ပါကစ္စတန် တရုတ်ယဉ်ကျေးမှုတက္ကသိုလ် အသေခံဗုံးခွဲမှုကို မဟာတန်းတက်ရောက်နေသူ အမျိုးသမီးက ဖောက်ခွဲခဲ့ခြင်းဖြစ်ဟုဆို
942
Htay Oung (NP News) - ဧပြီ ၂၈
ပါကစ္စတန်နိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ တရုတ်တက္က သိုလ်ဆရာ (၃)ဦးကို ခွဲထွက်ရေးသူပုန်များအားကိုယ်စားပြု၍ သတ် ဖြတ်ခဲ့သည့် အသေခံဗုံးခွဲသူအမျိုးသမီးသည် တိုက်ခိုက်မှုမတိုင်မီ လများအတွင်း မဟာဘွဲ့သင်တန်းများတွင် တက်ရောက်သင်ယူနေသူ သင်ကြားရေးဆရာမတစ်ဦးဖြစ်ကြောင်း ကရာချိအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်ဟု Reuters က ဧပြီလ ၂၇ ရက်ရေးသားသည်။
ကရာချိတက္ကသိုလ် ကွန်ဖြူးရှပ် အင်စတီကျု၏ အပြင်ဘက်တွင် အင်္ဂါနေ့ (ဧပြီလ ၂၆ ရက်)က မီနီဗင်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းမှာ အသက် ၃ဝ အရွယ် အဆိုပါအမျိုးသမီးက ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်နှင့်တကွ တရုတ်နိုင်ငံသား ဆရာသုံးဦးနှင့် ပါကစ္စတန်ယာဉ်မောင်းတစ်ဦးတို့ သေဆုံးခဲ့ရသည်။
ပါကစ္စတန်တွင် ကာလကြာရှည်အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများအား ယခုနှစ်အတွင်း ပထမဆုံး အကြီးစားတိုက်ခိုက်မှုလည်းဖြစ်၍ ပေကျင်းက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။
အဆိုပါအမျိုးသမီးသည် အနောက်တောင်ပိုင်း ဘလိုချီစတန် ပြည်နယ် အခြေစိုက် “ဘလော့ချ် “ လွတ်မြောက်ရေးတပ်တော် (BLA) ခွဲထွက်ရေးအုပ်စုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါပြည်နယ်မှ သတ္တဗေဒဘွဲ့ရရှိထားသူဖြစ်ကြောင်း၊ သားသမီး (၂)ဦး၏ မိခင်ဖြစ်သူသည် အခြားဘာသာရပ်များကိုလည်း သင်ယူနေခိုက် အဆိုပါဘလိုချီစတန် ပြည်နယ်တွင် ရင်း နှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နေသည့် ပေကျင်းကို ဆန့်ကျင်သောအားဖြင့် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားလျက် ဗော်လံတီယာအ ဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်ုပ်တို့၏ ပြည်နယ်အတွင်း လာရောက်အမြတ်ထုတ်နေသည့် ပရော့ဂျက်များအား ချက်ချင်းရပ်စဲရန် ဘလော့ ချ်လွတ်မြောက်ရေး တပ်တော်က ထပ်မံတောင်းဆိုလိုက်ကြောင်း Reuters သို့ ပေးပို့သည့် BLA ၏ အီးမေးလ်၌ ဖော်ပြထားသည်။
ဘလော့ချ်ခွဲထွက်ရေးပြောက်ကျားတို့သည် ၎င်းတို့ပြည်နယ်၏ သဘာဝအရင်းအမြစ်များအပေါ် ခွဲဝေခံစားခွင့်ရရှိရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ပြီး များသောအားဖြင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ စီး ပွားရေး အခြေခံအဆောက်အအုံများနှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။
သို့သော် မကြာသေးမီနှစ်များအတွင်း တရုတ်ပရောဂျက်များနှင့် ၎င်းစီမံကိန်းများတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားများကိုလည်း တိုက်ခိုက်လာခဲ့သည်။ ဘလိုချီစတန်ပြည်နယ်နှင့် ပြည် နယ်တွင်း “ဂွေဒါ ပင်လယ်ရေနက်ဆိပ်ကမ်း”သည် တရုတ်နိုင်ငံ၏ Belt and Road “ ခါးပတ်နှင့် လမ်း ” ကွန်ရက်၏ အခြေခံအဆောက်အအုံဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် ၎င်းကိုကျော်လွန်၍ ဖြန့်ကျက်ထားသော စွမ်းအင်စီမံကိန်းများအတွက် အဓိက ချိတ်ဆက်မှုတစ်ခု ဖြစ်သည်။
ပါကစ္စတန်တွင် အသေခံဗုံးခွဲမှုသည် အစ္စလာမ်မစ်စစ်သွေးကြွတို့၏ နှစ်ပေါင်းများစွာ အသားကျလျက်ရှိသည့် နည်းဗျူဟာဖြစ်၍ များသော အားဖြင့် အမျိုးသား သို့မဟုတ် ယောက်ျားငယ်လေးများက လုပ်ဆောင်လေ့ရှိသည်။ အမျိုးသမီးတစ်ဦး၏ ယခုကဲ့သို့အသေခံဗုံးခွဲတိုက်ခိုက်မှု သည် ကျွနိုပ်တို့၏ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မည်ဖြစ်ကြောင်း သတိပေးချက်လည်းဖြစ်သည်ဟု ဘလေ့ာချ်ခွဲထွက်ရေးသမားတို့က ပြောဆိုသည်။
အသေခံတိုက်ခိုက်သည့် BLA ၏ ခြိမ်းခြောက်မှုသည် ပေကျင်း၏ ပရောဂျက်များနှင့် တရုတ်နိုင်ငံသားများအပေါ် အကာအကွယ်ပေးရေး တတ် နိုင်သမျှ လုပ်ဆောင်နေကြောင်း အာမခံရန်ကြိုးပမ်းလျက်ရှိသည့် ပါကစ္စတန်အတွက် ကြီးမားသော စိုးရိမ်စရာဖြစ်လာဖွယ်ရှိသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါ တိုက်ခိုက်မှုအား ပြင်း ပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပါကစ္စတန်အစိုးရအနေဖြင့် ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူရန်နှင့် ယင်းကဲ့သို့ထပ်မံဖြစ်ပွားခြင်း မဖြစ်စေရေး တားဆီးရန်တောင်းဆိုကြောင်းသိရှိရသည်။
အသေခံဗုံးခွဲသူ အမျိုးသမီးသည် ဘလိုချီစတန်ပြည်နယ်မှ သိပ္ပံဘာသာ ရပ်ဆိုင်ရာ ဆရာမတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်ငါးလခန့်တွင် ကရာချိတက္က သိုလ်၌ ဒုတိယမဟာဘွဲ့အတွက် တက်ရောက်သင်ယူနေသူဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၊ အရပ်ဘက်နှင့် စစ်ဘက်ထောက်လှမ်းရေး အေဂျင်စီတို့က စုံ စမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကပြောဆိုသည်။
zawgyi version
ပါကစၥတန္ တ႐ုတ္ယဥ္ေက်းမႈတကၠသိုလ္ အေသခံဗုံးခြဲမႈကို မဟာတန္းတက္ေရာက္ေနသူ အမ်ိဳးသမီးက ေဖာက္ခြဲခဲ့ျခင္းျဖစ္ဟုဆို
Htay Oung (NP News) - ဧၿပီ ၂၈
ပါကစၥတန္ႏိုင္ငံတြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသူ တ႐ုတ္တကၠ သိုလ္ဆရာ (၃)ဦးကို ခြဲထြက္ေရးသူပုန္မ်ားအားကိုယ္စားျပဳ၍ သတ္ ျဖတ္ခဲ့သည့္ အေသခံဗုံးခြဲသူအမ်ိဳးသမီးသည္ တိုက္ခိုက္မႈမတိုင္မီ လမ်ားအတြင္း မဟာဘြဲ႕သင္တန္းမ်ားတြင္ တက္ေရာက္သင္ယူေနသူ သင္ၾကားေရးဆရာမတစ္ဦးျဖစ္ေၾကာင္း ကရာခ်ိအရာရွိတစ္ဦးက ဗုဒၶဟူးေန႔တြင္ ေျပာဆိုသည္ဟု Reuters က ဧၿပီလ ၂၇ ရက္ေရးသားသည္။
ကရာခ်ိတကၠသိုလ္ ကြန္ျဖဴးရွပ္ အင္စတီက်ဳ၏ အျပင္ဘက္တြင္ အဂၤါေန႔ (ဧၿပီလ ၂၆ ရက္)က မီနီဗင္ကားတစ္စီး ေပါက္ကြဲမႈ ျဖစ္ပြား ခဲ့ျခင္းမွာ အသက္ ၃ဝ အ႐ြယ္ အဆိုပါအမ်ိဳးသမီးက ေဖာက္ခြဲခဲ့ျခင္းျဖစ္ၿပီး ၎ကိုယ္တိုင္ႏွင့္တကြ တ႐ုတ္ႏိုင္ငံသား ဆရာသုံးဦးႏွင့္ ပါကစၥတန္ယာဥ္ေမာင္းတစ္ဦးတို႔ ေသဆုံးခဲ့ရသည္။
ပါကစၥတန္တြင္ ကာလၾကာရွည္အလုပ္လုပ္ကိုင္ေနသူ တ႐ုတ္ႏိုင္ငံသားမ်ားအား ယခုႏွစ္အတြင္း ပထမဆုံး အႀကီးစားတိုက္ခိုက္မႈလည္းျဖစ္၍ ေပက်င္းက ျပင္းထန္စြာ ရႈတ္ခ်ခဲ့သည္။
အဆိုပါအမ်ိဳးသမီးသည္ အေနာက္ေတာင္ပိုင္း ဘလိုခ်ီစတန္ ျပည္နယ္ အေျခစိုက္ “ဘေလာ့ခ်္ “ လြတ္ေျမာက္ေရးတပ္ေတာ္ (BLA) ခြဲထြက္ေရးအုပ္စုမွ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး အဆိုပါျပည္နယ္မွ သတၱေဗဒဘြဲ႕ရရွိထားသူျဖစ္ေၾကာင္း၊ သားသမီး (၂)ဦး၏ မိခင္ျဖစ္သူသည္ အျခားဘာသာရပ္မ်ားကိုလည္း သင္ယူေနခိုက္ အဆိုပါဘလိုခ်ီစတန္ ျပည္နယ္တြင္ ရင္း ႏွီးျမႇဳပ္ႏွံမႈမ်ား လာေရာက္လုပ္ကိုင္ေနသည့္ ေပက်င္းကို ဆန႔္က်င္ေသာအားျဖင့္ တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားလ်က္ ေဗာ္လံတီယာအ ျဖစ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ကြၽႏ္ုပ္တို႔၏ ျပည္နယ္အတြင္း လာေရာက္အျမတ္ထုတ္ေနသည့္ ပေရာ့ဂ်က္မ်ားအား ခ်က္ခ်င္းရပ္စဲရန္ ဘေလာ့ ခ်္လြတ္ေျမာက္ေရး တပ္ေတာ္က ထပ္မံေတာင္းဆိုလိုက္ေၾကာင္း Reuters သို႔ ေပးပို႔သည့္ BLA ၏ အီးေမးလ္၌ ေဖာ္ျပထားသည္။
ဘေလာ့ခ်္ခြဲထြက္ေရးေျပာက္က်ားတို႔သည္ ၎တို႔ျပည္နယ္၏ သဘာဝအရင္းအျမစ္မ်ားအေပၚ ခြဲေဝခံစားခြင့္ရရွိေရးအတြက္ ဆယ္စုႏွစ္မ်ားစြာ တိုက္ပြဲဝင္ခဲ့ၿပီး မ်ားေသာအားျဖင့္ သဘာဝဓာတ္ေငြ႕စီမံကိန္းမ်ား၊ စီး ပြားေရး အေျခခံအေဆာက္အအုံမ်ားႏွင့္ ပါကစၥတန္လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို ပစ္မွတ္ထားတိုက္ခိုက္လ်က္ရွိသည္။
သို႔ေသာ္ မၾကာေသးမီႏွစ္မ်ားအတြင္း တ႐ုတ္ပေရာဂ်က္မ်ားႏွင့္ ၎စီမံကိန္းမ်ားတြင္ လာေရာက္အလုပ္လုပ္ကိုင္ေနသူ တ႐ုတ္ႏိုင္ငံသားမ်ားကိုလည္း တိုက္ခိုက္လာခဲ့သည္။ ဘလိုခ်ီစတန္ျပည္နယ္ႏွင့္ ျပည္ နယ္တြင္း “ေဂြဒါ ပင္လယ္ေရနက္ဆိပ္ကမ္း”သည္ တ႐ုတ္ႏိုင္ငံ၏ Belt and Road “ ခါးပတ္ႏွင့္ လမ္း ” ကြန္ရက္၏ အေျခခံအေဆာက္အအုံျဖစ္ၿပီး အေရွ႕အလယ္ပိုင္းႏွင့္ ၎ကိုေက်ာ္လြန္၍ ျဖန႔္က်က္ထားေသာ စြမ္းအင္စီမံကိန္းမ်ားအတြက္ အဓိက ခ်ိတ္ဆက္မႈတစ္ခု ျဖစ္သည္။
ပါကစၥတန္တြင္ အေသခံဗုံးခြဲမႈသည္ အစၥလာမ္မစ္စစ္ေသြးႂကြတို႔၏ ႏွစ္ေပါင္းမ်ားစြာ အသားက်လ်က္ရွိသည့္ နည္းဗ်ဴဟာျဖစ္၍ မ်ားေသာ အားျဖင့္ အမ်ိဳးသား သို႔မဟုတ္ ေယာက္်ားငယ္ေလးမ်ားက လုပ္ေဆာင္ေလ့ရွိသည္။ အမ်ိဳးသမီးတစ္ဦး၏ ယခုကဲ့သို႔အေသခံဗုံးခြဲတိုက္ခိုက္မႈ သည္ ကြၽႏိုပ္တို႔၏ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ေနာက္ထပ္တိုက္ခိုက္မည္ျဖစ္ေၾကာင္း သတိေပးခ်က္လည္းျဖစ္သည္ဟု ဘေလ့ာခ်္ခြဲထြက္ေရးသမားတို႔က ေျပာဆိုသည္။
အေသခံတိုက္ခိုက္သည့္ BLA ၏ ၿခိမ္းေျခာက္မႈသည္ ေပက်င္း၏ ပေရာဂ်က္မ်ားႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားအေပၚ အကာအကြယ္ေပးေရး တတ္ ႏိုင္သမွ် လုပ္ေဆာင္ေနေၾကာင္း အာမခံရန္ႀကိဳးပမ္းလ်က္ရွိသည့္ ပါကစၥတန္အတြက္ ႀကီးမားေသာ စိုးရိမ္စရာျဖစ္လာဖြယ္ရွိသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ အဆိုပါ တိုက္ခိုက္မႈအား ျပင္း ျပင္းထန္ထန္ရႈတ္ခ်ခဲ့ၿပီး ပါကစၥတန္အစိုးရအေနျဖင့္ က်ဴးလြန္သူမ်ားအား ထိေရာက္စြာ အျပစ္ေပးအေရးယူရန္ႏွင့္ ယင္းကဲ့သို႔ထပ္မံျဖစ္ပြားျခင္း မျဖစ္ေစေရး တားဆီးရန္ေတာင္းဆိုေၾကာင္းသိရွိရသည္။
အေသခံဗုံးခြဲသူ အမ်ိဳးသမီးသည္ ဘလိုခ်ီစတန္ျပည္နယ္မွ သိပၸံဘာသာ ရပ္ဆိုင္ရာ ဆရာမတစ္ဦးျဖစ္ၿပီး လြန္ခဲ့သည့္ငါးလခန႔္တြင္ ကရာခ်ိတကၠ သိုလ္၌ ဒုတိယမဟာဘြဲ႕အတြက္ တက္ေရာက္သင္ယူေနသူျဖစ္ေၾကာင္း၊ ရဲတပ္ဖြဲ႕၊ အရပ္ဘက္ႏွင့္ စစ္ဘက္ေထာက္လွမ္းေရး ေအဂ်င္စီတို႔က စုံ စမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ပါကစၥတန္ျပည္ထဲေရးဝန္ႀကီးဌာနမွ အမည္မေဖာ္လိုသူ အရာရွိတစ္ဦးကေျပာဆိုသည္။