ဂျာမနီမှာ နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများ ပိတ်သိမ်း

 654

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
ဂျာမနီနိုင်ငံဟာ နျူကလီးယားစွမ်းအင်မှတဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံအတွင်းရှိ နျူကလီးယားဓါတ်ပေါင်းဖို (၆) ခုမှာ (၃) ခုကို ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျာမနီအစိုးရဟာ နျူကလီးယားစွမ်းအင်အသုံးပြုမှုပိတ်သိမ်းရေးကို အလျင်မြန်လုပ်ကိုင်နိုင်ဖို့ ဆုံးဖြတ်ထား တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယားဓါတ်ပေါင်းဖို့ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီအစိုးရဟာ နျူကလီးယားဓါတ်ပေါင်းဖိုကို ပိတ်ပင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီအစိုးရဟာ Brokdorf ၊ Grohnde နဲ့ Gundremmingen C ဓါတ်ပေါင်းဖိုတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ အဆိုပါ ဓါတ်ပေါင်းဖိုတွေ လည်ပတ်မှုသက်တမ်းဟာ နှစ်ပေါင်း(၃၅) နှစ်ကျော်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျာမနီအစိုးရဟာ Isar 2 ၊ Emsland ၊ Neckarwestheim II ဓါတ်ပေါင်းဖို(၃) ခုကိုလည်း ၂ဝ၂၂ ခုနှစ် အကုန်မှာ ထပ်မံပိတ်သိမ်းဖို့ စီစဉ်နေပါတယ်။ ဂျာမနီနိုင်ငံရှိ နျူကလီးယားဓါတ်ပေါင်းဖို (၆) ခုဟာ ၂ဝ၂၁ ခုနှစ် အတွင်း ဂျာမနီနိုင်ငံရဲ့ဓါတ်အား စုစုပေါင်း(၁၂) ရာခိုင်နှုန်း ပံပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံဟာ ၂ဝ၃ဝ ခုနှစ်မှာ လေနဲ့ ဆိုလာသုံး စွမ်းအင်ကနေ လျှပ်စစ်ဓါတ်အား (၈ဝ) ရာခိုင်နှုန်းအထိ ရယူနိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။ ဂျာမနီနိုင်ငံမှာ လက်ရှိအချိန်ထိ ဓါတ်အားကို နျူကလီးယားစွမ်းအင်အပြင် ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်၊ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကနေ ရယူနေရတယ်လို့ သိရပါတယ်။

Zawgyi Version;



Related news

© 2021. All rights reserved.