မြန်မာနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီခြင်းစာချုပ် အမြန်ဆုံးချုပ်ဆို၍ အာဆီယံအထိ ချိတ်ဆက်ကြရန် မဏိပူရပြည်နယ်အစိုးရကို အိန္ဒိယဗဟိုအစိုးရ တိုက်တွန်း

1351

မိုးတိမ် (NP News) - နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံကို အခြေပြု၍ အာဆီယံနှင့်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီခြင်းစာချုပ်(FTA) ကို အမြန်ဆုံးဖော်ဆောင်သင့်ကြောင်း မဏိပူရပြည်နယ်အစိုးရအား အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက ဖိအားပေးပြောကြားလိုက်သည်။
မဏိပူရပြည်နယ်အပါအဝင် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ် ကုန်သွယ်ရေးဝန်ကြီးများနှင့် အိန္ဒိယဗဟိုအစိုးရ ကုန်သွယ်ရေးဝန်ကြီး ပီရွတ်ရှ် ဂိုရယ်တို့၏ စီးပွားရေးဆိုင်ရာ အစည်းအဝေးတွင် ဗဟိုအစိုးရဝန်ကြီးက တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်ပြီး မဏိပူရပြည်နယ်ကိုမူ အဓိကဦးဆောင်စေလိုခြင်းဖြစ်ကြောင်းလည်း အိန္ဒိယသတင်းဌာနများက နိုဝင်ဘာ(၂၃)ရက်တွင် ရေးသားဖော်ပြလာသည်။ အိန္ဒိယအရှေ့မြောက်ဒေသသည် ကုန်တွင်းပိတ်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးနေပြီး အာဆီယံဒေသနှင့် ကုန်သွယ်ရေးမဖြစ်မနေ လုပ်ဆောင်မှသာ တိုးတက်မှုမြန်ဆန်သွားလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီး ဂိုရယ်က အသိပေးပြောကြားခဲ့သည်။ အထူးသဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီမှုစာချုပ်ကို ပြည်နယ်အစိုးရများဘက်က မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်သွားရန်လိုအပ်ကြောင်း၊ အာဆီယံကို ထွက်မည့်ကုန်သွယ်ရေးလမ်းကြောင်းအတွက် မြန်မာနိုင်ငံနှင့်အရင်ဆုံး ကုန်သွယ်ရေးသဘောတူညီမှုစာချုပ်ကို ခိုင်ခိုင်မာမာ ချုပ်ဆိုထားရမည်ဖြစ်ကြောင်းလည်း ဆိုသည်။ “ အိန္ဒိယအရှေ့မြောက်ဒေသတွေဟာ ကိုယ်ပိုင်ဂုဏ်ပုဒ်တွေနဲ့ ရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။ ဒေလီတို့ ကိုးလ်ကတ္တားတို့ကို မှီခိုနေရမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေနဲ့ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ကြဖို့ လိုပါတယ် ” ဟု ဝန်ကြီး ဂိုရယ်က ပြောသည်။
အင်ဒို-မြန်မာကုန်သွယ်ရေးသဘောတူညီမှုသည် မဖြစ်မနေ စတင်ရန်လိုအပ်နေပြီဖြစ်သကဲ့သို့ နှစ်နိုင်ငံကြားမှ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း အပြန်အလှန်ဆက်ဆံရေးကိုလည်း တည်ဆောက်ထားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာဘက်အခြမ်းတွင် ကလေး-တမူးလမ်းပိုင်းကို ကုန်သွယ်ရေးအတွက် သွားရောက်ဖောက်လုပ်ပေးထားပြီး ယင်းထက်အဆင့်မြင့်သော ကုန်သွယ်ရေးလမ်းမကြီးဖြစ်လာသည်အထိ အားထည့်သွားရမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အိန္ဒိယအနေဖြင့် အရှေ့မျှော်ဝါဒကို မြန်မာမှတစ်ဆင့် ဖြတ်သန်းရန်အတွက် လွန်ခဲ့သောဆယ်စုနှစ်ကတည်းက အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းကို စတင်ဖော်ဆောင်ထားပြီးဖြစ်သည့်အတွက် နောက်ထပ် ဆယ်စုနှစ်အထိ စောင့်စရာမလိုဘဲ ပြည်နယ်အသီးသီးက ဝိုင်းဝန်းကြိုးစားရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲအတွင်းသို့ မဏိပူရပြည်နယ်မှ ကုန်သွယ်ရေးအပါအဝင် အခြားသော ဝန်ကြီးများတက်ရောက်ခဲ့ကြသည်ဟု သိရသည်။
Zawgyi Version;
ျမန္မာႏွင့္ လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီျခင္းစာခ်ဳပ္ အျမန္ဆုံးခ်ဳပ္ဆို၍ အာဆီယံအထိ ခ်ိတ္ဆက္ၾကရန္ မဏိပူရျပည္နယ္အစိုးရကို အိႏၵိယဗဟိုအစိုးရ တိုက္တြန္း
မိုးတိမ္ (NP News) - ႏိုဝင္ဘာ ၂၄
ျမန္မာႏိုင္ငံကို အေျချပဳ၍ အာဆီယံႏွင့္လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီျခင္းစာခ်ဳပ္(FTA) ကို အျမန္ဆုံးေဖာ္ေဆာင္သင့္ေၾကာင္း မဏိပူရျပည္နယ္အစိုးရအား အိႏၵိယကုန္သြယ္ေရးဝန္ႀကီးက ဖိအားေပးေျပာၾကားလိုက္သည္။
မဏိပူရျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံႏွင့္နယ္စပ္ခ်င္းထိစပ္ေနေသာ အိႏၵိယျပည္နယ္ ကုန္သြယ္ေရးဝန္ႀကီး မ်ားႏွင့္ အိႏၵိယဗဟိုအစိုးရ ကုန္သြယ္ေရးဝန္ႀကီး ပီ႐ြတ္ရွ္ ဂိုရယ္တို႔၏ စီးပြားေရးဆိုင္ရာ အစည္းအေဝးတြင္ ဗဟို အစိုးရဝန္ႀကီးက တိုက္တြန္းေျပာၾကားလိုက္ျခင္းျဖစ္ၿပီး မဏိပူရျပည္နယ္ကိုမူ အဓိကဦးေဆာင္ေစလိုျခင္းျဖစ္ေၾကာင္းလည္း အိႏၵိယသတင္းဌာနမ်ားက ႏိုဝင္ဘာ(၂၃)ရက္တြင္ ေရးသားေဖာ္ျပလာသည္။ အိႏၵိယအေရွ႕ေျမာက္ေဒသသည္ ကုန္တြင္းပိတ္ဆန္ဆန္ ဖြံ႕ၿဖိဳးတိုးတက္မႈနည္းပါးေနၿပီး အာဆီယံေဒသႏွင့္ ကုန္သြယ္ေရးမျဖစ္မေန လုပ္ေဆာင္မွသာ တိုးတက္မႈျမန္ဆန္သြားလိမ့္မည္ျဖစ္ေၾကာင္း ဝန္ႀကီး ဂိုရယ္က အသိေပးေျပာၾကားခဲ့သည္။
အထူးသျဖင့္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားႏွင့္ လြတ္လပ္စြာကုန္သြယ္ခြင့္သေဘာတူညီမႈစာခ်ဳပ္ကို ျပည္နယ္အစိုးရမ်ားဘက္က ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေဖာ္သြားရန္လိုအပ္ေၾကာင္း၊ အာဆီယံကို ထြက္မည့္ကုန္သြယ္ေရးလမ္းေၾကာင္းအတြက္ ျမန္မာႏိုင္ငံႏွင့္အရင္ဆုံး ကုန္သြယ္ေရးသေဘာတူညီမႈစာခ်ဳပ္ကို ခိုင္ခိုင္မာမာ ခ်ဳပ္ဆိုထားရမည္ျဖစ္ေၾကာင္းလည္း ဆိုသည္။ “ အိႏၵိယအေရွ႕ေျမာက္ေဒသေတြဟာ ကိုယ္ပိုင္ဂုဏ္ပုဒ္ေတြနဲ႔ ရပ္တည္ႏိုင္ဖို႔ လိုအပ္ပါတယ္။ ေဒလီတို႔ ကိုးလ္ကတၱားတို႔ကို မွီခိုေနရမွာ မဟုတ္ပါဘူး။ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ေတြနဲ႔ ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေဖာ္ၾကဖို႔ လိုပါတယ္ ” ဟု ဝန္ႀကီး ဂိုရယ္က ေျပာသည္။
အင္ဒို-ျမန္မာကုန္သြယ္ေရးသေဘာတူညီမႈသည္ မျဖစ္မေန စတင္ရန္လိုအပ္ေနၿပီျဖစ္သကဲ့သို႔ ႏွစ္ႏိုင္ငံၾကားမွ စီးပြားေရးလုပ္ငန္းရွင္အခ်င္းခ်င္း အျပန္အလွန္ဆက္ဆံေရးကိုလည္း တည္ေဆာက္ထားရမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ျမန္မာဘက္အျခမ္းတြင္ ကေလး-တမူးလမ္းပိုင္းကို ကုန္သြယ္ေရးအတြက္ သြားေရာက္ေဖာက္လုပ္ေပးထားၿပီး ယင္းထက္အဆင့္ျမင့္ေသာ ကုန္သြယ္ေရးလမ္းမႀကီးျဖစ္လာသည္အထိ အားထည့္သြားရမည္ျဖစ္ေၾကာင္းလည္း ဆိုသည္။
အိႏၵိယအေနျဖင့္ အေရွ႕ေမွ်ာ္ဝါဒကို ျမန္မာမွတစ္ဆင့္ ျဖတ္သန္းရန္အတြက္ လြန္ခဲ့ေသာဆယ္စုႏွစ္ကတည္းက အိႏၵိယ-ျမန္မာ-ထိုင္း ကုန္သြယ္ေရးလမ္းေၾကာင္းကို စတင္ေဖာ္ေဆာင္ထားၿပီးျဖစ္သည့္အတြက္ ေနာက္ထပ္ ဆယ္စုႏွစ္အထိ ေစာင့္စရာမလိုဘဲ ျပည္နယ္အသီးသီးက ဝိုင္းဝန္းႀကိဳးစားရန္လိုအပ္ေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါေဆြးေႏြးပြဲအတြင္းသို႔ မဏိပူရျပည္နယ္မွ ကုန္သြယ္ေရးအပါအဝင္ အျခားေသာ ဝန္ႀကီးမ်ားတက္ေရာက္ခဲ့ၾကသည္ဟု သိရသည္။