သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာ နေရာယူစပြုလာသော ကြောင့် TNLA နှင့် တင်းမာစပြုလာသည့်အပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်လာ

 16369

သုတကျော် (NP News) - စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် MNDAA တပ်များက အခိုင်အမာနေရာယူစပြုလာသောကြောင့် TNLA နှင့် MNDAA အကြား တင်းမာစပြုလာသည့် အ ပြင် UWSA နှင့်ပါ MNDAA ၏ ဆက်ဆံရေး အခြေအနေမကောင်း ဖြစ်နေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူအချို့ထံ NP News က မေးမြန်းထားချက်အရ သိရသည်။

“သီပေါမြို့နယ်မှာဆိုရင် သီပေါကနေ နမ့်လန်အထိက MNDAA အပိုင်။ စ ခန်းချလိုက်တဲ့သဘောပါ။ သေချာကို ချက်ပြုတ်စားသောက်ပြီးတော့ ရှိတာ။ စခန်းကိုချလိုက်တဲ့ အနေအထားတွေ့လာရတယ်။ တင်းမာမှုကတော့ ရှိနေတယ်။ အသံမထွက်ဘူး။ အခုက 'ဝ' နဲ့ ကိုးကန့်နဲ့က ညှိနေကြတယ်။ 'ဝ' စစ်သားကို ပစ်သတ်လိုက်လို့လား မသိဘူး ပြဿနာတက်နေတယ်။ တနေ့ကလည်း အဲဒီလိုပဲ ထပ်ဖြစ်တယ်။ 'ဝ' နဲ့ သူတို့ငြိနေတယ်။ MNDAA အတွက်ကတော့ ဘေးကျပ်နံကျပ် ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

MNDAA နှင့် UWSA အကြား တင်းမာမှု အခြေအနေနှင့် ပတ်သက်၍ NP News က သီးသန့်အတည်ပြုချက် ထပ်မံရယူရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေးပြတ်တောက်မှု အခြေအနေကြောင့် စက်တင်ဘာ ၁၂ ရက်အထိ ထပ်မံအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ သီပေါမြို့နယ်တွင် ယခုကဲ့သို့ MNDAA နှင့် TNLA နှစ်ဖွဲ့အတူ ရှိနေခြင်းက နောင်တစ်ချိန်တွင် နယ်မြေလုစစ်ပွဲအထိ ဖြစ်လာနိုင်ကြောင်း အ ခြားဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ “အခုကတော့ နယ်မြေလုတာက ပေါ်ပေါ်ထင်ထင် မဖြစ်သေးဘူး။ ဒါပေမဲ့ သီပေါမှာတော့ စပြီးတော့ တင်းမာ လာတယ်ပြောရမယ်။ MNDAA နဲ့ TNLA ကတော့ ချတော့ ချမှာပဲ။ ဘယ်နေ့ချမလဲဆိုတာကို ရင်တခုန်ခုန် စောင့်ကြည့်နေရတာပေါ့။ MNDAA အတွက်ကလည်း မလှုပ်မရှားသာ အခြေအနေဖြစ်နေတာပေါ့”ဟု ၎င်းက မြင်တွေ့ရသော အခြေအနေကို သုံးသပ်ပြောကြားသည်။

လက်ရှိ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်ပါအဖွဲ့သုံးဖွဲ့တွင် သေဆုံးသူများရှိနေကြောင်းလည်း ၎င်းကဆိုသည်။ “အခုကတော့ ဗုံကြဲရင် ဒီကောင်တွေ သေတာပဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို သူတို့က မထုတ်ပြန်ဘူး။ ပြည်သူသေတယ်လို့ပဲ ပြောကြတာ။ တကယ်တော့ မဟုတ်ဘူးဗျ။ ဒီကောင်တွေ ထိတယ်။ ကျွန်တော်တို့ သတင်းတွေ ကြားရတာပဲလေ။ ပြီးတော့ သိနေတာပဲ။ တိတ်တဆိတ် သဂြိုဟ်တာမျိုးအထိ ရှိတယ်။ ဒါပေမဲ့ ဘယ်သူဆိုတာကို ကျွန်တော်က ပြောလိုက်ရင် ကျွန်တော့်လုံခြုံရေးအရလည်း လိုက်လာနိုင်တာမို့ မပြောသေးတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

zawgyi version
သီေပါၿမိဳ႕နယ္တြင္ MNDAA တပ္မ်ားက အခိုင္အမာ ေနရာယူစျပဳလာေသာ ေၾကာင့္ TNLA ႏွင့္ တင္းမာစျပဳလာသည့္အျပင္ UWSA ႏွင့္ပါ MNDAA ၏ ဆက္ဆံေရး အေျခအေနမေကာင္း ျဖစ္လာ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၂

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္တြင္ MNDAA တပ္မ်ားက အခိုင္အမာေနရာယူစျပဳလာေသာေၾကာင့္ TNLA ႏွင့္ MNDAA အၾကား တင္းမာစျပဳလာသည့္ အ ျပင္ UWSA ႏွင့္ပါ MNDAA ၏ ဆက္ဆံေရး အေျခအေနမေကာင္း ျဖစ္ေနေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေနထိုင္သူအခ်ိဳ႕ထံ NP News က ေမးျမန္းထားခ်က္အရ သိရသည္။

“သီေပါၿမိဳ႕နယ္မွာဆိုရင္ သီေပါကေန နမ့္လန္အထိက MNDAA အပိုင္။ စ ခန္းခ်လိုက္တဲ့သေဘာပါ။ ေသခ်ာကို ခ်က္ျပဳတ္စားေသာက္ၿပီးေတာ့ ရွိတာ။ စခန္းကိုခ်လိုက္တဲ့ အေနအထားေတြ႕လာရတယ္။ တင္းမာမႈကေတာ့ ရွိေနတယ္။ အသံမထြက္ဘူး။ အခုက 'ဝ' နဲ႔ ကိုးကန႔္နဲ႔က ညႇိေနၾကတယ္။ 'ဝ' စစ္သားကို ပစ္သတ္လိုက္လို႔လား မသိဘူး ျပႆနာတက္ေနတယ္။ တေန႔ကလည္း အဲဒီလိုပဲ ထပ္ျဖစ္တယ္။ 'ဝ' နဲ႔ သူတို႔ၿငိေနတယ္။ MNDAA အတြက္ကေတာ့ ေဘးက်ပ္နံက်ပ္ ျဖစ္ေနတယ္” ဟု ၎က ဆိုသည္။

MNDAA ႏွင့္ UWSA အၾကား တင္းမာမႈ အေျခအေနႏွင့္ ပတ္သက္၍ NP News က သီးသန႔္အတည္ျပဳခ်က္ ထပ္မံရယူရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဆက္သြယ္ေရးျပတ္ေတာက္မႈ အေျခအေနေၾကာင့္ စက္တင္ဘာ ၁၂ ရက္အထိ ထပ္မံအတည္ျပဳႏိုင္ျခင္း မရွိခဲ့ေပ။

လက္ရွိ သီေပါၿမိဳ႕နယ္တြင္ ယခုကဲ့သို႔ MNDAA ႏွင့္ TNLA ႏွစ္ဖြဲ႕အတူ ရွိေနျခင္းက ေနာင္တစ္ခ်ိန္တြင္ နယ္ေျမလုစစ္ပြဲအထိ ျဖစ္လာႏိုင္ေၾကာင္း အ ျခားေဒသခံသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။ “အခုကေတာ့ နယ္ေျမလုတာက ေပၚေပၚထင္ထင္ မျဖစ္ေသးဘူး။ ဒါေပမဲ့ သီေပါမွာေတာ့ စၿပီးေတာ့ တင္းမာ လာတယ္ေျပာရမယ္။ MNDAA နဲ႔ TNLA ကေတာ့ ခ်ေတာ့ ခ်မွာပဲ။ ဘယ္ေန႔ခ်မလဲဆိုတာကို ရင္တခုန္ခုန္ ေစာင့္ၾကည့္ေနရတာေပါ့။ MNDAA အတြက္ကလည္း မလႈပ္မရွားသာ အေျခအေနျဖစ္ေနတာေပါ့”ဟု ၎က ျမင္ေတြ႕ရေသာ အေျခအေနကို သုံးသပ္ေျပာၾကားသည္။

လက္ရွိ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အထက္ပါအဖြဲ႕သုံးဖြဲ႕တြင္ ေသဆုံးသူမ်ားရွိေနေၾကာင္းလည္း ၎ကဆိုသည္။ “အခုကေတာ့ ဗုံႀကဲရင္ ဒီေကာင္ေတြ ေသတာပဲ။ ဒါေပမဲ့ ဒီျဖစ္စဥ္ကို သူတို႔က မထုတ္ျပန္ဘူး။ ျပည္သူေသတယ္လို႔ပဲ ေျပာၾကတာ။ တကယ္ေတာ့ မဟုတ္ဘူးဗ်။ ဒီေကာင္ေတြ ထိတယ္။ ကြၽန္ေတာ္တို႔ သတင္းေတြ ၾကားရတာပဲေလ။ ၿပီးေတာ့ သိေနတာပဲ။ တိတ္တဆိတ္ သၿဂိဳဟ္တာမ်ိဳးအထိ ရွိတယ္။ ဒါေပမဲ့ ဘယ္သူဆိုတာကို ကြၽန္ေတာ္က ေျပာလိုက္ရင္ ကြၽန္ေတာ့္လုံၿခဳံေရးအရလည္း လိုက္လာႏိုင္တာမို႔ မေျပာေသးတာ ျဖစ္ပါတယ္”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.