(၇) နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရသည့် တောင်ဥက္ကလာပမြို့မရဲစခန်းပစ်ခတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများအား လက်နက်များနှင့်အတူ ဖမ်းမိ

2535

NP News - ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့မရဲစခန်းအား ဒီဇင်ဘာလ (၉) ရက်က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အသက် (၇) နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ရပြီး ကျူးလွန်သူများအား လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ဒီဇင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ အဆိုပါဖြစ်စဉ်တွင် ပါဝင်ကျူးလွန်းသူ အမျိုးသား(၅) ဦး၊ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း(၆) ဦးတို့ကို MK-12 သေနတ် (၂) လက်၊ ၎င်းကျည် (၁၁ဝ) တောင့်၊ SIG SAUER ပစ္စတို (၁) လက်၊ 9MM LUGER ကျည် (၂၅၅) တောင့်၊ ၄ဝ မမ ဗုံးသီး (၅) လုံး၊ ကျည်အိမ်မျိုးစုံ (၆) ခု၊ ဒူးကာ (၃) စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက် အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ (၂ဝ) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆားကစ်(စ်)ပြား (၅ဝ) ခု၊ 3D GUN Printer (၁) လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ (၁ဝ) ခွေ၊ Laptop (၁) လုံး၊ မှန်ပြောင်း (၁) လက်၊ မော်တာ (၁) လုံး၊ ငွေသိန်း (၁ဝဝ) ကျပ်၊ ဓာတ်ငွေ့ကာ (၁) ခု၊ မော်တော်ယာဉ် (၁) စီး အစရှိသည့်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်သူများသည် ဒီဇင်ဘာလ(၉) ရက် ညပိုင်းက တောင်ဥက္ကလာပမြို့မရဲစခန်း ချောင်းမြောင်ပစ်ခတ် တိုက်ခိုက်ရန် ကျော်မိုးလွင်၊ ရဲမာန်အောင် (ခ)Zulex(ဖမ်းဆီးရန်ကျန်)နှင့် ဆက်မင်းခန့်(ခ) လရောင်တို့က ရဲစခန်းအခြေအနေကို စောင့်ကြည့်ပေးကာ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး က Light Truck ယာဉ်ကို မောင်းနှင် ပြီး ဝေယံထက် (ခ)နိုင်ကြီး မှ ကျည်ဖြည့်ပေးသူအဖြစ် ပါဝင်ခဲ့ကာ မိုးကျော်သူ(ခ)Rock Gyi က ယာဉ်ပေါ်မှနေ၍ ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် (၂) ချက်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ် လိုက်သည့် ဗုံးသီးတစ်လုံးမှာ ရဲစခန်းနှင့် ပေ (၄ဝ) ခန့်အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုသို့ပေါက်ကွဲမှုကြောင့် အဆိုပါလိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေ ကြသည့် အသက် (၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက်(၂)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အမျိုးသမီး(၂) ဦး၊ စုစုပေါင်း(၅) ဦးတို့သည် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ရသည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး ပို့ဆောင်စဉ် အသက်(၇) နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသည် ဗုံးထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ပြည်သူအချို့၏သတင်းပေးချက်အရ ပစ်ခတ် တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ယာဉ်နံပါတ်အား သိရှိရသဖြင့် ဆက်လက်စုံစမ်းရာ မောင်းနှင်အသုံးပြုခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ် (၂၈)နေ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး (၂၁)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊ အမှတ် (၃၇၁)နေ ဝေယံထက် (ခ)နိုင်ကြီး (၂ဝ)နှစ်တို့ နှစ်ဦးအား ဒီဇင်ဘာလ (၁၆) ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၅)ရပ်ကွက်၊ မဟာလမ်းပေါ်၌ ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ထွက်ဆိုချက်များအရ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ပြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄ဝ)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ် (၉၉) နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး (ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဝင်းဇော်မိုး သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်း ၏ မိဘများဖြစ်သည့် သူရ(ခ)ကျော်မင်းမင်းကို (၄၇)နှစ်နှင့် မိုးမိုးခိုင်(ခ)မြဝင်းကြည် (၅၁) နှစ်တို့ နှစ်ဦးအား MK-12 သေနတ် (၂) လက်၊ ၎င်းကျည် (၁၁ဝ) တောင့်၊ SIG SAUER ပစ္စတို (၁) လက်၊ 9MM LUGER ကျည် (၂၅၅) တောင့်၊ ၄ဝ မမဗုံးသီး (၅) လုံး၊ ကျည်အိမ်မျိုးစုံ (၆) ခု၊ ဒူးကာ (၃) စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြု သည့် Keypad ဖုန်းမျိုးစုံ (၂ဝ) လုံး၊ ဓာတ်ခဲမျိုးစုံ (၃ဝ)လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား (၅ဝ) ခု၊ 3D GUN Printer (၁) လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ (၁ဝ) ခွေ၊ Laptop (၁) လုံး၊ မှန်ပြောင်း (၁) လက်၊ မော်တာ (၁) လုံး၊ ငွေသိန်း (၁ဝဝ) ကျပ်၊ ဓာတ်ငွေ့ကာ (၁) ခု တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ကျူးလွန်သူတရားခံများ၏ ဝန်ခံထွက်ဆိုချက်များကို အသေးစိတ်ရေးသားဖော်ပြထားသည် ကို တွေ့ရသည်။
တရားခံ ဝေယံထက်(ခ)နိုင်ကြီးသည် ဧပြီလအတွင်း မြဝတီမြို့နယ်၊ လေးကေ့ကော် ကျေးရွာရှိ KNLA တပ်မဟာ (၆)တွင် ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့သည်။
ရန်ကုန်မြို့တွင်ဖောက်ခွဲရေးလုပ်ငန်းများပြုလုပ်ရန် ၎င်းတို့အနေဖြင့် ဇွန်လတွင် ဖမ်းဆီးရမိသူ(၄) ဦး အပါအဝင် အဖွဲ့ဝင်(၁၃) ဦး ဖြင့် D.S.R အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ခေါင်းဆောင်အဖြစ် ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ) Brain Wave (ဖမ်းဆီးရန်ကျန်) မှ ဦးဆောင်ခဲ့ပြီး ၎င်းတို့ကို အားပေးထောက်ခံသည့်အဖွဲ့အစည်းများထံမှ အလှူ ငွေများရယူကာ လက်နက်များနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများအား ဝယ်ယူခဲ့ကြောင်းသိရသည်။ ၎င်းတို့သည် အချင်းချင်းဆက်သွယ်ရန် Telegram ၌ Group ဖွဲ့၍ ဖောက်ခွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ရန် Zoom Meeting ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။
၎င်းတို့(D.S.R) အဖွဲ့သည် ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးမှုအနေဖြင့်(၃) ကြိမ်၊ တောင်ဥက္ကလာပ မြို့မရဲ စခန်း မိသားစုနေအိမ်လိုင်းခန်းအား (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ကျူးလွန်ခဲ့သည့်ဖြစ်စဉ်များမှာ အောက်တိုဘာလ (၁)ရက်တွင် မိုးကျော်သူ(ခ)Rock Gyi၊ မျိုးမြင့်မြတ်အောင်(ခ) မျိုးကြီး၊ ကျော်မိုးလွင် (ခ) ကျော်ကြီးနှင့် တရားခံ ဆက်မင်းခန့်(ခ)လရောင်(ဖမ်းဆီးရန်ကျန်) တို့ (၄) ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့ နယ်၊ ကြိုးတံတားအနီးတွင်လည်းကောင်း၊ အောက်တိုဘာလ (၂၇) ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်၊ သီတဂူဘုန်းတော်ကြီးကျောင်းအနီးတွင်လည်းကောင်း၊ အောက်တိုဘာလ (၂၈) ရက်တွင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံအနီးတွင် လည်းကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ကြောင်းသိရ သည်။ ဖောက်ခွဲမှုများပြုလုပ်နိုင်ဖို့အတွက် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave(ဖမ်းဆီးရန်ကျန်) က လက်လုပ်ဗုံးများအား ကိုယ်တိုင်ပြုလုပ်ကာ ဖောက်ခွဲမည့်သူများထံသို့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လူသတ်မှု၊ ပစ်ခတ်ဖောက်ခွဲဖျက်ဆီးမှုများအပါအဝင် နိုင်ငံတော်ပိုင်ပစ္စည်းများအား ဖျက်ဆီးမှုများ ကြောင့် ဖမ်းဆီးရမိထားသူကို အကြမ်းဖက်ဥပဒေအတိုင်းထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး ဖမ်းဆီးရန်ကျန် ရှိနေသည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Zawgyi version;
(၇) ႏွစ္အ႐ြယ္ကေလးငယ္ ေသဆုံးခဲ့ရသည့္ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းပစ္ခတ္မႈျဖစ္စဥ္မွ က်ဴးလြန္သူမ်ား အား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိ
NP News - ဒီဇင္ဘာ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းအား ဒီဇင္ဘာလ (၉) ရက္က ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္ တိုက္ခိုက္ခံရမႈျဖစ္စဥ္တြင္ အသက္ (၇) ႏွစ္အ႐ြယ္ကေလးငယ္ ေသဆုံးခဲ့ရၿပီး က်ဴးလြန္သူမ်ားအား လက္နက္ ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း စစ္ေကာင္စီဘက္က ဒီဇင္ဘာ (၂၂) ရက္၊ ညပိုင္းတြင္ သတင္း ထုတ္ျပန္သည္။
ထုတ္ျပန္ခ်က္အရ အဆိုပါျဖစ္စဥ္တြင္ ပါဝင္က်ဴးလြန္းသူ အမ်ိဳးသား(၅) ဦး၊ အမ်ိဳးသမီး(၁) ဦး၊ စုစုေပါင္း(၆) ဦးတို႔ကို MK-12 ေသနတ္ (၂) လက္၊ ၎က်ည္ (၁၁ဝ) ေတာင့္၊ SIG SAUER ပစၥတို (၁) လက္၊ 9MM LUGER က်ည္ (၂၅၅) ေတာင့္၊ ၄ဝ မမ ဗုံးသီး (၅) လုံး၊ က်ည္အိမ္မ်ိဳးစုံ (၆) ခု၊ ဒူးကာ (၃) စုံ၊ ေဖာက္ခြဲေရးတြင္ တြဲဖက္ အသုံးျပဳသည့္ Keypad ဖုန္းမ်ိဳးစုံ (၂ဝ) လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဆားကစ္(စ္)ျပား (၅ဝ) ခု၊ 3D GUN Printer (၁) လုံးႏွင့္ 3D GUN Printer ေဆးႀကိဳးေခြ (၁ဝ) ေခြ၊ Laptop (၁) လုံး၊ မွန္ေျပာင္း (၁) လက္၊ ေမာ္တာ (၁) လုံး၊ ေငြသိန္း (၁ဝဝ) က်ပ္၊ ဓာတ္ေငြ႕ကာ (၁) ခု၊ ေမာ္ေတာ္ယာဥ္ (၁) စီး အစရွိသည့္လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူမ်ားသည္ ဒီဇင္ဘာလ(၉) ရက္ ညပိုင္းက ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္း ေခ်ာင္းေျမာင္ပစ္ခတ္ တိုက္ခိုက္ရန္ ေက်ာ္မိုးလြင္၊ ရဲမာန္ေအာင္ (ခ)Zulex(ဖမ္းဆီးရန္က်န္)ႏွင့္ ဆက္မင္းခန႔္(ခ) လေရာင္တို႔က ရဲစခန္းအေျခအေနကို ေစာင့္ၾကည့္ေပးကာ မ်ိဳးျမင့္ျမတ္ေအာင္(ခ)မ်ိဳးႀကီး က Light Truck ယာဥ္ကို ေမာင္းႏွင္ ၿပီး ေဝယံထက္ (ခ)ႏိုင္ႀကီး မွ က်ည္ျဖည့္ေပးသူအျဖစ္ ပါဝင္ခဲ့ကာ မိုးေက်ာ္သူ(ခ)Rock Gyi က ယာဥ္ေပၚမွေန၍ ၄ဝ မမ ဗုံးပစ္ေလာင္ခ်ာျဖင့္ (၂) ခ်က္ပစ္ခတ္ၿပီး ေမာင္းႏွင္ထြက္ေျပးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ ပစ္ခတ္ လိုက္သည့္ ဗုံးသီးတစ္လုံးမွာ ရဲစခန္းႏွင့္ ေပ (၄ဝ) ခန႔္အကြာ သစၥာလမ္းဘက္ရွိ မိသားစုေနအိမ္လိုင္းခန္းအနီးရွိ ကားေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့သည္။ ထိုသို႔ေပါက္ကြဲမႈေၾကာင့္ အဆိုပါလိုင္းခန္းေဘးေဈးဆိုင္တြင္ မုန႔္စားေန ၾကသည့္ အသက္ (၇) ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦး၊ အသက္(၂)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးႏွင့္ အသက္ တစ္ႏွစ္ခြဲအ႐ြယ္ မိန္းကေလးတစ္ဦး၊ အမ်ိဳးသမီးရဲတပ္ဖြဲ႕ဝင္တစ္ဦး အပါအဝင္ အမ်ိဳးသမီး(၂) ဦး၊ စုစုေပါင္း(၅) ဦးတို႔သည္ ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ရသည္။ ဒဏ္ရာရရွိသူမ်ားအား ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၾကၿပီး ပို႔ေဆာင္စဥ္ အသက္(၇) ႏွစ္အ႐ြယ္ ေယာက်ာ္းေလးတစ္ဦးသည္ ဗုံးထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ရျခင္းျဖစ္သည္။
ထို႔ေနာက္ က်ဴးလြန္သူတရားခံမ်ားအား ဖမ္းဆီးရမိေရး စုံစမ္းခဲ့ရာ ျပည္သူအခ်ိဳ႕၏သတင္းေပးခ်က္အရ ပစ္ခတ္ တိုက္ခိုက္ရာတြင္အသုံးျပဳခဲ့သည့္ Light Truck ယာဥ္၏ယာဥ္နံပါတ္အား သိရွိရသျဖင့္ ဆက္လက္စုံစမ္းရာ ေမာင္းႏွင္အသုံးျပဳခဲ့သူမ်ားျဖစ္သည့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၅) ရပ္ကြက္၊ ေၾကးတိုင္လမ္း၊ အမွတ္ (၂၈)ေန မ်ိဳးျမင့္ျမတ္ေအာင္(ခ)မ်ိဳးႀကီး (၂၁)ႏွစ္ႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ စံျပရပ္ကြက္၊ စံျပ(၁)လမ္း၊ အမွတ္ (၃၇၁)ေန ေဝယံထက္ (ခ)ႏိုင္ႀကီး (၂ဝ)ႏွစ္တို႔ ႏွစ္ဦးအား ဒီဇင္ဘာလ (၁၆) ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္(၄၅)ရပ္ကြက္၊ မဟာလမ္းေပၚ၌ ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
၎တို႔၏ထြက္ဆိုခ်က္မ်ားအရ ရဲစခန္းအားပစ္ခတ္တိုက္ခိုက္ရာတြင္ ၎တို႔ကိုယ္တိုင္ ပါဝင္က်ဴးလြန္ခဲ့ၿပီး ဒဂုံၿမိဳ႕ သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄ဝ)ရပ္ကြက္၊ ဗိုလ္ေတဇလမ္း၊ အမွတ္ (၉၉) ေန ဖမ္းဆီးရန္က်န္ တရားခံ ဝင္းေဇာ္မိုး (ခ)မိုးဟိန္း(ခ)Brain Wave ၏ ေနအိမ္၌ တိုက္ခိုက္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ လက္နက္/ခဲယမ္းမ်ား သိမ္းဆည္းထားေၾကာင္းသိရွိရသျဖင့္ သြားေရာက္ရွာေဖြခဲ့ရာ ဝင္းေဇာ္မိုး သည္ ထြက္ေျပး တိမ္းေရွာင္လ်က္ရွိၿပီး ၎ ၏ မိဘမ်ားျဖစ္သည့္ သူရ(ခ)ေက်ာ္မင္းမင္းကို (၄၇)ႏွစ္ႏွင့္ မိုးမိုးခိုင္(ခ)ျမဝင္းၾကည္ (၅၁) ႏွစ္တို႔ ႏွစ္ဦးအား MK-12 ေသနတ္ (၂) လက္၊ ၎က်ည္ (၁၁ဝ) ေတာင့္၊ SIG SAUER ပစၥတို (၁) လက္၊ 9MM LUGER က်ည္ (၂၅၅) ေတာင့္၊ ၄ဝ မမဗုံးသီး (၅) လုံး၊ က်ည္အိမ္မ်ိဳးစုံ (၆) ခု၊ ဒူးကာ (၃) စုံ၊ ေဖာက္ခြဲေရးတြင္ တြဲဖက္အသုံးျပဳ သည့္ Keypad ဖုန္းမ်ိဳးစုံ (၂ဝ) လုံး၊ ဓာတ္ခဲမ်ိဳးစုံ (၃ဝ)လုံး၊ လက္လုပ္ဗုံးဆင္သည့္ ဆားကစ္(စ္)ျပား (၅ဝ) ခု၊ 3D GUN Printer (၁) လုံးႏွင့္ 3D GUN Printer ေဆးႀကိဳးေခြ (၁ဝ) ေခြ၊ Laptop (၁) လုံး၊ မွန္ေျပာင္း (၁) လက္၊ ေမာ္တာ (၁) လုံး၊ ေငြသိန္း (၁ဝဝ) က်ပ္၊ ဓာတ္ေငြ႕ကာ (၁) ခု တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ က်ဴးလြန္သူတရားခံမ်ား၏ ဝန္ခံထြက္ဆိုခ်က္မ်ားကို အေသးစိတ္ေရးသားေဖာ္ျပထားသည္ ကို ေတြ႕ရသည္။
တရားခံ ေဝယံထက္(ခ)ႏိုင္ႀကီးသည္ ဧၿပီလအတြင္း ျမဝတီၿမိဳ႕နယ္၊ ေလးေက့ေကာ္ ေက်း႐ြာရွိ KNLA တပ္မဟာ (၆)တြင္ ဖြင့္လွစ္သည့္ ေဖာက္ခြဲေရးသင္တန္းအား တက္ေရာက္ခဲ့ေၾကာင္း စစ္ေဆးသိရွိခဲ့သည္။
ရန္ကုန္ၿမိဳ႕တြင္ေဖာက္ခြဲေရးလုပ္ငန္းမ်ားျပဳလုပ္ရန္ ၎တို႔အေနျဖင့္ ဇြန္လတြင္ ဖမ္းဆီးရမိသူ(၄) ဦး အပါအဝင္ အဖြဲ႕ဝင္(၁၃) ဦး ျဖင့္ D.S.R အဖြဲ႕အား ဖြဲ႕စည္းခဲ့ေၾကာင္း၊ အဖြဲ႕ေခါင္းေဆာင္အျဖစ္ ဝင္းေဇာ္မိုး(ခ)မိုးဟိန္း(ခ) Brain Wave (ဖမ္းဆီးရန္က်န္) မွ ဦးေဆာင္ခဲ့ၿပီး ၎တို႔ကို အားေပးေထာက္ခံသည့္အဖြဲ႕အစည္းမ်ားထံမွ အလႉ ေငြမ်ားရယူကာ လက္နက္မ်ားႏွင့္ ေဖာက္ခြဲေရးသုံးပစၥည္းမ်ားအား ဝယ္ယူခဲ့ေၾကာင္းသိရသည္။ ၎တို႔သည္ အခ်င္းခ်င္းဆက္သြယ္ရန္ Telegram ၌ Group ဖြဲ႕၍ ေဖာက္ခြဲျခင္းႏွင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ Zoom Meeting ျဖင့္ Online မွ တစ္ဆင့္ ေဆြးေႏြးတိုင္ပင္ခဲ့ေၾကာင္း သိရသည္။
၎တို႔(D.S.R) အဖြဲ႕သည္ ရန္ကုန္ၿမိဳ႕အတြင္း ေဖာက္ခြဲဖ်က္ဆီးမႈအေနျဖင့္(၃) ႀကိမ္၊ ေတာင္ဥကၠလာပ ၿမိဳ႕မရဲ စခန္း မိသားစုေနအိမ္လိုင္းခန္းအား (၁) ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ၎တို႔က်ဴးလြန္ခဲ့သည့္ျဖစ္စဥ္မ်ားမွာ ေအာက္တိုဘာလ (၁)ရက္တြင္ မိုးေက်ာ္သူ(ခ)Rock Gyi၊ မ်ိဳးျမင့္ျမတ္ေအာင္(ခ) မ်ိဳးႀကီး၊ ေက်ာ္မိုးလြင္ (ခ) ေက်ာ္ႀကီးႏွင့္ တရားခံ ဆက္မင္းခန႔္(ခ)လေရာင္(ဖမ္းဆီးရန္က်န္) တို႔ (၄) ဦးသည္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕ နယ္၊ ႀကိဳးတံတားအနီးတြင္လည္းေကာင္း၊ ေအာက္တိုဘာလ (၂၇) ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၃) ရပ္ကြက္၊ သီတဂူဘုန္းေတာ္ႀကီးေက်ာင္းအနီးတြင္လည္းေကာင္း၊ ေအာက္တိုဘာလ (၂၈) ရက္တြင္ ဒဂုံၿမိဳ႕ သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ မဝတလမ္းဆုံအနီးတြင္ လည္းေကာင္း လက္လုပ္ဗုံးမ်ားျဖင့္ ေဖာက္ခြဲခဲ့ေၾကာင္းသိရ သည္။ ေဖာက္ခြဲမႈမ်ားျပဳလုပ္ႏိုင္ဖို႔အတြက္ အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ တရားခံ ဝင္းေဇာ္မိုး(ခ)မိုးဟိန္း(ခ)Brain Wave(ဖမ္းဆီးရန္က်န္) က လက္လုပ္ဗုံးမ်ားအား ကိုယ္တိုင္ျပဳလုပ္ကာ ေဖာက္ခြဲမည့္သူမ်ားထံသို႔ ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လူသတ္မႈ၊ ပစ္ခတ္ေဖာက္ခြဲဖ်က္ဆီးမႈမ်ားအပါအဝင္ ႏိုင္ငံေတာ္ပိုင္ပစၥည္းမ်ားအား ဖ်က္ဆီးမႈမ်ား ေၾကာင့္ ဖမ္းဆီးရမိထားသူကို အၾကမ္းဖက္ဥပေဒအတိုင္းထိေရာက္စြာအေရးယူသြားမည္ျဖစ္ၿပီး ဖမ္းဆီးရန္က်န္ ရွိေနသည့္ တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။