အများပြည်သူဆိုင်ရာနေရာများတွင် မူးယစ်ရမ်းကားခြင်းနှင့် တောင်းရမ်းခြင်းများပြုလုပ်ပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပေဒ နစကပြဋ္ဌာန်း
2018
မျိုးကြီး (NP News) - ဧပြီ ၂
အများပြည်သူဆိုင်ရာနေရာများတွင် မူးယစ်ရမ်းကားခြင်းနှင့် တောင်း ရမ်းခြင်းများပြုလုပ်ပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပေဒ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီကပြီးခဲ့သော မတ်လအတွင်းက ပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ်စောင့်ရှောက်သည့် ရဲ တပ်ဖွဲ့ဖြစ်စေရန်၊ လိုအပ်သည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များတွင်ပါဝင်ဆောင်ရွက်ရန်စသော ရည်ရွယ်ချက်များဖြင့် ရေးဆွဲထားကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
အများပြည်သူဆိုင်ရာနေရာ သို့မဟုတ် လမ်းတွင်ရှိနေသူများကိုဖြစ်စေ၊ ခရီးသည်များကိုဖြစ်စေ စိတ်ငြိုငြင်စေရန်၊ ဘေးဖြစ်စေရန်၊ နစ်နာစေရန်အတွက် အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊သတ်ပုတ် နှောက်ယှက်ခြင်း၊ ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စော်ကားရန်စခြင်း သို့မဟုတ် ရိုင်းပျသည့် ကိုယ်နှုတ်အမှုအရာများ ပြု လုပ်ပါက ရဲတပ်ဖွဲ့ဝင်သည် သက်ဆိုင်ရာက ဝရမ်းမပါဘဲ ဖမ်းဆီးအရေး ယူပိုင်ခွင့်ရှိကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အထက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံပါက ထိုသူကို ထောင်ဒဏ် အနည်းဆုံးတစ်လ မှ အများဆုံး ခြောက်လအထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံးတစ်သိန်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် အများပြည်သူတို့အား အနှောက်အယှက်ဖြစ်စေရန် လမ်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် တောင်းရမ်းခြင်း သို့မဟုတ် လိမ် လည်အလှူခံခြင်း၊ ဘောလုံးကန်ခြင်း၊ စွန်လွှတ်ခြင်းများပြုလုပ်ပါကလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝရမ်းမပါ ဖမ်းဆီးအရေးယူပိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။
အဆိုပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါကလည်း ထောင်ဒဏ်အနည်း ဆုံးတစ်လမှ အများဆုံး သုံးလထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်ငါးသောင်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထား သည်။
မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများအရ စီးပွားရေးလုပ်ငန်းများ ရပ် ဆိုင်းခဲ့ရမှုများကြောင့် အလုပ်လက်မဲ့ပြဿနာများနှင့်အတူ ရာဇဝတ်မှုများ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းများကိုပါ ရင်ဆိုင်နေရကြောင်း နိုင်ငံ ရေးပါတီတစ်ချို့က ဝေဖန်ထောက်ပြနေကြသည်။
zawgyi version
အမ်ားျပည္သူဆိုင္ရာေနရာမ်ားတြင္ မူးယစ္ရမ္းကားျခင္းႏွင့္ ေတာင္းရမ္းျခင္းမ်ားျပဳလုပ္ပါက ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဝရမ္းမပါဘဲဖမ္းဆီးခြင့္ရွိေသာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဥေပဒ နစကျပ႒ာန္း
မ်ိဳးႀကီး (NP News) - ဧၿပီ ၂
အမ်ားျပည္သူဆိုင္ရာေနရာမ်ားတြင္ မူးယစ္ရမ္းကားျခင္းႏွင့္ ေတာင္း ရမ္းျခင္းမ်ားျပဳလုပ္ပါက ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ရွိေသာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဥေပဒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္ စီကၿပီးခဲ့ေသာ မတ္လအတြင္းက ျပ႒ာန္းခဲ့သည္။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဥပေဒကို လုံၿခဳံေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရး၊ တရားဥပေဒစိုးမိုးေရးတို႔ႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားကို ဥပေဒႏွင့္အညီ အစဥ္ကာကြယ္ေစာင့္ေရွာက္သည့္ ရဲ တပ္ဖြဲ႕ျဖစ္ေစရန္၊ လိုအပ္သည့္အခ်ိန္တြင္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လုံၿခဳံေရးကိစၥရပ္မ်ားတြင္ပါဝင္ေဆာင္႐ြက္ရန္စေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ ေရးဆြဲထားေၾကာင္း ဥပေဒတြင္ ေဖာ္ျပထားသည္။
အမ်ားျပည္သူဆိုင္ရာေနရာ သို႔မဟုတ္ လမ္းတြင္ရွိေနသူမ်ားကိုျဖစ္ေစ၊ ခရီးသည္မ်ားကိုျဖစ္ေစ စိတ္ၿငိဳျငင္ေစရန္၊ ေဘးျဖစ္ေစရန္၊ နစ္နာေစရန္အတြက္ အရက္ေသစာေသာက္စားျခင္း၊ မူးယစ္ရမ္းကားျခင္း၊သတ္ပုတ္ ေႏွာက္ယွက္ျခင္း၊ ၿငိမ္ဝပ္ပိျပားမႈပ်က္ျပားေစျခင္း၊ ဆဲေရးတိုင္းထြာျခင္း၊ ေစာ္ကားရန္စျခင္း သို႔မဟုတ္ ႐ိုင္းပ်သည့္ ကိုယ္ႏႈတ္အမႈအရာမ်ား ျပဳ လုပ္ပါက ရဲတပ္ဖြဲ႕ဝင္သည္ သက္ဆိုင္ရာက ဝရမ္းမပါဘဲ ဖမ္းဆီးအေရး ယူပိုင္ခြင့္ရွိေၾကာင္း ဥပေဒတြင္ ျပ႒ာန္းထားသည္။
အထက္ပါ ျပဳလုပ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံပါက ထိုသူကို ေထာင္ဒဏ္ အနည္းဆုံးတစ္လ မွ အမ်ားဆုံး ေျခာက္လအထိျဖစ္ေစ၊ ေငြဒဏ္အနည္းဆုံး က်ပ္သုံးေသာင္းမွ အမ်ားဆုံးတစ္သိန္းထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။
ထို႔ျပင္ အမ်ားျပည္သူတို႔အား အေႏွာက္အယွက္ျဖစ္ေစရန္ လမ္းမ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာမ်ားတြင္ ေတာင္းရမ္းျခင္း သို႔မဟုတ္ လိမ္ လည္အလႉခံျခင္း၊ ေဘာလုံးကန္ျခင္း၊ စြန္လႊတ္ျခင္းမ်ားျပဳလုပ္ပါကလည္း ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဝရမ္းမပါ ဖမ္းဆီးအေရးယူပိုင္ခြင့္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဥပေဒတြင္ ထည့္သြင္းျပ႒ာန္းထားသည္။အဆိုပါျပဳလုပ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ပါကလည္း ေထာင္ဒဏ္အနည္း ဆုံးတစ္လမွ အမ်ားဆုံး သုံးလထိျဖစ္ေစ၊ ေငြဒဏ္ အနည္းဆုံး က်ပ္တစ္ေသာင္းမွ အမ်ားဆုံး က်ပ္ငါးေသာင္းထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဥပေဒတြင္ ထည့္သြင္းျပ႒ာန္းထား သည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိအေျခအေနမ်ားအရ စီးပြားေရးလုပ္ငန္းမ်ား ရပ္ ဆိုင္းခဲ့ရမႈမ်ားေၾကာင့္ အလုပ္လက္မဲ့ျပႆနာမ်ားႏွင့္အတူ ရာဇဝတ္မႈမ်ား တရားဥပေဒစိုးမိုးမႈကင္းမဲ့ျခင္းမ်ားကိုပါ ရင္ဆိုင္ေနရေၾကာင္း ႏိုင္ငံ ေရးပါတီတစ္ခ်ိဳ႕က ေဝဖန္ေထာက္ျပေနၾကသည္။