(၃၀)လောက်ကြာပြီးချိန်မှာတော့ မူးယစ်ကုန်သယ်သူတွေဘက်က (၆)ဦးသေဆုံးနေတာ တွေ့ရပြီး အခြားသူတွေကတော့ လွတ်ရာကျွတ်ရာထွက်ပြေးကုန်လို့ စစ်သားတွေကို ထပ်မံစေလွှတ်ထားရတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်သားတွေဟာ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးအရ ကင်းလှည့်တာကိုပုံမှန်ထက်ပိုပြီးလုပ်ဆောင်နေရသလို မယ်ဖလောင်ခရိုင်ဖြစ်စဉ်နဲ့ တစ်ရက်တည်းမှာပဲ ချင်းမိုင်ဘက်က ကင်းလှည့်အဖွဲ့ဟာ မက်သာဖက်တမင်းဆေးပြား နှစ်သိန်းနဲ့အတူ လူသုံးဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version
တာခ်ီလိတ္ဘက္ကေန ထုိင္းဘက္ကုိ မူးယစ္ေဆးသယ္တဲ့အဖြဲ႔နဲ႔ ထုိင္းစစ္သားေတြ အျပန္အလွန္ပစ္ခတ္မႈျဖစ္ျပီး မူးယစ္ကုန္ကူးသူ(၆)ဦး ေသဆုံး
မိုးတိမ္ (NP News) - ႏုိ၀င္ဘာ ၂၃
ျမန္မာႏုိင္ငံ တာခ်ီလိတ္ဘက္ကေန လာတယ္လုိ႔ဆုိတဲ့ မူးယစ္ကုန္ကူးတဲ့အဖြဲ႔တစ္ဖြဲ႔ကုိ ထုိင္းစစ္တပ္က ေတြ႔ရွိတဲ့အတြက္ ထုိင္းနယ္စပ္ထဲမွာ ပစ္ခတ္ဖမ္းဆီးလုိက္ရေၾကာင္း ဘန္ေကာက္ပုိ႔စ္က ေဖာ္ျပလာပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ မယ္ဖေလာင္ခရုိင္ထဲမွာ ႏုိ၀င္ဘာ ၂၃ ရက္ နံနက္ပုိင္းက ဒီျဖစ္စဥ္ျဖစ္ခဲ့တာလုိ႔ ထုိင္းစစ္တပ္အရာရွိေတြက အတည္ျပဳေျပာၾကားခဲ့ျပီး မူးယစ္ကုန္ကူးသူ(၆)ဦး ေသဆံုးသြားတယ္လုိ႔ ဆုိပါတယ္။ ဘန္ေကာက္ပုိ႔စ္ရဲ႕ေဖာ္ျပခ်က္အရ ထုိင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ျမိဳ႕နယ္ဘက္ကေန ေတာတြင္းလမ္းအတုိင္း မယ္ဖေလာင္ခရုိင္ထဲကုိ မူးယစ္ေဆး၀ါးေတြကုိ လက္နက္ေတြကုိင္ေဆာင္ရင္း သယ္လာၾကတယ္လုိ႔ သိရပါတယ္။ လက္နက္ေတြကုိယ္စီပါလာတဲ့ မူးယစ္ကုန္ကူးအဖြဲ႔ဟာ (၁၀)ကေန(၁၅)ဦးေလာက္အထိ ရွိမယ္လုိ႔ ထုိင္းစစ္သားေတြက ခန္႔မွန္းထားျပီး ခရုိင္းကင္းလွည့္တဲ့ လုံျခဳံေရးတပ္ဖြဲ႔ေတြနဲ႔ ထိပ္တုိက္ေတြ႔က အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။ ႏုိ၀င္ဘာ(၂၃)ရက္ နံနက္ ၄ နာရီေလာက္မွာ လွည့္ကင္းနဲ႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္အတြင္း မူးယစ္ကုန္သယ္အဖြဲ႔ဘက္က လူ(၆)ဦး ေသဆုံးသြားရသလုိ သူတုိ႔နဲ႔အတူ မက္သာဖက္တမင္းေဆးျပား ၁ ဒႆမ ၈ သန္းကုိ သိမ္းဆည္းရမိခဲ့ပါတယ္။ ထုိင္းစစ္သားေတြဘက္က အရာရွိျဖစ္သူ ဗုိလ္မွဴးၾကီး ဆူလ္ခက္ကေတာ့ ေတာတြင္းလမ္းအတုိင္း၀င္လာတဲ့ မူးယစ္ကုန္ကူးသူတစ္ဦးခ်င္းစီဟာ ေက်ာပုိးအိတ္ေတြကုိယ္စီလြယ္ထားၾကတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ဟာ တာခ်ီလိတ္ဘက္ျခမ္းကေန ထိုင္းပုိင္နက္ထဲကုိ မီတာ(၁၀၀)ေလာက္အထိ က်ဳးေက်ာ္၀င္ေရာက္လာခဲ့တာျဖစ္သလုိ ရပ္တန္႔ခုိင္းျပီး စစ္ေဆးဖုိ႔ ၾကိဳးစားတာကုိ ျပန္လည္ပစ္ခတ္မႈေတြလုပ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။ အျပန္အလွန္ပစ္ခတ္မႈ မိနစ္(၃၀)ေလာက္ၾကာျပီးခ်ိန္မွာေတာ့ မူးယစ္ကုန္သယ္သူေတြဘက္က (၆)ဦးေသဆုံးေနတာ ေတြ႔ရျပီး အျခားသူေတြကေတာ့ လြတ္ရာကၽြတ္ရာထြက္ေျပးကုန္လုိ႔ စစ္သားေတြကုိ ထပ္မံေစလႊတ္ထားရတယ္လုိ႔ ဆုိပါတယ္။

ထုိင္းစစ္သားေတြဟာ နယ္စပ္တစ္ေလွ်ာက္မွာ လုံျခဳံေရးအရ ကင္းလွည့္တာကုိပုံမွန္ထက္ပုိျပီးလုပ္ေဆာင္ေနရသလုိ မယ္ဖေလာင္ခရုိင္ျဖစ္စဥ္နဲ႔ တစ္ရက္တည္းမွာပဲ ခ်င္းမုိင္ဘက္က ကင္းလွည့္အဖြဲ႔ဟာ မက္သာဖက္တမင္းေဆးျပား ႏွစ္သိန္းနဲ႔အတူ လူသုံးဦးကုိ ဖမ္းဆီးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။

Related news

© 2021. All rights reserved.