ဖောင်းပြင်မြို့ရှိ လုံခြုံရေးစခန်းများ ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရခဲ့ပြီး တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ပျောက်ဆုံးနေ

2567

NP News - ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများ ဝင်ရောက်တိုက် ခိုက်ခံခဲ့ရကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်နဝါရီလ(၂၂) ရက်က ထုတ်ပြန်သည်။
အမည်မသိလက်နက်ကိုင်အဖွဲ့သည် ဇန်ဝါရီလ (၂၂) ရက် နံနက်အစောပိုင်း (၃) နာရီ (၃ဝ) မိန်စ်အချိန်ခန့်က အင်အား (၁ဝဝ) ဦးခန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း၌ လုံခြုံရေးလုပ်ငန်းများဆောင် ရွက်နေစဉ် ရဲတပ်ဖွဲ့ဝင်များ၏လုံခြုံရေးစခန်းနှစ်ခုအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့သို့အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့ဘက်မှ အင်အားထပ်မံတိုးမြှင့်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် စခန်းများမှဆုတ်ခွာခဲ့ရကြောင်း၊ ဆုတ်ခွာပြီးနောက် လက်နက်ကိုင်များသည် စခန်း အတွင်းရှိ ရုံးအဆောက်အဦးတစ်လုံးနှင့် လူနေအဆောက်အဦးတစ်လုံးတို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာအခင်းဖြစ်စဉ် စခန်းအတွင်းသို့ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ဇန်နဝါရီလ(၂၂) ရက်၊ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ငယ်အချို့ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ငယ်အချို့ပြန်လည်ရရှိရေးနှင့် ဒေသအတွင်း လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
ေဖာင္းျပင္ၿမိဳ႕ရွိ လုံၿခဳံေရးစခန္းမ်ား ဝင္ေရာက္တိုက္ခိုက္ခံရမႈတြင္ တပ္ဖြဲ႕ဝင္တစ္ဦး ဒဏ္ရာရခဲ့ၿပီး တပ္ဖြဲ႕ဝင္ အခ်ိဳ႕ႏွင့္ လက္နက္ငယ္အခ်ိဳ႕ေပ်ာက္ဆုံးေန
NP News - ဇန္နဝါရီ ၂၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္အတြင္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ား၏ လုံၿခဳံေရးစခန္းမ်ား ဝင္ေရာက္တိုက္ ခိုက္ခံခဲ့ရေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕မွ ဇန္နဝါရီလ(၂၂) ရက္က ထုတ္ျပန္သည္။
အမည္မသိလက္နက္ကိုင္အဖြဲ႕သည္ ဇန္ဝါရီလ (၂၂) ရက္ နံနက္အေစာပိုင္း (၃) နာရီ (၃ဝ) မိန္စ္အခ်ိန္ခန႔္က အင္အား (၁ဝဝ) ဦးခန႔္ျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေဖာင္းျပင္ၿမိဳ႕နယ္အတြင္း၌ လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္ ႐ြက္ေနစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ား၏လုံၿခဳံေရးစခန္းႏွစ္ခုအား လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့မႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔သို႔အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေသာ္လည္း လက္နက္ကိုင္အဖြဲ႕ဘက္မွ အင္အားထပ္မံတိုးျမႇင့္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ စခန္းမ်ားမွဆုတ္ခြာခဲ့ရေၾကာင္း၊ ဆုတ္ခြာၿပီးေနာက္ လက္နက္ကိုင္မ်ားသည္ စခန္း အတြင္းရွိ ႐ုံးအေဆာက္အဦးတစ္လုံးႏွင့္ လူေနအေဆာက္အဦးတစ္လုံးတို႔ကိုမီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားရာအခင္းျဖစ္စဥ္ စခန္းအတြင္းသို႔ တပ္မေတာ္စစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားသည္ ဇန္နဝါရီလ(၂၂) ရက္၊ နံနက္ပိုင္းက သြားေရာက္စစ္ေဆးခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးထိခိုက္ဒဏ္ရာရရွိထားသည္ကို ေတြ႕ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ လက္နက္ငယ္အခ်ိဳ႕ေပ်ာက္ဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ေၾကာင့္ ေပ်ာက္ဆုံးေနေသာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ လက္နက္ငယ္အခ်ိဳ႕ျပန္လည္ရရွိေရးႏွင့္ ေဒသအတြင္း လုံၿခဳံေရးလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။