မြောက်ဥက္ကလာပမြို့နယ် Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သူများအပါအဝင် (၉) ဦးအား “သေဒဏ်” အမိန့်ချမှတ်

 2438

ဟိန်း (NP News) - မတ် ၃၁
မြောက်ဥက္ကလာပမြို့နယ် Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သူများ အပါအဝင် (၉) ဦးအား “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၃၁ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါအမိန့်ချမှတ်ခံရသူ (၉) ဦးတွင် အမျိုးသမီးနှစ်ဦးပါဝင်နေပြီး ယင်းတို့အထဲမှ အမျိုးသားနှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်သည့် ဆုဝေနှင်း၊ ဆုမြတ်သွယ်၊ ခိုင်မင်းထွန်း (ခ) နေမင်း၊ ဉာဏ်ဟိန်းထက် (ခ) ကိုထက် (ခ) ယုန်လေး၊ ပြည့်ဖြိုးသူ (ခ) ကိုစိုင်း (ခ) စိုင်းသူ၊ ရဲရင့်ဖြိုး (ခ) ပီတာပို၊ ဝေမိုးနိုင် (ခ) ဝင်းလွင်ဦးနှင့် သန်းဇော် (ခ) ဝတုတ် (ခ) ကျောင်း ဆရာတို့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်ရှိ Wifi ကား ရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာ လမ်းနှင့် မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နစကမှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့ အစည်းများ၏လက်အောက်ခံအဖြစ် ပစ်ခတ်ဖောက်ခွဲခြင်းများ ကျူးလွန်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဆုမြတ် သွယ်၊ ခိုင်မင်းထွန်း ၊ ဉာဏ်ဟိန်းထက်၊ ပြည့်ဖြိုးသူ၊ ရဲရင့်ဖြိုး၊ ဝေမိုးနိုင်၊ သန်းဇော် နှင့် ကိုလတ် တို့သည် မြောက်ဥက္ကလာပမြို့မရဲစခန်းအပါအဝင် လုံခြုံရေးစခန်းများ၊ ဘဏ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့်လည်း ကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၄ အရ ၂ဝ၂၂ ခုနှစ်၊ မတ် ၃ဝ ရက်တွင် “သေဒဏ်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက် ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေျမာက္ဥကၠလာပၿမိဳ႕နယ္ Wifi ကားေရေဆးဆိုင္မွ ဆိုင္ရွင္ျဖစ္သူအား ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံခဲ့သူမ်ားအပါအဝင္ (၉) ဦးအား “ေသဒဏ္” အမိန႔္ခ်မွတ္
ဟိန္း (NP News) - မတ္ ၃၁
ေျမာက္ဥကၠလာပၿမိဳ႕နယ္ Wifi ကားေရေဆးဆိုင္မွ ဆိုင္ရွင္ျဖစ္သူအား ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့သူမ်ား အပါအဝင္ (၉) ဦးအား “ေသဒဏ္” အမိန႔္ခ်မွတ္လိုက္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က မတ္လ ၃၁ ရက္၊ ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

အဆိုပါအမိန႔္ခ်မွတ္ခံရသူ (၉) ဦးတြင္ အမ်ိဳးသမီးႏွစ္ဦးပါဝင္ေနၿပီး ယင္းတို႔အထဲမွ အမ်ိဳးသားႏွစ္ဦးမွာ ထြက္ေျပး လြတ္ေျမာက္ေနေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဒါပုံၿမိဳ႕နယ္ႏွင့္ အင္းစိန္ၿမိဳ႕နယ္တို႔တြင္ ေနထိုင္သည့္ ဆုေဝႏွင္း၊ ဆုျမတ္သြယ္၊ ခိုင္မင္းထြန္း (ခ) ေနမင္း၊ ဉာဏ္ဟိန္းထက္ (ခ) ကိုထက္ (ခ) ယုန္ေလး၊ ျပည့္ၿဖိဳးသူ (ခ) ကိုစိုင္း (ခ) စိုင္းသူ၊ ရဲရင့္ၿဖိဳး (ခ) ပီတာပို၊ ေဝမိုးႏိုင္ (ခ) ဝင္းလြင္ဦးႏွင့္ သန္းေဇာ္ (ခ) ဝတုတ္ (ခ) ေက်ာင္း ဆရာတို႔သည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဇ) ရပ္ကြက္ရွိ Wifi ကား ေရေဆးဆိုင္မွ ဆိုင္ရွင္ျဖစ္သူအား သုနႏၵာ လမ္းႏွင့္ ေမဓာဝီလမ္းဆုံ၌ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး နစကမွ ေၾကညာထားသည့္ အၾကမ္းဖက္အဖြဲ႕ အစည္းမ်ား၏လက္ေအာက္ခံအျဖစ္ ပစ္ခတ္ေဖာက္ခြဲျခင္းမ်ား က်ဴးလြန္ခဲ့ျခင္းေၾကာင့္လည္းေကာင္း၊ ဆုျမတ္ သြယ္၊ ခိုင္မင္းထြန္း ၊ ဉာဏ္ဟိန္းထက္၊ ျပည့္ၿဖိဳးသူ၊ ရဲရင့္ၿဖိဳး၊ ေဝမိုးႏိုင္၊ သန္းေဇာ္ ႏွင့္ ကိုလတ္ တို႔သည္ ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းအပါအဝင္ လုံၿခဳံေရးစခန္းမ်ား၊ ဘဏ္မ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ငယ္မ်ား၊ လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ခြဲတိုက္ခိုက္ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ျခင္းတို႔ေၾကာင့္လည္း ေကာင္း စစ္အုပ္ခ်ဳပ္ေရး(Martial Law) စစ္ခုံ႐ုံးဖြဲ႕၍ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဉပေဒ ပုဒ္မ ၅၄ အရ ၂ဝ၂၂ ခုႏွစ္၊ မတ္ ၃ဝ ရက္တြင္ “ေသဒဏ္” ျပစ္ဒဏ္ကို အသီးသီးအမိန႔္ခ်မွတ္လိုက္ ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားသည္။

အဆိုပါျပစ္ဒဏ္ခ်မွတ္ခံရသူမ်ားအနက္မွ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားကိုလည္း ၎ႏွင့္စပ္လ်ဥ္း၍ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၈၇၊ ၈၈ အရ ဖမ္းဝရမ္းထုတ္ဆင့္ရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.