ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရုရှားသမ္မတပြော

 1116

Pika (NP News) - နိုဝင်ဘာ ၈

ရုရှားသမ္မတပူတင်သည် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှားနိုင်ငံက အမေရိကန်ရွေးကောက်ခံသမ္မတနှင့်တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နိုဝင်ဘာလ(၇)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် ဒေါ်နယ်ထရမ့်သည် ၎င်းကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကို အကောင်ဆုံးပုံစံဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း ပူတင်က ထပ်မံချီးကျူးပြောကြားခဲ့သည်။
ပူတင်က "ကျွန်တော့်အမြင်အရဆိုရင် ဒေါ်နယ်ထရမ့်ဟာ လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုကို အကောင်းဆုံးပုံစံနဲ့ သတ္တိရှိရှိကျော်ဖြတ်နိုင်ခဲ့ပါတယ်။ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုပါတယ်" ဟု ပြောခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အပြင် ရုရှားနှင့်ဆက်ဆံရေးများကို ပြန်လည်ထူထောင်လိုကြောင်း ပြောဆိုခဲ့သည့် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်များသည် အာရုံစိုက်ခံရမှုကို ရသင့်ကြောင်း ပူတင်ကမှတ်ချက်ပြုခဲ့သည်။

ပူတင်က "ယူကရိန်း အကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့ဆက်ဆံရေးတွေ ပြန်လည်ထူထောင်လိုတဲ့ဆန္ဒနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေက အာရုံစိုက်မှုတွေကို ရသင့်ပါတယ်" ဟု ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်ကလည်း ၎င်းအနေဖြင့် သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရမည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးမည်ဟု အကြိမ်ကြိမ်ကတိပြုခဲ့ခြင်းဖြစ်သည်။

ပူတင်က "အခုဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ကျွန်တော့်မှာ သဲလွန်စလည်းမရှိပါဘူး" ဟု ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က တွေ့ဆုံဆွေးနွေးပွဲလုပ်ဆောင်ရန် တောင်းဆိုခဲ့ပါက ဘာလုပ်မလဲဆိုသည့်သတင်းထောက်များ၏ မေးခွန်းများကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။
ပူတင်က "ဒေါ်နယ်ထရမ့်အစိုးရက အဲ့ဒါမျိုးကို လိုချင်တယ်ဆိုရင် ဆက်သွယ်မှုတွေပြန်လုပ်ဖို့ ကျွန်တော်တို့ဘက်က အသင့်ရှိပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ" ဟု ပြောခဲ့သည်။

ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ႐ုရွားသမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၈

႐ုရွားသမၼတပူတင္သည္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ေသာ ေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး ႐ုရွားႏိုင္ငံက အေမရိကန္ေ႐ြးေကာက္ခံသမၼတႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ႏိုဝင္ဘာလ(၇)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

ၿပီးခဲ့သည့္ဇူလိုင္လတြင္ ေဒၚနယ္ထရမ့္သည္ ၎ကိုလုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈကို အေကာင္ဆုံးပုံစံျဖင့္ ေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္း ပူတင္က ထပ္မံခ်ီးက်ဴးေျပာၾကားခဲ့သည္။
ပူတင္က "ကြၽန္ေတာ့္အျမင္အရဆိုရင္ ေဒၚနယ္ထရမ့္ဟာ လုပ္ႀကံသတ္ျဖတ္ဖို႔ႀကိဳးပမ္းမႈကို အေကာင္းဆုံးပုံစံနဲ႔ သတၱိရွိရွိေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ၿပီးေတာ့ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့အတြက္ ေဒၚနယ္ထရမ့္ကို ခ်ီးက်ဴးဂုဏ္ျပဳပါတယ္" ဟု ေျပာခဲ့သည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲကာလအတြင္း ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္အျပင္ ႐ုရွားႏွင့္ဆက္ဆံေရးမ်ားကို ျပန္လည္ထူေထာင္လိုေၾကာင္း ေျပာဆိုခဲ့သည့္ ေဒၚနယ္ထရမ့္၏ေျပာဆိုခ်က္မ်ားသည္ အာ႐ုံစိုက္ခံရမႈကို ရသင့္ေၾကာင္း ပူတင္ကမွတ္ခ်က္ျပဳခဲ့သည္။

ပူတင္က "ယူကရိန္း အက်ပ္အတည္းကို အဆုံးသတ္ဖို႔အတြက္ ႐ုရွားနဲ႔ဆက္ဆံေရးေတြ ျပန္လည္ထူေထာင္လိုတဲ့ဆႏၵနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြက အာ႐ုံစိုက္မႈေတြကို ရသင့္ပါတယ္" ဟု ေျပာခဲ့သည္။

ေဒၚနယ္ထရမ့္ကလည္း ၎အေနျဖင့္ သမၼတအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရမည္ဆိုပါက ႐ုရွား-ယူကရိန္းစစ္ပြဲကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္ေပးမည္ဟု အႀကိမ္ႀကိမ္ကတိျပဳခဲ့ျခင္းျဖစ္သည္။

ပူတင္က "အခုဘာေတြဆက္ျဖစ္မလဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။ကြၽန္ေတာ့္မွာ သဲလြန္စလည္းမရွိပါဘူး" ဟု ေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က ေတြ႕ဆုံေဆြးေႏြးပြဲလုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ပါက ဘာလုပ္မလဲဆိုသည့္သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို ပူတင္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းလည္း သိရသည္။
ပူတင္က "ေဒၚနယ္ထရမ့္အစိုးရက အဲ့ဒါမ်ိဳးကို လိုခ်င္တယ္ဆိုရင္ ဆက္သြယ္မႈေတြျပန္လုပ္ဖို႔ ကြၽန္ေတာ္တို႔ဘက္က အသင့္ရွိပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ကြၽန္ေတာ္အဆင္သင့္ျဖစ္ေနပါၿပီ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.