ကယားပြည်နယ်အတွင်း KNPP၊ PDF အဖွဲ့များနှင့်တိုက်ပွဲများတွင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ဟုဆို

 1057

NP News - ဇန်နဝါရီ ၂၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်တွင် ဇန်နဝါရီလ ၂၁ ရက်၌ KNPP၊ PDF အဖွဲ့များနှင့်စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှလက်နက်ကြီးနှင့်လေကြောင်းပစ်ကူများ အသုံးပြု၍ တိုက်ခိုက်ခဲ့ရကြောင်း စစ်ကောင်စီသ တင်းမှန်ပြန်ကြးရေး၏ ဇန်နဝါရီလ ၂၁ ရက်ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

KNPP အဖွဲ့နှင့် PDF အဖွဲ့များက တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မော်တော်ယာဉ်များအသုံးပြု၍ထပ်မံအင် အား ဖြည့်တင်းကာတိုက်ခိုက်ရန်လုပ်ဆောင်လာ သည့်အတွက် အင်အားဖြည့်တင်းခြင်းမလုပ်ဆောင်နိုင်ရန်အတွက် လက်နက်ကြီးနှင့်လေကြောင်းပစ်ကူများ အသုံးပြုရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင် ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အ ဖွဲ့များခိုအောင်းရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ ဇန်နဝါရီလ ၂၁ ရက်မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖော် ထုတ်ခဲ့ရာ အဆိုပါအဖွဲ့များက လူနေအဆောက်အဦးများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင် ရာ အဆောက်အဦးများအား အကာအကွယ်ရယူ၍ လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံများအား အန္တရာယ်အတွင်းမှဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးပြု၍ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ပြန်လည်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် KNPP အဖွဲ့နှင့် PDF အဖွဲ့များမှာ စံပြ (၆) မိုင်ကျေးရွာ၏အ နောက်မြောက်ဘက်ရှိ ဒေသအခေါ် ဂေါ်ရခါးကျေး ရွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လိုက်လံတိုက် ခိုက်ရာ ထွက်ပြေးသွားသည့်လက်နက်ကိုင်များက ကျေးရွာများအတွင်းရှိ လူနေအိမ်အဆောက်အဦးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအား အ ကာအကွယ်ရယူ၍ လုံခြုံရေးတပ်ဖွဲ့များအား ထပ်မံပစ်ခတ်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အပြင် ၎င်းကျေးရွာ၏ နောက်မြောက်ဘက်ရှိ ဟိုဖိတ်ကျေး ရွာအတွင်း ခိုအောင်းရောက်ရှိလျက်ရှိသည့် လက် နက်ကိုင်များက မော်တော်ယာဉ်များအသုံးပြု၍ ထပ် မံအင်အားဖြည့်တင်းကာ တိုက်ခိုက်ရန်လုပ်ဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းကဲ့သို့အင်အားဖြည့်တင်းမှု လုပ်ဆောင်နိုင်မှုမရှိစေရေးအတွက် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြု၍ ပိုင်းဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲတွင်ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့အားလုပ် ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ဂျီနီဗာကွန်ဗန်းရှင်းများနှင့်အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ဆက်လက်ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KNDF ၏ ဇန်နဝါရီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ (၅)မိုင်နှင့် (၆) မိုင်တို့တွင် ဇန်နဝါရီလ (၂၁) ရက်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသ ဖြင့် ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF ပူးပေါင်း မဟာမိတ်များမှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်နေ ကုန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာသဖြင့် တိုက်လေယာဉ်နှစ်စင်းဖြင့် ညနေ (၅) နာရီခွဲခန့်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ညနေ(၉) နာရီခန့်တွင် ထပ်မံလာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှအများအပြားထိခိုက်ကျဆုံးခဲ့ပြီး မိမိတို့ ဘက်မှ ရဲဘော် (၃) ဦးမစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအုပ်စုအနီးတွင်လည်း စစ်ကောင်စီ ၏ လေထီးတပ်များဆင်းသက်ခဲ့ကြောင်း၊ ထို့ပြင်လိုဘာခိုကျေးရွာအနီးတွင် တောင်ငူဘက်မှစစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များအား ကရင်နီတပ် မတော်နှင့် KNDF မှခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း KNDF မှလက်ဖြောင့်တပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြထားသည်။

zawgyi version
ကယားျပည္နယ္အတြင္း KNPP၊ PDF အဖြဲ႕မ်ားႏွင့္တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီက လက္နက္ႀကီးႏွင့္ေလေၾကာင္းပစ္ကူမ်ား အသုံးျပဳတိုက္ခိုက္ခဲ့ဟုဆို
NP News - ဇန္နဝါရီ ၂၂

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ေတာင္ဘက္တြင္ ဇန္နဝါရီလ ၂၁ ရက္၌ KNPP၊ PDF အဖြဲ႕မ်ားႏွင့္စစ္ေကာင္စီတပ္မ်ားၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီမွလက္နက္ႀကီးႏွင့္ေလေၾကာင္းပစ္ကူမ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ရေၾကာင္း စစ္ေကာင္စီသ တင္းမွန္ျပန္ၾကးေရး၏ ဇန္နဝါရီလ ၂၁ ရက္ညပိုင္း ထုတ္ျပန္ခ်က္အရ သိရသည္။

KNPP အဖြဲ႕ႏွင့္ PDF အဖြဲ႕မ်ားက တိုက္ပြဲျဖစ္ပြားေနစဥ္အတြင္း ေမာ္ေတာ္ယာဥ္မ်ားအသုံးျပဳ၍ထပ္မံအင္ အား ျဖည့္တင္းကာတိုက္ခိုက္ရန္လုပ္ေဆာင္လာ သည့္အတြက္ အင္အားျဖည့္တင္းျခင္းမလုပ္ေဆာင္ႏိုင္ရန္အတြက္ လက္နက္ႀကီးႏွင့္ေလေၾကာင္းပစ္ကူမ်ား အသုံးျပဳရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ေတာင္ဘက္ရွိ စံျပ(၆)မိုင္ ေက်း႐ြာအတြင္း KNPP အဖြဲ႕ႏွင့္ PDF အ ဖြဲ႕မ်ားခိုေအာင္းေရာက္ရွိေနေၾကာင္း ေဒသခံမ်ား၏ သတင္းေပးပို႔ခ်က္အရ ဇန္နဝါရီလ ၂၁ ရက္မြန္းလြဲပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ေဖာ္ ထုတ္ခဲ့ရာ အဆိုပါအဖြဲ႕မ်ားက လူေနအေဆာက္အဦးမ်ား၊ အစိုးရအေဆာက္အဦမ်ားႏွင့္ ဘာသာေရးဆိုင္ ရာ အေဆာက္အဦးမ်ားအား အကာအကြယ္ရယူ၍ လည္းေကာင္း၊ ရပ္ကြက္အတြင္းရွိ ေဒသခံမ်ားအား အႏၲရာယ္အတြင္းမွေဘးကင္းရာသို႔ သြားလာခြင့္ျပဳရမည့္အစား လူသားတံတိုင္းအျဖစ္ အသုံးျပဳ၍ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားအား ျပန္လည္တိုက္ခိုက္သျဖင့္ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း၊ ထို႔ေနာက္ KNPP အဖြဲ႕ႏွင့္ PDF အဖြဲ႕မ်ားမွာ စံျပ (၆) မိုင္ေက်း႐ြာ၏အ ေနာက္ေျမာက္ဘက္ရွိ ေဒသအေခၚ ေဂၚရခါးေက်း ႐ြာသို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး လိုက္လံတိုက္ ခိုက္ရာ ထြက္ေျပးသြားသည့္လက္နက္ကိုင္မ်ားက ေက်း႐ြာမ်ားအတြင္းရွိ လူေနအိမ္အေဆာက္အဦးမ်ားႏွင့္ ဘာသာေရးဆိုင္ရာအေဆာက္အဦမ်ားအား အ ကာအကြယ္ရယူ၍ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအား ထပ္မံပစ္ခတ္တိုက္ခိုက္မႈမ်ားေဆာင္႐ြက္ခဲ့သည့္အျပင္ ၎ေက်း႐ြာ၏ ေနာက္ေျမာက္ဘက္ရွိ ဟိုဖိတ္ေက်း ႐ြာအတြင္း ခိုေအာင္းေရာက္ရွိလ်က္ရွိသည့္ လက္ နက္ကိုင္မ်ားက ေမာ္ေတာ္ယာဥ္မ်ားအသုံးျပဳ၍ ထပ္ မံအင္အားျဖည့္တင္းကာ တိုက္ခိုက္ရန္လုပ္ေဆာင္လာခဲ့ေၾကာင္း၊ ထို႔ေၾကာင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယင္းကဲ့သို႔အင္အားျဖည့္တင္းမႈ လုပ္ေဆာင္ႏိုင္မႈမရွိေစေရးအတြက္ လက္နက္ႀကီးႏွင့္ ေလေၾကာင္းပစ္ကူမ်ားအသုံးျပဳ၍ ပိုင္းျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းႏွင့္ တိုက္ပြဲတြင္ေဒသခံျပည္သူမ်ားအား လူသားတံတိုင္းအျဖစ္ အသုံးခ်ခဲ့ျခင္းတို႔အားလုပ္ ေဆာင္၍ ရည္႐ြယ္ခ်က္ရွိစြာျဖင့္ တိုက္ခိုက္ျခင္းျဖစ္သည့္အတြက္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္အျပည္ျပည္ဆိုင္ရာ ဥပေဒတို႔အရ စစ္ရာဇဝတ္မႈ(War Crime) ဆက္လက္က်ဴးလြန္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ KNDF ၏ ဇန္နဝါရီ ၂၂ ရက္ေန႔ ထုတ္ျပန္ခ်က္တြင္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါပိုးစီ၊ (၅)မိုင္ႏွင့္ (၆) မိုင္တို႔တြင္ ဇန္နဝါရီလ (၂၁) ရက္က စစ္ေကာင္စီတပ္မွ စစ္ေၾကာင္းထိုးလာသ ျဖင့္ ကရင္နီတပ္မေတာ္(KA)၊ KNDF၊ PDF ပူးေပါင္း မဟာမိတ္မ်ားမွ ခုခံတိုက္ခိုက္ခဲ့ရာ တိုက္ပြဲတစ္ေန ကုန္ျပင္းထန္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္ဘက္မွ အထိနာသျဖင့္ တိုက္ေလယာဥ္ႏွစ္စင္းျဖင့္ ညေန (၅) နာရီခြဲခန႔္တြင္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး၊ ညေန(၉) နာရီခန႔္တြင္ ထပ္မံလာေရာက္ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဘက္မွအမ်ားအျပားထိခိုက္က်ဆုံးခဲ့ၿပီး မိမိတို႔ ဘက္မွ ရဲေဘာ္ (၃) ဦးမစိုးရိမ္ရသည့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔အတူ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ အေနာက္ဘက္ျခမ္း၊ ေဒါေရာက္ခူေက်း႐ြာအုပ္စုအနီးတြင္လည္း စစ္ေကာင္စီ ၏ ေလထီးတပ္မ်ားဆင္းသက္ခဲ့ေၾကာင္း၊ ထို႔ျပင္လိုဘာခိုေက်း႐ြာအနီးတြင္ ေတာင္ငူဘက္မွစစ္ေၾကာင္း ထိုးလာသည့္ စစ္ေကာင္စီတပ္မ်ားအား ကရင္နီတပ္ မေတာ္ႏွင့္ KNDF မွခုခံတိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္း တိုက္ခိုက္မႈအတြင္း KNDF မွလက္ေျဖာင့္တပ္သားတစ္ဦးက်ဆုံးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္ သြင္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.