တရုတ်နိုင်ငံအထောက်အပံ့ဖြင့်ဆောက်လုပ်သည့် မန္တလေးမြို့ အမှတ်(၂)စက်မှုသင်တန်းကျောင်း အဆင့် မြှင့်တင်ခြင်းစီမံကိန်း ပြီးစီး

 728

NP News – ဒီဇင်ဘာ ၁ဝ
တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောက်လုပ်နေသည့် မန္တလေးမြို့ရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်း အဆင်မြှင့်တင်ခြင်းစီမံကိန်း ပြီးစီးသွားပြီဖြစ်သဖြင့် ဒီဇင်ဘာလ(၈) ရက်က ဖွင့်ပွဲကျင်းပခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းဆောက်လုပ်နေသည့် အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့် တင်ခြင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေးအခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့ အမှတ်(၂) စက်မှုသင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းဆောက်လုပ်ရေးကာလသည် (၂၆) လကြာမြင့်ခဲ့ရာ အဆိုပါစီမံကိန်းတွင် လေ့ကျင့်ရေးအခန်း အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်တည် ဆောက်ခြင်း၊ ကျွမ်းကျင်လေ့ကျင့်ရေးပစ္စည်းနှင့် သင်ရိုးများထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံမှ ဆရာများအား လေ့ကျင့်ပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် တရုတ်သမ္မတရှီကျင့်ပင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရေးပါသည့် ရလဒ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ယခုရလဒ်သည် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အရေးကြီးလုပ်ငန်းတာဝန်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးအသွင်ကူးပြောင်းသည့် အရေးပေါ်ကာလသို့ ရောက်ရှိနေကြောင်း၊ ယင်းတို့အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများအား မျှဝေလိုပြီး မြန်မာနိုင်ငံစက်မှု လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် အားပေးကူညီသွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်။

ထို့အပြင် ကပ်ရောဂါတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်သွားမည်ဖြစ်ပြီး ကိုဗစ်ကာ ကွယ်ဆေး ပူးပေါင်းထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှုများကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေး လေ့ကျင့်ရေး အတွက် ကူညီထောက်ပံ့ပေးသော တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ကြောင်း၊ အဆိုပါသင်တန်းကျောင်းမှ သက်မွေးအတတ်ပညာ လူတော်လူချွန်အများအပြားအား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုတွင် စီမံကိန်းပြီးစီး သွားပြီဖြစ်သဖြင့် လူတော်လူချွန်များကို ပိုမိုမွေးထုတ်တော့မည်ဖြစ်ကာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများအတွက် အားဖြည့်ကူညီနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကဏ္ဍာအတွက် ထောက်ပံ့ကူညီရင်း ၎င်းတို့၏ ရည်မှန်းချက် များထဲမှ တစ်ခုဖြစ်သည့် “One Belt and One Road” တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးကို အရည်အသွေးမြင့်မြင့် အကောင်အထည်ဖော်ကာ အတူတကွတည်ဆောက်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံအေထာက္အပံ့ျဖင့္ေဆာက္လုပ္သည့္ မႏၲေလးၿမိဳ႕ အမွတ္(၂)စက္မႈသင္တန္းေက်ာင္း အဆင့္ ျမွင့္တင္ျခင္းစီမံကိန္း ၿပီးစီး
NP News – ဒီဇင္ဘာ ၁ဝ
တ႐ုတ္ႏိုင္ငံ၏ အေထာက္အပံ့ျဖင့္ေဆာက္လုပ္ေနသည့္ မႏၲေလးၿမိဳ႕ရွိ အမွတ္(၂) စက္မႈသင္တန္းေက်ာင္း အဆင္ျမွင့္တင္ျခင္းစီမံကိန္း ၿပီးစီးသြားၿပီျဖစ္သျဖင့္ ဒီဇင္ဘာလ(၈) ရက္က ဖြင့္ပြဲက်င္းပခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံဆိုင္ရာတ႐ုတ္သံရံုး၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္းေဆာက္လုပ္ေနသည့္ အမွတ္(၂) စက္မႈသင္တန္းေက်ာင္း(မႏၲေလး) အဆင့္ျမွင့္ တင္ျခင္းစီမံကိန္းဖြင့္ပြဲအခမ္းအနားသို႔ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး Mr. Chen Hai၊ စက္မႈဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ ဒုတိယဝန္ႀကီး ဦးကိုကိုလြင္၊ မႏၲေလးအေျခစိုက္ တ႐ုတ္ ေကာင္စစ္ဝန္ခ်ဳပ္ Mr. Chen Chen ၊ သံ႐ုံး စီးပြားေရးသံမႉး Mr. Tan Shufu တို႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕ အမွတ္(၂) စက္မႈသင္တန္းေက်ာင္း အဆင့္ႁမွင့္တင္ျခင္းစီမံကိန္းေဆာက္လုပ္ေရးကာလသည္ (၂၆) လၾကာျမင့္ခဲ့ရာ အဆိုပါစီမံကိန္းတြင္ ေလ့က်င့္ေရးအခန္း အသစ္တည္ေဆာက္ျခင္းႏွင့္ ျပဳျပင္တည္ ေဆာက္ျခင္း၊ ကြၽမ္းက်င္ေလ့က်င့္ေရးပစၥည္းႏွင့္ သင္႐ိုးမ်ားေထာက္ပံ့ေပးျခင္း၊ ျမန္မာႏိုင္ငံမွ ဆရာမ်ားအား ေလ့က်င့္ေပးျခင္း စသည္တို႔ပါဝင္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းသည္ တ႐ုတ္သမၼတရွီက်င့္ပင္၏ ျမန္မာႏိ္ုင္ငံခရီးစဥ္အတြင္း အေရးပါသည့္ ရလဒ္မ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း၊ ယခုရလဒ္သည္ တ႐ုတ္-ျမန္မာႏွစ္ဦးႏွစ္ဖက္၏ အေရးႀကီးလုပ္ငန္းတာဝန္တစ္ခုျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံသည္ စီးပြားေရးအသြင္ကူးေျပာင္းသည့္ အေရးေပၚကာလသို႔ ေရာက္ရွိေနေၾကာင္း၊ ယင္းတို႔အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ အေတြ႕အၾကံဳမ်ားအား မွ်ေဝလိုၿပီး ျမန္မာႏိုင္ငံစက္မႈ လုပ္ငန္းဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ အားေပးကူညီသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သံအမတ္ႀကီး သံအမတ္ႀကီး Mr. Chen Hai က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈကိုႁမွင့္တင္သြားမည္ျဖစ္ၿပီး ကိုဗစ္ကာ ကြယ္ေဆး ပူးေပါင္းထုတ္လုပ္မႈႏွင့္ နည္းပညာလႊဲေျပာင္းမႈမ်ားကိုလည္း ႁမွင့္တင္သြားမည္ျဖစ္ေၾကာင္း ဆိုသည္။
ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ျမန္မာႏိုင္ငံ အသက္ေမြးဝမ္းေက်ာင္းပညာေရး ေလ့က်င့္ေရး အတြက္ ကူညီေထာက္ပံ့ေပးေသာ တ႐ုတ္ႏိုင္ငံအစိုးရအား ေက်းဇူးတင္ေၾကာင္း၊ အဆိုပါသင္တန္းေက်ာင္းမွ သက္ေမြးအတတ္ပညာ လူေတာ္လူခၽြန္အမ်ားအျပားအား ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း၊ ယခုတြင္ စီမံကိန္းၿပီးစီး သြားၿပီျဖစ္သျဖင့္ လူေတာ္လူခၽြန္မ်ားကို ပိုမိုေမြးထုတ္ေတာ့မည္ျဖစ္ကာ ျမန္မာႏိ္ုင္ငံစက္မႈလုပ္ငန္းဖြံ႕ၿဖိဳးတိုး တက္ေရးက႑မ်ားအတြက္ အားျဖည့္ကူညီႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံစက္မႈလုပ္ငန္းဖြံ႕ၿဖိဳးေရးက႑ာအတြက္ ေထာက္ပံ့ကူညီရင္း ၎တို႔၏ ရည္မွန္းခ်က္ မ်ားထဲမွ တစ္ခုျဖစ္သည့္ “One Belt and One Road” တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ စီမံကိန္းႀကီးကို အရည္အေသြးျမင့္ျမင့္ အေကာင္အထည္ေဖာ္ကာ အတူတကြတည္ေဆာက္လိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ သည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.