ဆီထွက်သီးနှံများနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား MIC က ဦးစားပေးဖိတ်ခေါ်

 1152

ဖူးပြည့် (NP News) - ဧပြီ ၅
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သည် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစေ့ ထုတ်လုပ်ခြင်း၊ အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီထွက်သီးနှံနှင့်ပတ်သက်၍ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များ ကို မြန်ဆန်သွက်လက်စွာ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးကိုပြန်ပြီးဦးမော့ဖို့ကျတော့ ဘာပဲပြောပြော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)ဝင်လာခြင်းက တိုင်းပြည်စီး ပွားရေးဦးမော့ဖို့အတွက် ကြီးစွာသောအထောက်အပံ့ဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့ မူဝါဒကလည်း ပြည်တွင်းလုပ်ငန်းတွေကို ဦးစားပေးပြီးတော့မှ ဆက်ပြီးမြှင့်တင်ပေးသွားမယ်။ ပြည်တွင်းလုပ်ငန်းတွေ ကြီးထွားလာဖို့အတွက်ကို တစ်ခုပြီးတစ်ခုစီမံသွားမယ်ဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေပိုကောင်းလာပါမယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက NP News ကို ပြောကြားခဲ့ဖူးသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩ ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေး လုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက် ကုန်များထုတ်လုပ်ခြင်းလုပ် ငန်းများ၊ လျှပ်စစ်ယာဉ်များထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အဆိုပြုလွှာများတင်သွင်းရန် မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ဖူးသည်။

နစက တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂ဝ၂၁ ခုနှစ် မတ်လ ၄ ရက်တွင် အဖွဲ့ဝင် ၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ အဖွဲ့ဝင်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် သို့မဟုတ် ငွေကျပ်သန်း ၆ဝဝဝ နှင့်အောက် တန်ဖိုး ရှိသောလုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ဖြစ်စေ အတည်ပြုမိန့် ရရှိရန်တင်ပြလျှောက် ထားနိုင်ပြီး အဆိုပါ ပမာဏထက်များပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တစ်ခုတည်းကိုသာ တင်ပြလျှောက်ထားရကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီး မြှုပ်နှံမှုများ လွယ်ကူချေမွေ့စေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီမှတ်ပုံတင်ကိစ္စရပ်များကို လွယ်ကူစွာဆောင်ရွက်နိုင်မည့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံ တင်စနစ် (MyCo)အပြင် နိုင်ငံခြားသားများ နေထိုင်ခွင့်အတွက် အွန်လိုင်းမှတစ်ဆင့် ဗီဇာထောက်ခံချက်ထုတ် ပေးခြင်းစနစ်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပြည်တွင်းစက်မှုလုပ်ငန်းများ၊ လျှပ်စစ်ကဲ့သို့ အခြေခံအ ဆောက်အဦလုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းတင်သွင်းခြင်းများ ကိုလည်း လျှင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆီထြက္သီးႏွံမ်ားႏွင့္ပတ္သက္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား MIC က ဦးစားေပးဖိတ္ေခၚ
ဖူးျပည့္ (NP News) - ဧၿပီ ၅

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC)သည္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုး တက္ေရးတြင္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ဆီထြက္သီးႏွံမ်ိဳးေစ့ ထုတ္လုပ္ျခင္း၊ အက်ိဳးတူကန္ထ႐ိုက္လယ္ယာ (Contract Farming) စနစ္ျဖင့္ စိုက္ပ်ိဳးျခင္း၊ စားသုံးဆီအမ်ိဳးမ်ိဳး ႀကိတ္ခြဲထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ဦးစားေပးဖိတ္ေခၚေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆီထြက္သီးႏွံႏွင့္ပတ္သက္၍ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းက႑တြင္ စိတ္ပါဝင္စားသူ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ႏိုင္ငံျခား သားရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ အဆိုျပဳလႊာတင္ျပလာပါက ျမန္မာ ႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕တို႔ကလည္း လိုအပ္သည္မ်ား ကို ျမန္ဆန္သြက္လက္စြာ ပံ့ပိုးကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕စီးပြားေရးကိုျပန္ၿပီးဦးေမာ့ဖို႔က်ေတာ့ ဘာပဲေျပာေျပာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ(FDI)ဝင္လာျခင္းက တိုင္းျပည္စီး ပြားေရးဦးေမာ့ဖို႔အတြက္ ႀကီးစြာေသာအေထာက္အပံ့ျဖစ္ပါတယ္။ ႏိုင္ငံ ေတာ္ရဲ႕ မူဝါဒကလည္း ျပည္တြင္းလုပ္ငန္းေတြကို ဦးစားေပးၿပီးေတာ့မွ ဆက္ၿပီးျမႇင့္တင္ေပးသြားမယ္။ ျပည္တြင္းလုပ္ငန္းေတြ ႀကီးထြားလာဖို႔အတြက္ကို တစ္ခုၿပီးတစ္ခုစီမံသြားမယ္ဆိုေတာ့ ျပည္တြင္းလုပ္ငန္းရွင္ေတြအတြက္ အခြင့္အလမ္းေတြပိုေကာင္းလာပါမယ္”ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက NP News ကို ေျပာၾကားခဲ့ဖူးသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနျဖင့္ ဓာတ္ေျမဩ ဇာထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ ဘိလပ္ေျမထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ သံမဏိထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းႏွင့္ေမြးျမဴေရး လုပ္ငန္း၊ အဆိုပါလုပ္ငန္းမ်ားႏွင့္ဆက္စပ္သည့္လုပ္ငန္းမ်ား၊ တန္ဖိုးျမႇင့္စားေသာက္ ကုန္မ်ားထုတ္လုပ္ျခင္းလုပ္ ငန္းမ်ား၊ လွ်ပ္စစ္ယာဥ္မ်ားထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ေဆးဝါးႏွင့္က်န္းမာေရးဆိုင္ရာပစၥည္းထုတ္လုပ္မႈလုပ္ငန္းမ်ား၊ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး အဆိုျပဳလႊာမ်ားတင္သြင္းရန္ ျမန္မာႏိုင္ငံသား ႏွင့္ ႏိုင္ငံျခားသားရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ဖိတ္ေခၚခဲ့ဖူးသည္။

နစက တာဝန္ယူၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကို ၂ဝ၂၁ ခုႏွစ္ မတ္လ ၄ ရက္တြင္ အဖြဲ႕ဝင္ ၉ ဦးျဖင့္ ျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာ္စီ အဖြဲ႕ဝင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းက ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည္။

ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၅ သန္းႏွင့္ေအာက္ သို႔မဟုတ္ ေငြက်ပ္သန္း ၆ဝဝဝ ႏွင့္ေအာက္ တန္ဖိုး ရွိေသာလုပ္ငန္းအတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္သို႔ျဖစ္ေစ၊ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္မည့္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသို႔ျဖစ္ေစ အတည္ျပဳမိန္႔ ရရွိရန္တင္ျပေလွ်ာက္ ထားႏိုင္ၿပီး အဆိုပါ ပမာဏထက္မ်ားပါက ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္တစ္ခုတည္းကိုသာ တင္ျပေလွ်ာက္ထားရေၾကာင္း သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား လြယ္ကူေခ်ေမြ႕ေစေရးအတြက္ အြန္လိုင္းမွတစ္ဆင့္ ကုမၸဏီမွတ္ပုံတင္ကိစၥရပ္မ်ားကို လြယ္ကူစြာေဆာင္႐ြက္ႏိုင္မည့္ အီလက္ထေရာနစ္ ကုမၸဏီမွတ္ပုံ တင္စနစ္ (MyCo)အျပင္ ႏိုင္ငံျခားသားမ်ား ေနထိုင္ခြင့္အတြက္ အြန္လိုင္းမွတစ္ဆင့္ ဗီဇာေထာက္ခံခ်က္ထုတ္ ေပးျခင္းစနစ္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၊ ျပည္တြင္းစက္မႈလုပ္ငန္းမ်ား၊ လွ်ပ္စစ္ကဲ့သို႔ အေျခခံအ ေဆာက္အဦလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေစေရးအတြက္လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ စက္ပစၥည္းတင္သြင္းျခင္းမ်ား ကိုလည္း လွ်င္ျမန္စြာ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.