အမေရိကန်ရေတပ် SEAL Team 8 ရဲ့တပ်မှူး စစ်ရေးလေ့ကျင့်ရေး မတော်တဆမှုမှာသေဆုံး
691
ရောင်နီ (NP News) - ဒီဇင်ဘာ ၁ဝ
အမေရိကန်ရေတပ် SEAL Team 8 ရဲ့ တပ်မှူးဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဗာဂျီးနီးယားကမ်းခြေရှိ စစ်ရေးလေ့ကျင့်မှုမှာမတော်တဆမှုတစ်ခုကြောင့်ဒဏ်ရာများရရှိခဲ့ပြီး အင်္ဂါနေ့(ဒီဇင်ဘာလ ၇)ရက်က သေဆုံးသွားခဲ့ကြောင်း ရေတပ်ကပြောကြားခဲ့ပါတယ်။ တပ်မှူးအရာရှိ Bria n Bourgeois ( ၄၃ နှစ်)ဟာ ဗာဂျီးနီးယားရှိ Norfolk Sentara အထွေထွေရောဂါကုဆေးရုံကြီးမှာအင်္ဂါနေ့က သေဆုံးသွားခဲ့ကြောင်း ရေတပ်က ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာလ ၈ ရက်)မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ကနဦးဖော်ပြချက်များအရ စနေနေ့က အမြန်လေ့ကျင့်ခန်းတစ်ခုအတွင်း မတော်တ ဆမှုဖြစ်ခဲ့ကြောင်း ရေတပ်မှပြောကြားခဲ့ပါတယ်။ "ကျွန်ုပ်တို့အတွေးအ မြင်နဲ့ဆုတောင်းချက်တွေဟာ Bourgeois မိသားစုနဲ့ထပ်တူညီမျှဖြစ်ပြီး ကျွန်ုပ်တို့အသိုင်းအဝိုင်းသည်လည်း Brian ရဲ့မိသားစု၊ သူ့ရဲ့ကလေးတွေနဲ့ တစ်သက်တာလုံး ပံ့ပိုးကူညီမှုနဲ့ ဆက်နွှယ်မှုရှိနေမှာဖြစ်ပါတယ်"လို့ Rear Adm. H.W. ရေတပ် အထူးစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှူး Howard III က ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ မတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို "သင့်လျော်တဲ့အချိန်မှာ ရရှိလိမ့်မှာဖြစ်တယ်" လို့ ရေတပ်ကပြောကြားခဲ့ပါတယ်။
Brian ဟာ စစ်တပ်မှာ အနှစ်(၂ဝ)ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ခြင်းအတွက် ၂ဝ၂၁ ခုနှစ်၊ မေလက US Naval Academy မှ ကော်မရှင်ကို လက်ခံရရှိခဲ့သူဖြစ်ပြီး Bronze Star ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။ "Brian ရဲ့ တာဝန်ထမ်းဆောင်ချိန်ဟာ ခက်ခဲကြမ်းတမ်းပါတယ်၊ ထူး ချွန်တဲ့ ခေါင်းဆောင်၊ ဖခင်၊ ခင်ပွန်းနဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ၊ ဒါက သူ့ကိုသိတဲ့လူတိုင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ"လို့ တပ်ကြပ် ကြီး Donald G. Wetherbee မှပြောကြားခဲ့ပါတယ်။
zawgyi version
အေမရိကန္ေရတပ္ SEAL Team 8 ရဲ႕တပ္မႉး စစ္ေရးေလ့က်င့္ေရး မေတာ္တဆမႈမွာေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁ဝ
အေမရိကန္ေရတပ္ SEAL Team 8 ရဲ႕ တပ္မႉးဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က ဗာဂ်ီးနီးယားကမ္းေျခရွိ စစ္ေရးေလ့က်င့္မႈမွာမေတာ္တဆမႈတစ္ခုေၾကာင့္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အဂၤါေန႔(ဒီဇင္ဘာလ ၇)ရက္က ေသဆုံးသြားခဲ့ေၾကာင္း ေရတပ္ကေျပာၾကားခဲ့ပါတယ္။ တပ္မႉးအရာရွိ Bria n Bourgeois ( ၄၃ ႏွစ္)ဟာ ဗာဂ်ီးနီးယားရွိ Norfolk Sentara အေထြေထြေရာဂါကုေဆး႐ုံႀကီးမွာအဂၤါေန႔က ေသဆုံးသြားခဲ့ေၾကာင္း ေရတပ္က ဗုဒၶဟူးေန႔(ဒီဇင္ဘာလ ၈ ရက္)မွာေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေသာ္လည္း ကနဦးေဖာ္ျပခ်က္မ်ားအရ စေနေန႔က အျမန္ေလ့က်င့္ခန္းတစ္ခုအတြင္း မေတာ္တ ဆမႈျဖစ္ခဲ့ေၾကာင္း ေရတပ္မွေျပာၾကားခဲ့ပါတယ္။ "ကြၽႏ္ုပ္တို႔အေတြးအ ျမင္နဲ႔ဆုေတာင္းခ်က္ေတြဟာ Bourgeois မိသားစုနဲ႔ထပ္တူညီမွ်ျဖစ္ၿပီး ကြၽႏ္ုပ္တို႔အသိုင္းအဝိုင္းသည္လည္း Brian ရဲ႕မိသားစု၊ သူ႔ရဲ႕ကေလးေတြနဲ႔ တစ္သက္တာလုံး ပံ့ပိုးကူညီမႈနဲ႔ ဆက္ႏႊယ္မႈရွိေနမွာျဖစ္ပါတယ္"လို႔ Rear Adm. H.W. ေရတပ္ အထူးစစ္ဆင္ေရး ကြပ္ကဲမႈအဖြဲ႕မႉး Howard III က ထုတ္ျပန္ခ်က္မွာေဖာ္ျပခဲ့ပါတယ္။ မေတာ္တဆမႈနဲ႔ ပတ္သက္ၿပီး စုံစမ္းေတြ႕ရွိခ်က္ေတြကို "သင့္ေလ်ာ္တဲ့အခ်ိန္မွာ ရရွိလိမ့္မွာျဖစ္တယ္" လို႔ ေရတပ္ကေျပာၾကားခဲ့ပါတယ္။
Brian ဟာ စစ္တပ္မွာ အႏွစ္(၂ဝ)ေက်ာ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ျခင္းအတြက္ ၂ဝ၂၁ ခုႏွစ္၊ ေမလက US Naval Academy မွ ေကာ္မရွင္ကို လက္ခံရရွိခဲ့သူျဖစ္ၿပီး Bronze Star ခ်ီးျမႇင့္ခံရသူလည္း ျဖစ္ပါတယ္။ "Brian ရဲ႕ တာဝန္ထမ္းေဆာင္ခ်ိန္ဟာ ခက္ခဲၾကမ္းတမ္းပါတယ္၊ ထူး ခြၽန္တဲ့ ေခါင္းေဆာင္၊ ဖခင္၊ ခင္ပြန္းနဲ႔ မိတ္ေဆြေကာင္းတစ္ေယာက္ပါ၊ ဒါက သူ႔ကိုသိတဲ့လူတိုင္းအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈပါပဲ"လို႔ တပ္ၾကပ္ ႀကီး Donald G. Wetherbee မွေျပာၾကားခဲ့ပါတယ္။