အသက် ၁၇ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးကို လက်ထိပ်ခတ်ကာ အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းတက္ကစီသမားကို ထိုင်းရဲများ ဖမ်းဆီး

1681

ဂျန်ဇက် (NP News) - ဧပြီ ၂၃
ထိုင်းတက္ကစီသမားတစ်ဦးကို အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်မှုနဲ့ စွဲချက် တင် ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Adirek Sae Bae ဆိုသူဟာ မြန်မာအမျိုးသမီးငယ်ကို အလုပ်ရှာပေး မယ်လို့ မက်လုံးပေး စည်းရုံးပြီး မိုတယ်တစ်ခုမှာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ တက္ကစီမောင်းသမားကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဘန်ကောက်မြို့အနီးရှိ Victory Monument မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ တစ်ဦးဖြစ်တဲ့ ထိုင်းရဲ ဒုတိယဗိုလ်ချုပ်ကြီးဆူရာချာတီ ဟတ်ပမ်ကပြောပါတယ်။
လက်ရှိအချိန်မှာ အဆိုပါထိုင်းတက္ကစီသမားကို အလိုမတူဘဲ ဖြားယောာင်းသွေးဆောင်မှု၊ အသက် မပြည့်သေး သူကို အဓမ္မပြုကျင့်မှု၊ ခိုးယူပေါင်းသင်းမှု စတဲ့ စွဲချက်တွေ နဲ့ စွဲချက်တင်ထားကြောင်း၊ ထိုင်းရဲ ဒုတိယဗိုလ်ချုပ်ကြီး က ပြောပါတယ်။
မြန်မာအမျိုးသမီးငယ်ရဲ့ အဒေါ်ဖြစ်သူက ၎င်းကို အလုပ်ရှာဖို့ စေခိုင်းခဲ့ရာ အွန်လိုင်းမှာအလုပ်လိုချင်တဲ့ အကြောင်း ပိုစ့်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးအရာရှိများက ထိုင်းတက္ကစီသမားဟာ Facebook မှာ အခြားသူရဲ့တစ်ဦးရဲ့ဓါတ်ပုံကို အသုံးပြုခဲ့ပြီး အဆိုပါမြန်မာအမျိုးသမီးတင်ထားတဲ့ပိုစ့်အောက်မှာ အလုပ်ရှင်တစ်ဦးဖြစ်တဲ့အတွက် အလုပ်ပေး မယ်လို့ မှတ်ချက်ပြုရေးသားခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းတက္ကစီသမားက ဧပြီ ၁ ရက်နေ့မှာ မြန်မာအမျိုးသမီး ငယ်ကို သူရဲ့အဒေါ်ဖြစ်သူအိမ်က သွားရောက်ခေါ် ဆောင်ခဲ့ကြောင်း၊ အဒေါ်ဖြစ်သူကိုလည်း မြန်မာအမျိုးသမီးငယ်ကိုလည်း အလုပ်ရှာပေးမှာဖြစ်ကြောင်း ပြောခဲ့ တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
အဒေါ်ဖြစ်သူကလည်း ယုံကြည်စွာနဲ့ပဲ တူမဖြစ်သူကိုထည့်ပေးခဲ့ရာ အဆိုပါထိုင်းတက္ကစီသမားဟာ မြန်မာ အမျိုးသမီးငယ်ကို အလုပ်ရှင်နဲ့ တွေ့ဆုံရအောင်ဆိုပြီး Intharama Soi 31. မိုတယ်ကို ခေါ်ဆောင်သွားခဲ့ ကြောင်း၊ အဲဒီနောက် ထိုင်းတက္ကစီသမားဟာ မြန်မာအမျိုးသမီးငယ်ကို ကျန်းမာရေးစစ်ဆေးရမယ်လို့ ပြောဆို ကာ ဟိုတယ်အခန်းအတွင်း စောင့်ခိုင်းပြီး အပြင်ထွက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ပြန်လည်ရောက်ရှိလာချိန်မှာ မြန်မာအမျိုးသမီးငယ်ကို လက်ထိပ်ခတ်ကာ အဓမ္မပြုကျင့်ခဲ့ပြီး၊ ဓါတ်ပုံများ ရိုက်ကူးယူခဲ့တာဖြစ်တယ်လို့ ထိုင်းရဲ ဒုတိယဗိုလ်ချုပ်ကြီးကပြောပါတယ်။
ထိုင်းတက္ကစီသမားဟာ မြန်မာအမျိုးသမီးထံက မိုလ်ဘိုင်းဖုန်းကို ခိုးယူခဲ့တဲ့အပြင် ထိုင်းဘတ်ငွေ ၅ဝဝ ကိုလည်း ယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ မြန်မာအမျိုးသမီးငယ်ဟာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အသက္ ၁၇ ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီးကို လက္ထိပ္ခတ္ကာ အဓမၼျပဳက်င့္ခဲ့တဲ့ ထိုင္းတကၠစီသမားကို ထိုင္းရဲမ်ား ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃
ထိုင္းတကၠစီသမားတစ္ဦးကို အသက္ ၁၇ ႏွစ္အ႐ြယ္သာရွိေသးတဲ့ျမန္မာအမ်ိဳးသမီးကို အဓမၼျပဳက်င့္မႈနဲ႔ စြဲခ်က္ တင္ ဖမ္းဆီးထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။
အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ ထိုင္းႏိုင္ငံသား Adirek Sae Bae ဆိုသူဟာ ျမန္မာအမ်ိဳးသမီးငယ္ကို အလုပ္ရွာေပး မယ္လို႔ မက္လုံးေပး စည္း႐ုံးၿပီး မိုတယ္တစ္ခုမွာ အဓမၼျပဳက်င့္ခဲ့ေၾကာင္း၊ တကၠစီေမာင္းသမားကို ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ဘန္ေကာက္ၿမိဳ႕အနီးရွိ Victory Monument မွာ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕အႀကီးအကဲ တစ္ဦးျဖစ္တဲ့ ထိုင္းရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဆူရာခ်ာတီ ဟတ္ပမ္ကေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အဆိုပါထိုင္းတကၠစီသမားကို အလိုမတူဘဲ ျဖားေယာာင္းေသြးေဆာင္မႈ၊ အသက္ မျပည့္ေသး သူကို အဓမၼျပဳက်င့္မႈ၊ ခိုးယူေပါင္းသင္းမႈ စတဲ့ စြဲခ်က္ေတြ နဲ႔ စြဲခ်က္တင္ထားေၾကာင္း၊ ထိုင္းရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး က ေျပာပါတယ္။
ျမန္မာအမ်ိဳးသမီးငယ္ရဲ႕ အေဒၚျဖစ္သူက ၎ကို အလုပ္ရွာဖို႔ ေစခိုင္းခဲ့ရာ အြန္လိုင္းမွာအလုပ္လိုခ်င္တဲ့ အေၾကာင္း ပိုစ့္တင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ရဲတပ္ဖြဲ႕စုံစမ္းစစ္ေဆးအရာရွိမ်ားက ထိုင္းတကၠစီသမားဟာ Facebook မွာ အျခားသူရဲ႕တစ္ဦးရဲ႕ဓါတ္ပုံကို အသုံးျပဳခဲ့ၿပီး အဆိုပါျမန္မာအမ်ိဳးသမီးတင္ထားတဲ့ပိုစ့္ေအာက္မွာ အလုပ္ရွင္တစ္ဦးျဖစ္တဲ့အတြက္ အလုပ္ေပး မယ္လို႔ မွတ္ခ်က္ျပဳေရးသားခဲ့တယ္လို႔ ဆိုပါတယ္။
ထိုင္းတကၠစီသမားက ဧၿပီ ၁ ရက္ေန႔မွာ ျမန္မာအမ်ိဳးသမီး ငယ္ကို သူရဲ႕အေဒၚျဖစ္သူအိမ္က သြားေရာက္ေခၚ ေဆာင္ခဲ့ေၾကာင္း၊ အေဒၚျဖစ္သူကိုလည္း ျမန္မာအမ်ိဳးသမီးငယ္ကိုလည္း အလုပ္ရွာေပးမွာျဖစ္ေၾကာင္း ေျပာခဲ့ တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။
အေဒၚျဖစ္သူကလည္း ယုံၾကည္စြာနဲ႔ပဲ တူမျဖစ္သူကိုထည့္ေပးခဲ့ရာ အဆိုပါထိုင္းတကၠစီသမားဟာ ျမန္မာ အမ်ိဳးသမီးငယ္ကို အလုပ္ရွင္နဲ႔ ေတြ႕ဆုံရေအာင္ဆိုၿပီး Intharama Soi 31. မိုတယ္ကို ေခၚေဆာင္သြားခဲ့ ေၾကာင္း၊ အဲဒီေနာက္ ထိုင္းတကၠစီသမားဟာ ျမန္မာအမ်ိဳးသမီးငယ္ကို က်န္းမာေရးစစ္ေဆးရမယ္လို႔ ေျပာဆို ကာ ဟိုတယ္အခန္းအတြင္း ေစာင့္ခိုင္းၿပီး အျပင္ထြက္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီေနာက္ ျပန္လည္ေရာက္ရွိလာခ်ိန္မွာ ျမန္မာအမ်ိဳးသမီးငယ္ကို လက္ထိပ္ခတ္ကာ အဓမၼျပဳက်င့္ခဲ့ၿပီး၊ ဓါတ္ပုံ မ်ား ႐ိုက္ကူးယူခဲ့တာျဖစ္တယ္လို႔ ထိုင္းရဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကေျပာပါတယ္။
ထိုင္းတကၠစီသမားဟာ ျမန္မာအမ်ိဳးသမီးထံက မိုလ္ဘိုင္းဖုန္းကို ခိုးယူခဲ့တဲ့အျပင္ ထိုင္းဘတ္ေငြ ၅ဝဝ ကိုလည္း ယူခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။ ျမန္မာအမ်ိဳးသမီးငယ္ဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္မရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။