ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်ခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားဝန်ခံ

2056

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၁
အမေရိကန်မြေပေါ်မှာ ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့သံသယရှိခံရတဲ့ မြန်မာနိုင်ငံသားရဲဟိန်းဇော်ဟာ အဆိုပါစွဲချက်တွေနဲ့ပတ်သက်ပြီး သော ကြာနေ့(ဒီဇင်ဘာလ ၁ဝ ရက်)မှာအပြစ်ရှိကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့ အမေရိကန်တရားရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားဟာ ဉီးကျော်မိုးထွန်းကိုလုပ်ကြံဖို့အခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်တာမျိုးတွေရှိနေခဲ့ကြောင်း အမေရိကန်တရားရေးဌာနကဆိုပါတယ်။ မြန်မာနိုင်ငံမှာဖေဖော်ဝါရီလက အာဏာ သိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂဟာ စစ်ကောင်စီကခန်အပ်တဲ့ကိုယ် စားလှယ်ကို အသိမှတ်ပြုဖို့ငြင်းဆန်ခဲ့ပြီး နယူးယောက်မြို့မှာနေထိုင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအ မတ်ကြီးအဖြစ်ဆက်လက်ခွင့်ပြုပေးခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနက" နယူးယောက်မြို့မှာနေထိုင်တဲ့ မြန်မာ နိုင်ငံသား ရဲဟိန်းဇော်ဟာကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် ဒဏ်ရာရအောင်လုပ်ဖို့ အခြားသူတွေနဲ့ပူး ပေါင်းပြီး ဇူလိုင်လနဲ့ သြဂုတ်လ(၅)ရက်အတွင်းအနည်းဆုံး တစ်ကြိမ်လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်"လို့ဆိုပါတယ်။ ၎င်းတို့ဟာ ဦးကျော်မိုးထွန်းကို ရာထူးကနုတ်ထွက်အောင်ဖိအားပေးဖို့ ကနဦးလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာသတ်ဖြတ်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ကြောင်း အမေရိကန်တရားရေးဌာနကဆိုပါတယ်။
ရဲဟိန်းဇော်ဟာ အဆိုပါလုပ်ကြံမယ့်အစီအစဉ်ကို လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတဲ့ ထိုင်းအခြေစိုက်လက်နက်ကုန်သည်နဲ့ ပူး ပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရသူဖြစ်ပါတယ်။ အမေရိကန်တရားရေးဌာနက "သံအမတ်ကြီးကိုလုပ်ကြံဖို့ သဘောတူညီခဲ့ပြီးနောက်မကြာမီမှာရဲဟိန်းဇော်ဟာ ပူးပေါင်းကြံစည်မယ့်သူတွေကို ဖုန်းခေါ်ဆိုခဲ့ပြီး ငွေ ကြေးလွှဲပြောင်းပေးတာတွေလုပ်ခဲ့တယ်။ အဆိုပါအစီအစဉ်အတွက် ပူး ပေါင်းကြံစည်မယ့်သူတွေကို အမေရိကန်ဒေါ်လာ(၄ဝဝဝ)ခန့်လွှဲပြောင်း ပေးခဲ့တယ်"လို့ပြောပါတယ်။
အမေရိကန်တရားရေးဌာနရဲ့အဆိုအရ သံအမတ်ကြီးကို လုပ်ကြံဖို့ရဲဟိန်းဇော်ဟာ အခြားပူးပေါင်းကြံစည်မယ့်သူတွေနဲ့ပေးချေရမယ့် ငွေ ကြေးကိစ္စတွေဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ သံအ မတ်ကြီးကို လုပ်ကြံဖို့ကြိုးပမ်းသူအဖြစ် စွပ်စွဲခံရတဲ့ရဲဟိန်းဇော်နဲ့အတူအခြားပူးပေါင်းကြံစည်သူအနည်းဆုံးတစ်ဦးကို ဖမ်းဆီးထားပါတယ်။ ရဲဟိန်းဇော်တို့ အမှုကို လာမယ့်နှစ်မေလမှာ စစ်ဆေးအပြစ်ပေးဖွယ်ရှိနေပြီး အနည်းဆုံး ထောင်ဒဏ်ငါးနှစ်ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။စစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းကို ရာထူးကဖယ်ရှားထားပြီးနိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
zawgyi version
ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ႀကံစည္ခဲ့တယ္လို႔ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားဝန္ခံ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၁
အေမရိကန္ေျမေပၚမွာ ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔သံသယရွိခံရတဲ့ ျမန္မာႏိုင္ငံသားရဲဟိန္းေဇာ္ဟာ အဆိုပါစြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ေသာၾကာေန႔(ဒီဇင္ဘာလ ၁ဝ ရက္)မွာအျပစ္ရွိေၾကာင္းဝန္ခံထြက္ဆိုခဲ့တယ္လို႔ အေမရိကန္တရားေရးဌာနရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ အဆိုပါ ျမန္မာႏိုင္ငံသားဟာ ဉီးေက်ာ္မိုးထြန္းကိုလုပ္ႀကံဖို႔အျခားသူေတြနဲ႔ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးေတြရွိေနခဲ့ေၾကာင္း အေမရိကန္တရားေရးဌာနကဆိုပါတယ္။ ျမန္မာႏိုင္ငံမွာေဖေဖာ္ဝါရီလက အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ကုလသမဂၢဟာ စစ္ေကာင္စီကခန္အပ္တဲ့ကိုယ္စားလွယ္ကို အသိမွတ္ျပဳဖို႔ျငင္းဆန္ခဲ့ၿပီး နယူးေယာက္ၿမိဳ႕မွာေနထိုင္ေနတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ႀကီးအျဖစ္ဆက္လက္ခြင့္ျပဳေပးခဲ့ပါတယ္။
အေမရိကန္တရားေရးဌာနက" နယူးေယာက္ၿမိဳ႕မွာေနထိုင္တဲ့ ျမန္မာ ႏိုင္ငံသား ရဲဟိန္းေဇာ္ဟာကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးကို သတ္ျဖတ္ဖို႔ ဒါမွမဟုတ္ ဒဏ္ရာရေအာင္လုပ္ဖို႔ အျခားသူေတြနဲ႔ပူး ေပါင္းၿပီး ဇူလိုင္လနဲ႔ ၾသဂုတ္လ(၅)ရက္အတြင္းအနည္းဆုံး တစ္ႀကိမ္လုပ္ႀကံဖို႔ ႀကိဳးပမ္းခဲ့တယ္"လို႔ဆိုပါတယ္။ ၎တို႔ဟာ ဦးေက်ာ္မိုးထြန္းကို ရာထူးကႏုတ္ထြက္ေအာင္ဖိအားေပးဖို႔ ကနဦးလုပ္ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာသတ္ျဖတ္ဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ေၾကာင္း အေမရိကန္တရားေရးဌာနကဆိုပါတယ္။
ရဲဟိန္းေဇာ္ဟာ အဆိုပါလုပ္ႀကံမယ့္အစီအစဥ္ကို လုပ္ေဆာင္ႏိုင္ဖို႔ စစ္ေကာင္စီနဲ႔ဆက္ႏြယ္မႈရွိတဲ့ ထိုင္းအေျခစိုက္လက္နက္ကုန္သည္နဲ႔ ပူး ေပါင္းႀကံစည္ခဲ့ေၾကာင္း စြပ္စြဲခံထားရသူျဖစ္ပါတယ္။ အေမရိကန္တရားေရးဌာနက "သံအမတ္ႀကီးကိုလုပ္ႀကံဖို႔ သေဘာတူညီခဲ့ၿပီးေနာက္မၾကာမီမွာရဲဟိန္းေဇာ္ဟာ ပူးေပါင္းႀကံစည္မယ့္သူေတြကို ဖုန္းေခၚဆိုခဲ့ၿပီး ေငြ ေၾကးလႊဲေျပာင္းေပးတာေတြလုပ္ခဲ့တယ္။ အဆိုပါအစီအစဥ္အတြက္ ပူး ေပါင္းႀကံစည္မယ့္သူေတြကို အေမရိကန္ေဒၚလာ(၄ဝဝဝ)ခန႔္လႊဲေျပာင္း ေပးခဲ့တယ္"လို႔ေျပာပါတယ္။
အေမရိကန္တရားေရးဌာနရဲ႕အဆိုအရ သံအမတ္ႀကီးကို လုပ္ႀကံဖို႔ရဲဟိန္းေဇာ္ဟာ အျခားပူးေပါင္းႀကံစည္မယ့္သူေတြနဲ႔ေပးေခ်ရမယ့္ ေငြ ေၾကးကိစၥေတြေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္မွာ သံအ မတ္ႀကီးကို လုပ္ႀကံဖို႔ႀကိဳးပမ္းသူအျဖစ္ စြပ္စြဲခံရတဲ့ရဲဟိန္းေဇာ္နဲ႔အတူအျခားပူးေပါင္းႀကံစည္သူအနည္းဆုံးတစ္ဦးကို ဖမ္းဆီးထားပါတယ္။ ရဲဟိန္းေဇာ္တို႔ အမႈကို လာမယ့္ႏွစ္ေမလမွာ စစ္ေဆးအျပစ္ေပးဖြယ္ရွိေနၿပီး အနည္းဆုံး ေထာင္ဒဏ္ငါးႏွစ္က်ခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။စစစ္ေကာင္စီဘက္ကေတာ့ ဦးေက်ာ္မိုးထြန္းကို ရာထူးကဖယ္ရွားထားၿပီးႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္မႈနဲ႔ အလိုရွိေနေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။