ထိန်းချုပ်၊စိစစ်၊စစ်ဆေးရန်လိုအပ်လာသည့်အတွက် နိုင်ငံခြားငွေဖြင့်ရရှိသောဝင်ငွေများကို ကျပ်ငွေဖြင့် လဲလှယ်ရောင်းချရန်သတ်မှတ်ရခြင်းဖြစ်ဟုဆို

 1114

ဖူးပြည့် (NP News) - ဧပြီ ၄
ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

“ပြည်ပမှာသွားအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံထဲကို ငွေပို့တဲ့ကိစ္စ၊ အဲဒီမှာတော့ လုပ်ရမယ့် လုပ်ဆောင်ချက်က နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားရေးလုပ်ငန်း (AD)လိုင်စင်ရဘဏ်များမှာ နိုင်ငံခြားငွေစာရင်းဖွင့်ရမယ်။ ဖွင့်ပြီးရင် အလုပ်လုပ်တဲ့ရက် တစ်ရက်အတွင်းမှာ မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်း ချရမှာဖြစ်ပါတယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ကင်းလွတ်ခွင့်ပြုမည့်ကိစ္စရပ်များပေါ်ပေါက်ပါက သီးခြား ထုတ်ပြန်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေ များ ပြည်ပသို့လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသုံးငွေ များ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင် စင်ရဘဏ်များမှတစ်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြား သုံးငွေတွေနဲ့ပတ်သက်ပြီး တစ်ချို့ဘဏ်တွေရဲ့ တစ်ချို့ကိစ္စတွေမှာ ဘယ်လိုလုပ်ခဲ့တယ်။ ဘယ်လို မမှန်ကန်မှုတွေတွေ့ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စနစ်တ ကျအခုချိန်မှာ ကြီးကြပ်ဖို့လိုလာတယ်။ ကြီးကြပ်ဖို့လိုလာတဲ့အတွက် တစ်ချို့ကိစ္စတွေမှာတော့ နိုင်ငံခြား သုံးငွေတွေကို အသုံးပြုပြီး မြန်မာ နိုင်ငံမှာ အချို့အကြမ်းဖက်မှုလုပ်ငန်းတွေကို အားပေးနေတဲ့ကိစ္စတွေရှိလာ တာကြောင့် ကျွန်တော်တို့အနေနဲ့ အများပြည်သူရဲ့အကျိုးအတွက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ထိန်းချုပ် စိစစ် စစ်ဆေးဖို့လိုအပ်လာတဲ့အတွက် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုများလျော့ချနိုင်ရေးအတွက်လည်း ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မတိုင်မီမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးသော နိုင်ငံခြားငွေစာရင်း အသီးသီးရှိနိုင်ငံ ခြားငွေများကိုလည်းလည်း ကြေညာထားချက်အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

zawgyi version
ထိန္းခ်ဳပ္၊စိစစ္၊စစ္ေဆးရန္လိုအပ္လာသည့္အတြက္ ႏိုင္ငံျခားေငြျဖင့္ရရွိေသာဝင္ေငြမ်ားကို က်ပ္ေငြျဖင့္ လဲလွယ္ေရာင္းခ်ရန္သတ္မွတ္ရျခင္းျဖစ္ဟုဆို
ဖူးျပည့္ (NP News) - ဧၿပီ ၄

ျပည္တြင္း၌ ေနထိုင္သူမ်ား၏ ျပည္ပမွ ႏိုင္ငံျခားသုံးေငြျဖင့္ ရရွိေသာဝင္ေငြမ်ားကို ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္လည္ေပးပို႔ၿပီး ႏိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း (AD) လိုင္စင္ရဘဏ္မ်ားတြင္ ႏိုင္ငံျခားစာရင္းဖြင့္လွစ္၍ အလုပ္လုပ္ရက္ ၁ ရက္အတြင္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေရာင္းခ်ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

“ျပည္ပမွာသြားအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျမန္မာႏိုင္ငံထဲကို ေငြပို႔တဲ့ကိစၥ၊ အဲဒီမွာေတာ့ လုပ္ရမယ့္ လုပ္ေဆာင္ခ်က္က ႏိုင္ငံျခားသုံးေငြေရာင္းဝယ္ေဖာက္ကားေရးလုပ္ငန္း (AD)လိုင္စင္ရဘဏ္မ်ားမွာ ႏိုင္ငံျခားေငြစာရင္းဖြင့္ရမယ္။ ဖြင့္ၿပီးရင္ အလုပ္လုပ္တဲ့ရက္ တစ္ရက္အတြင္းမွာ ျမန္မာက်ပ္ေငြအျဖစ္ လဲလွယ္ေရာင္း ခ်ရမွာျဖစ္ပါတယ္”ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ ကင္းလြတ္ခြင့္ျပဳမည့္ကိစၥရပ္မ်ားေပၚေပါက္ပါက သီးျခား ထုတ္ျပန္ေဆာင္႐ြက္မည္ျဖစ္ၿပီး ႏိုင္ငံျခားသုံးေငြ မ်ား ျပည္ပသို႔လႊဲေျပာင္းျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ႏိုင္ငံျခားသုံးေငြ မ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း (AD) လိုင္ စင္ရဘဏ္မ်ားမွတစ္ဆင့္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

“ႏိုင္ငံျခား သုံးေငြေတြနဲ႔ပတ္သက္ၿပီး တစ္ခ်ိဳ႕ဘဏ္ေတြရဲ႕ တစ္ခ်ိဳ႕ကိစၥေတြမွာ ဘယ္လိုလုပ္ခဲ့တယ္။ ဘယ္လို မမွန္ကန္မႈေတြေတြ႕ ရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ္တို႔ ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး စနစ္တ က်အခုခ်ိန္မွာ ႀကီးၾကပ္ဖို႔လိုလာတယ္။ ႀကီးၾကပ္ဖို႔လိုလာတဲ့အတြက္ တစ္ခ်ိဳ႕ကိစၥေတြမွာေတာ့ ႏိုင္ငံျခား သုံးေငြေတြကို အသုံးျပဳၿပီး ျမန္မာ ႏိုင္ငံမွာ အခ်ိဳ႕အၾကမ္းဖက္မႈလုပ္ငန္းေတြကို အားေပးေနတဲ့ကိစၥေတြရွိလာ တာေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ အမ်ားျပည္သူရဲ႕အက်ိဳးအတြက္ ထုတ္ျပန္ရျခင္းျဖစ္ပါတယ္။ ထိန္းခ်ဳပ္ စိစစ္ စစ္ေဆးဖို႔လိုအပ္လာတဲ့အတြက္ လုပ္ေဆာင္ရျခင္းျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ျမန္မာႏိုင္ငံတြင္ တည္ၿငိမ္ေအးခ်မ္းေရးလုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ အၾကမ္းဖက္မႈမ်ားေလ်ာ့ခ်ႏိုင္ေရးအတြက္လည္း ယခုကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

အဆိုပါ အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္သည့္ေန႔မတိုင္မီျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ၿပီးေသာ ႏိုင္ငံျခားေငြစာရင္း အသီးသီးရွိႏိုင္ငံ ျခားေငြမ်ားကိုလည္းလည္း ေၾကညာထားခ်က္အတိုင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ လိုက္နာျခင္းမရွိပါက ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

Picture

L Mone

04/04/2022 19:44

တပ်အကြီးအကဲများကို ဖင်ပွတ် ဖားယားပြီး သားသမီးမိန်းမတွေကို ချော့ပေါင်း မြှောက်ပေါင်းပြီး စီးပွားရေးထဲ စုအပါခိုင်းပြီး အချီကြီးကြံကာ တိုင်းပြည်အပေါ် သစ္စာဖေါက်ခဲ့ကြသူများကို အရေးယူကြရမှာပါ။နောက်ပြီး လူကြီးသားသမီးများကို အပြင်သူဌေးတွေနဲ့ အရောမခံကြပါနဲ့။ကိုယ့်နာမည်သုံးပြီး ပြည်သူ့ဝန်ထမ်းတွေ မောက်မာဆော်ကားမိုက်ရိုင်းနေကြတာက ဆောဆောကပြောတဲ့ လူမျိူးတွေပါပဲ။

Related news

© 2021. All rights reserved.