ပင်ပေါင် ဒစ်ပလိုမေစီကို မျှော်မိသည်

 1287

ရဲထွန်း(သီပေါ) (NP News) - မေ ၈
မေလအကုန်ပိုင်းလောက်မှာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံကို လာနိုင်တဲ့ အာဆီယံရဲ့ မြန်မာအထူးကိုယ် လှယ် Prak Sokhonn ကို မြန်မာပြည်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်းဦးဝင်းမြင့်တို့နဲ့ တွေ့ ခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗီဒီယိုနဲ့ဆွေး‌နွေးမှုအတွင်းမှာ တိုက်တွန်းလိုက်တဲ့အကြောင်း မေလ (၃) ရက်နေ့၊ ဗွီအိုအေ သတင်းအရ ကြားသိလိုက်ရသည်။

အဆိုပါသတင်းထွက်ပေါ်မလာမီ မေလ (၁) ရက်နေ့က အာဆီယံကချမှတ်ထားသော သဘောတူညီချက် ၅ ရပ် ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အတွက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုလုပ်သွားဖို့ အာဆီယံအဖွဲ့ကို အဆိုပြုမယ်လို့၊ အဖွဲ့ဝင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မေလ (၁) ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့ဖြစ်၍ ဤအခြေအနေများကို ဆက်စပ်ကြည့်လိုက်သည့်အခါ မြန်မာအနေဖြင့် အာဆီယံက ချမှတ်ထားသည့် သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်မှု၏ အစိတ်အပိုင်းတရပ်အဖြစ် အာဆီယံကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်မပေးပါက အာဆီယံအနေဖြင့် NUG ကို မလွှဲမရှောင်သာ ထိတွေ့ ဆက်ဆံမှုများ လုပ်တော့မည်ဆိုသည့်အခြေအနေကို တွေ့မြင်နေရပေသည်။

ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်သည့်သတင်းများကို ဖတ်လိုက် ကြားလိုက်ရသည့်အခါ နိုင်ငံ့ အနာဂါတ် အတွက် ရင်လေးနေမိသည်။ ရင်လေးသည်ဆိုခြင်းထက် စိုးရိမ်ပူပန်မိသည်ဆိုပါက ပိုမှန်ပေလိမ့်မည်။ မြန်မာ့ အရေးကျွမ်းကျင်သူ နိုင်ငံတကာမှ ပညာရှင်များ နည်းတူ၊ မြန်မာပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်ခြေများ ကို စာရေးသူလည်း တွေးပူနေမိသည်။

စိုးရိမ်သောကများသူတို့ ဖြစ်တတ်သည့်အတိုင်း မဖြစ်နိုင်ဘူးထင်ရသည်များ ဖြစ်လာပါစေဟု ဆုတောင်းနေမိပြန် သည်။
ဧပြီလ ၁၉ ရက်နေ့က ဗီအိုအေ သတင်းတပုဒ်တွင် ကြားလိုက်ရသည်မှာ၊ နစက၏ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုကြဖို့၊ မတူညီတဲ့အမြင် သဘောထားတွေကိုလည်း စိတ်ရှည်သီးခံကြဖို့၊ သတင်းစကားပါးလိုက်ကြောင်း ကြားလိုက်ရသည်။ ဤသို့ပြောဆိုခြင်းမှာ နစကနှင့် တွေ့ဆုံဆွေးနွေးရန် ညွှန်းဆိုခြင်း မဟုတ်ကြောင်း သတင်း စကားသယ်ဆောင်လာသူက ပြောကြားသည်ဟုလည်း ဆိုသည်။

သို့သော်လည်း မြန်မာပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့ဟုပြောလျှင် မည်သူတွေကို ဆိုလိုသနည်း။ ယခု လတ်တလောသတင်းများအရ ပြင်းပြင်းထန်ထန်ပဋိပက္ခဖြစ်ပွားနေသူများမှာ NLD ပါတီဝင်များ၊ လိုလား ထောက်ခံသူများကတဖက်နှင့် USDP ပါတီဝင်များ လိုလားထောက်ခံသူများ၊ တပ်မတော်ကို လိုလားထောက်ခံ သူများကတဖက် ဖြစ်ပွားနေကြခြင်းသာဖြစ်သည်။ ထိုအုပ်စုနှစ်ခုမှလွဲ၍ တခြားကြီးကြီးမားမား ပဋိပက္ခ ဖြစ်ပွားနေ သောပြည်သူများကို ကျွန်တော်တော့ မမြင်မိပေ။ မည်သို့ပင်ဆိုစေ ပြဿနာများကို အပြုသဘောဘက်မှ ချဉ်းကပ်လေ့ရှိသော ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်၏သတင်းစကားမှာ ပြည်သူတွေအချင်းချင်းကြားက ပဋိပက္ခများကို လက်နက်ဖြင့် အကြမ်းဖက်ဖြေရှင်းခြင်းကို နှစ်ခြိုက်ခြင်းမရှိကြောင်း ဖေါ်ပြသည်ဟုသာ မြင်မိပေ သည်။

ဤသတင်းစကားထွက်ပေါ်မလာမီ မတ်လ ၂၆ ရက်နေ့ ဗွီအိုအေ သတင်းတရပ်မှာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို နောင်မှာ စဉ်းစားပေးသွားမယ်လို့ စစ်တပ်က သူ့ကိုအကြောင်းပြန်တယ်လို့ အာဆီယံအထူး ကိုယ်စားလှယ်က ပြောဖူးသည်။ နစကဥက္ကဋ္ဌ၏ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း မြန်မာနိုင်ငံမှာ တချိန်ကျရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူတွေ ပါဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးနိုင်သူ အဖြစ်နဲ့လည်း အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က ရည်ညွှန်းပြောဆိုခဲ့ဖူးသည့်အတွက် ယခု ဒုတိယအကြိမ် လာရောက်သည့်အခါ တွေ့ခွင့်ရလိမ့်မည်ဟု မျှော်လင့်ပုံရပေသည်။

William Clay တစ်ခါကပြောဖူးသလို.. This is quite a game, politics. There are no permanent enemies, and no permanent friends, only permanent interests. နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခုပဲ။ အမြဲတမ်း ရန်သူဆိုတာမရှိသလို၊ အမြဲတမ်း မိတ်ဆွေဆိုတာလည်း မရှိဘူး။ ရှိတာက အမြဲတမ်း အကျိုးစီးပွား ဆိုတာပဲ။
မှန်ပေသည်။ သမိုင်းကိုပြန်ကြည့်လိုက်လျှင် မည်သို့မျှ လက်တွဲနိုင်လိမ့်မည်ဟုမထင်ရသော ရန်သူတော်များ သည် အရေးကြီးသည့် ဘုံအကျိုးစီးပွားကြောင့် လက်တွဲကြရသည်။ မြန်မာ့အရေးကိုစဉ်းစားရင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးအယူအဆချင်းမတူရာမှ ရန်သူတော်ဖြစ်ခဲ့ကြသည့် တရုတ်နှင့် အမေရိကန်တို့ ၁၉၇ဝ ခုနှစ် များဆီက ပြန်လည် လက်တွဲမိခဲ့သည့်အကြောင်းကို တွေးနေမိသည်။

၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်များ နိုင်ငံတော်အာဏာရလာပြီးကတည်းက အမေရိကန်နှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ အမေရိကန်အစိုးရအဆက်ဆက်က ထိုင်ဝမ်အစိုးရကိုသာ တရုတ်နိုင်ငံ၏ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်မပြုပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံကို ကုန်သွယ် ရေးပိတ်ဆို့ခြင်း၊ သံတမန်ရေးအရ မဆက်ဆံကြောင်း သပိတ်မှောက်ခြင်း စသည့် စစ်အေးခေတ် ဝါဒဖြန့် ယန္တရားဖြင့် အမှောင်ချသည်။ အင်အားကြီးနှစ်နိုင်ငံတို့သည် ကိုရီးယားစစ်ပွဲတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသော် လည်း နှစ်ပေါင်း ၂ဝ ကျော်ကြာအတွင်း အစိုးရအဖွဲ့အချင်းချင်း မည်သည့် ဆက်ဆံ ပြောဆိုမှုမျှမရှိခဲ့သည့်တိုင် အောင် တင်းမာခဲ့ကြသည်။ သို့သော်လည်း ၁၉၇၁ ခုနှစ်တွင် နှစ်နိုင်ငံအစိုးရတို့သည် အချင်းချင်းအပြန်အလှန် ဆက်ဆံရေးလမ်းပွင့်နိုင်ရန် ပင်းပေါင်ဒစ်ပလိုမေစီဖြင့် ကြိုးစားခဲ့ကြသည်။ အကြောင်းမှာ နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားကြောင့်ဖြစ်သည်။

တရုတ်သည် အယူဝါဒရေးရာ မဟာမိတ်ကြီး ဆိုဗီယက်ယူနီယံနှင့် သဘောကွဲလွဲမှု ကြီးမားစွာဖြစ်ပွားပြီးနောက် နောက်ဆက်တွဲအဖြစ်၊ နယ်စပ်ဒေသတလျှောက် သွေးထွက်သံယိုတိုက်ပွဲများဖြစ်သည်အထိ ဆက်ဆံရေး ဆိုးရွားခဲ့သည်။ ဆိုဗီယက်ဆိုရှယ်နယ်ချဲ့ဟု သမုတ်ခေါ်ဝေါ်ခဲ့ပြီး၊ မလွှဲမရှောင်သာစွာ တရုတ်ပြည်နှင့် အကြီး အကျယ်စစ်ဖြစ်ရလိမ့်မည်ဟု တွက်ဆခဲ့သည်။ ဤသို့ဖြစ်လျှင် အမေရိကန်နှင့်ရင်းနှီးသည့် မိတ်ဆွေဖွဲ့နိုင်မှုက ဆိုဗီယက်တို့၏ ကျူးကျော်တိုက်ခိုက်လာနိုင်ခြေကို ဟန့်တားနိုင်လိမ့်မည်ဟု တွက်သည်။

အမေရိကန်အနေဖြင့်လည်း စူပါပါဝါ ဆိုဗီယက်ယူနီယံနှင့် အင်အားချင်းယှဉ်ပြိုင်နေရချိန်တွင် ဟဲဗီးဝိတ် တရုတ် နှင့် မိတ်ဆွေဖြစ်နေခြင်းဖြင့် မိမိဘက်မှအလေးတင်းနိုင်လိမ့်မည်ဟု တွက်ဆသည်။ ၁၉၆၇ ခုနှစ်က သမ္မတ နစ်ဆင် က “ကျွန်တော်တို့ဟာ တရုတ်ပြည်ကို ကမ္ဘာ့မိသားစု (ကုလသမဂ္ဂ) အပြင်ဘက်မှာ အမြဲတမ်းချန်ထားခဲ့ ဖို့ဆိုတာ မဖြစ်နိုင်ပါ” ဟု ရေးသားခဲ့ဖူးရာ တရုတ်တို့အဖို့ ကွန်မြူနစ်ဆန့်ကျင်ရေးသမားကြီး နစ်ဆင်၏ တရုတ် ပြည်အပေါ်သဘောထားကို မှန်းဆနိုင်လေသည်။

ထိုသို့သော နောက်ခံအချက်အလက်များကြောင့် တရုတ်နှင့် အမေရိကန်အကြားဆက်ဆံရေးဖွင့်လှစ်နိုင်ရန် တိတ်တဆိတ် ဆက်သွယ်မှုများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း အမှန်တကယ် လူသိရှင်ကြား ပေါ်ထွက်လာ မှုမှာ ပင်ပေါင် ကစားသမားများအကြား အပြန်အလှန်ဆက်ဆံမှုက စတင်ခဲ့သည်ဟု ဆိုရပေမည်။

၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပနေသည့်အချိန်တွင်၊ အသက် ၁၉ နှစ်အရွယ် အမေရိကန်ကစားသမား ဂလင်း ကိုဝင်က အင်္ကျီအနီရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် တရုတ် အမျိုးသားအသင်းလိုက်ပါလာသည့် လွန်းပျံဘတ်စ်ကားပေါ်ခုန်တက်သွားလေရာ ဆံပင်စုတ်ဖွားဖွားနှင့် ကိုဝင်ကို တရုတ်ကစားသမားများက မယုံသင်္ကာကြည့်ကြလေသည်။ သို့သော် တရုတ်အသင်းမှ ကစားသမားကြီး ကျန်း စိတုန်းက ရှေ့တိုးလာပြီး ကိုဝင်ကို လက်ဆွဲနှုတ်ဆက်ကာ စကားပြန်မှတဆင့် စကားပြောလေသည်။ သူက ကိုဝင်ကို လက်ဆွဲနှုတ်ဆက် စကားစမည်ပြောသည့်အပြင် ပိုးချည်သားဖြင့် ယက်ဖောက်ထားသည့် “ဟွမ်စန်း” တောင်ပုံပန်းချီကားကိုလည်း လက်ဆောင်ပေးလေရာ၊ ကိုဝင် ကလည်း နောက်တစ်နေ့တွင် တီရှပ်တထည် လက်ဆောင်ပြန်ပေးသည်။ ဤအဖြစ်အပျက်မှာ နာဂိုယာ စားပွဲတင်တင်းနစ်ပြိုင်ပွဲအတွင်း၊ မမျှော်လင့်ဘဲ ဖြစ်သွားသည့် တရုတ်-အမေရိကန်တို့အကြားက ချစ်ကြည်ရေး အစပျိုးမှု တစ်ခုဖြစ်လေသည်။

အမှန်မှာ တရုတ်ကစားသမားများကို အမေရိကန်များနှင့် ဆက်ဆံခြင်းမပြုရန် တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခဲ့ သည်။ ဤသို့တားမြစ်ထားသည့်ကြားမှ ကစားသမားအချင်းချင်း အပြန်အလှန်လက်ဆောင် ဖလှယ်ခဲ့ကြသည်ကို ဥက္ကဋ္ဌ မော်က နိုင်ငံရေးအခွင့်ကောင်းယူကာ “ကျန်းစိတုန်းဟာ အားကစားသမားကောင်းတစ်ယောက် ဖြစ်ရုံ သာမကဘူး။ သံတမန် ကောင်းတစ်ယောက်လည်းဖြစ်တယ်” ဟု ချီးကျူးခဲ့သည်။ အမေရိကန်အသင်း နာဂိုယာ က ပြန်ခါနီးသည့်အချိန်တွင် မော်က ကမ္ဘာကိုလှုပ်ခတ်သွားစေသည့် ဖိတ်ကြားမှုကို ပြုလုပ်လိုက်လေသည်။ အမေရိကန်အသင်းကို တရုတ်ပြည်သို့ လာရောက်လည်ပတ်ရန်၊ ကုန်ကျစားရိတ်အားလုံးတာဝန်ယူသည့် ဖိတ်ကြားမှုကိုပြုလိုက်ခြင်းဖြစ်သည်။ အမေရိကန်အသင်းကလည်း ဂျပန်ရှိ အမေရိကန်သံရုံးကို တင်ပြပြီး တရုတ် ၏ဖိတ်ကြားချက်ကို လက်ခံလိုက်လေသည်။

“ကျွန်တော် အလွန်အံ့သြသွားသလို သိပ်လည်းကျေနပ်သွားတယ်။ တရုတ်က ဒီလို ပင်ပေါင်အသင်းချင်းတွေ့ တဲ့ပုံစံမျိုးနဲ့ စတင်လာလိမ့်မယ်လို့ လုံးလုံးမျှော်လင့်မထားမိဘူး” ဟု နောက်ပိုင်းတွင် နစ်ဆင်က သူ၏စာအုပ်တွင် ရေးသားခဲ့သည်။

ထို့ကြောင့် သမိုင်းတွင် ကျန်ရစ်မည့် ကမ္ဘာ့ရန်သူတော်နိုင်ငံကြီးနှစ်ခုအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး လမ်းပွင့်စေရန် ပင်ပေါင်ဒစ်ပလိုမေစီဖြင့် စခဲ့ကြသည်ဟု ဆိုကြလေသည်။

ကမ္ဘာ့ရန်သူတော်နိုင်ငံကြီးနှစ်ခုအကြား မိမိတို့၏ဘုံအကျိုးစီးပွားအတွက်၊ တစ်နိုင်ငံက တစ်နိုင်ငံကို လိုအပ်လာ သည့်အခါ၊ နှစ်ဖက်စလုံးကလည်း ငါတို့ညီညွတ်ကြမှ ဖြစ်တော့မယ် ဟု တိတ်တိတ်ဆိတ်ဆိတ် သဘောထား များရှိလာနေချိန်တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်ကလေးများမှ စတင်ခဲ့ကြသလို၊ မြန်မာ့နိုင်ငံရေးတွင် လည်း ဤသို့ဖြစ်လာပါစေဟု မျှော်လင့်နေမိပါတော့သည်။

Zawgyi Version;
ပင္ေပါင္ ဒစ္ပလိုေမစီကို ေမွ်ာ္မိသည္
ရဲထြန္း(သီေပါ) (NP News) - ေမ ၈
ေမလအကုန္ပိုင္းေလာက္မွာ ဒုတိယအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံကို လာႏိုင္တဲ့ အာဆီယံရဲ႕ ျမန္မာအထူးကိုယ္ လွယ္ Prak Sokhonn ကို ျမန္မာျပည္လာတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတေဟာင္းဦးဝင္းျမင့္တို႔နဲ႔ ေတြ႕ ခြင့္ေပးဖို႔ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို ဗီဒီယိုနဲ႔ေဆြး‌ေႏြးမႈအတြင္းမွာ တိုက္တြန္းလိုက္တဲ့အေၾကာင္း ေမလ (၃) ရက္ေန႔၊ ဗြီအိုေအ သတင္းအရ ၾကားသိလိုက္ရသည္။

အဆိုပါသတင္းထြက္ေပၚမလာမီ ေမလ (၁) ရက္ေန႔က အာဆီယံကခ်မွတ္ထားေသာ သေဘာတူညီခ်က္ ၅ ရပ္ ကို ျမန္မာႏိုင္ငံက အေကာင္အထည္ေဖာ္ရာမွာ တိုးတက္မႈမရွိတဲ့အတြက္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ တရားဝင္မဟုတ္တဲ့ ထိေတြ႕ဆက္ဆံမႈလုပ္သြားဖို႔ အာဆီယံအဖြဲ႕ကို အဆိုျပဳမယ္လို႔၊ အဖြဲ႕ဝင္ မေလးရွားႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးက ေမလ (၁) ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

သို႔ျဖစ္၍ ဤအေျခအေနမ်ားကို ဆက္စပ္ၾကည့္လိုက္သည့္အခါ ျမန္မာအေနျဖင့္ အာဆီယံက ခ်မွတ္ထားသည့္ သေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖၚမႈ၏ အစိတ္အပိုင္းတရပ္အျဖစ္ အာဆီယံကိုယ္စားလွယ္ကို ေဒၚေအာင္ဆန္းစုၾကည္တို႔ႏွင့္ ေတြ႕ခြင့္မေပးပါက အာဆီယံအေနျဖင့္ NUG ကို မလႊဲမေရွာင္သာ ထိေတြ႕ ဆက္ဆံမႈမ်ား လုပ္ေတာ့မည္ဆိုသည့္အေျခအေနကို ေတြ႕ျမင္ေနရေပသည္။

ယခုတေလာ ျမန္မာ့ႏိုင္ငံေရးနဲ႔ပတ္သက္သည့္သတင္းမ်ားကို ဖတ္လိုက္ ၾကားလိုက္ရသည့္အခါ ႏိုင္ငံ့ အနာဂါတ္ အတြက္ ရင္ေလးေနမိသည္။ ရင္ေလးသည္ဆိုျခင္းထက္ စိုးရိမ္ပူပန္မိသည္ဆိုပါက ပိုမွန္ေပလိမ့္မည္။ ျမန္မာ့ အေရးကြၽမ္းက်င္သူ ႏိုင္ငံတကာမွ ပညာရွင္မ်ား နည္းတူ၊ ျမန္မာျပည္အစိတ္စိတ္အမႊာမႊာ ၿပိဳကြဲသြားႏိုင္ေျခမ်ား ကို စာေရးသူလည္း ေတြးပူေနမိသည္။

စိုးရိမ္ေသာကမ်ားသူတို႔ ျဖစ္တတ္သည့္အတိုင္း မျဖစ္ႏိုင္ဘူးထင္ရသည္မ်ား ျဖစ္လာပါေစဟု ဆုေတာင္းေနမိျပန္ သည္။
ဧၿပီလ ၁၉ ရက္ေန႔က ဗီအိုေအ သတင္းတပုဒ္တြင္ ၾကားလိုက္ရသည္မွာ၊ နစက၏ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈရင္ဆိုင္ေနရသည့္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္သူေတြ စည္းလုံးညီၫြတ္ၾကဖို႔၊ ပြင့္ပြင့္လင္းလင္း ေျပာဆိုၾကဖို႔၊ မတူညီတဲ့အျမင္ သေဘာထားေတြကိုလည္း စိတ္ရွည္သီးခံၾကဖို႔၊ သတင္းစကားပါးလိုက္ေၾကာင္း ၾကားလိုက္ရသည္။ ဤသို႔ေျပာဆိုျခင္းမွာ နစကႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ၫႊန္းဆိုျခင္း မဟုတ္ေၾကာင္း သတင္း စကားသယ္ေဆာင္လာသူက ေျပာၾကားသည္ဟုလည္း ဆိုသည္။

သို႔ေသာ္လည္း ျမန္မာျပည္သူေတြ စည္းလုံးညီၫြတ္ၾကဖို႔ဟုေျပာလွ်င္ မည္သူေတြကို ဆိုလိုသနည္း။ ယခု လတ္တေလာသတင္းမ်ားအရ ျပင္းျပင္းထန္ထန္ပဋိပကၡျဖစ္ပြားေနသူမ်ားမွာ NLD ပါတီဝင္မ်ား၊ လိုလား ေထာက္ခံသူမ်ားကတဖက္ႏွင့္ USDP ပါတီဝင္မ်ား လိုလားေထာက္ခံသူမ်ား၊ တပ္မေတာ္ကို လိုလားေထာက္ခံ သူမ်ားကတဖက္ ျဖစ္ပြားေနၾကျခင္းသာျဖစ္သည္။ ထိုအုပ္စုႏွစ္ခုမွလြဲ၍ တျခားႀကီးႀကီးမားမား ပဋိပကၡ ျဖစ္ပြားေန ေသာျပည္သူမ်ားကို ကၽြန္ေတာ္ေတာ့ မျမင္မိေပ။ မည္သို႔ပင္ဆိုေစ ျပႆနာမ်ားကို အျပဳသေဘာဘက္မွ ခ်ဥ္းကပ္ေလ့ရွိေသာ ကၽြန္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္၏သတင္းစကားမွာ ျပည္သူေတြအခ်င္းခ်င္းၾကားက ပဋိပကၡမ်ားကို လက္နက္ျဖင့္ အၾကမ္းဖက္ေျဖရွင္းျခင္းကို ႏွစ္ၿခိဳက္ျခင္းမရွိေၾကာင္း ေဖၚျပသည္ဟုသာ ျမင္မိေပ သည္။

ဤသတင္းစကားထြက္ေပၚမလာမီ မတ္လ ၂၆ ရက္ေန႔ ဗြီအိုေအ သတင္းတရပ္မွာ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ကို ေနာင္မွာ စဥ္းစားေပးသြားမယ္လို႔ စစ္တပ္က သူ႔ကိုအေၾကာင္းျပန္တယ္လို႔ အာဆီယံအထူး ကိုယ္စားလွယ္က ေျပာဖူးသည္။ နစကဥကၠ႒၏ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကိုလည္း ျမန္မာႏိုင္ငံမွာ တခ်ိန္က်ရင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ သက္ဆိုင္သူေတြ ပါဝင္လာႏိုင္ဖို႔ လမ္းဖြင့္ေပးႏိုင္သူ အျဖစ္နဲ႔လည္း အာဆီယံအထူးကိုယ္စားလွယ္ Prak Sokhonn က ရည္ၫႊန္းေျပာဆိုခဲ့ဖူးသည့္အတြက္ ယခု ဒုတိယအႀကိမ္ လာေရာက္သည့္အခါ ေတြ႕ခြင့္ရလိမ့္မည္ဟု ေမွ်ာ္လင့္ပုံရေပသည္။

William Clay တစ္ခါကေျပာဖူးသလို.. This is quite a game, politics. There are no permanent enemies, and no permanent friends, only permanent interests. ႏိုင္ငံေရးဆိုတာ ကစားပြဲတစ္ခုပဲ။ အၿမဲတမ္း ရန္သူဆိုတာမရွိသလို၊ အၿမဲတမ္း မိတ္ေဆြဆိုတာလည္း မရွိဘူး။ ရွိတာက အၿမဲတမ္း အက်ိဳးစီးပြား ဆိုတာပဲ။
မွန္ေပသည္။ သမိုင္းကိုျပန္ၾကည့္လိုက္လွ်င္ မည္သို႔မွ် လက္တြဲႏိုင္လိမ့္မည္ဟုမထင္ရေသာ ရန္သူေတာ္မ်ား သည္ အေရးႀကီးသည့္ ဘုံအက်ိဳးစီးပြားေၾကာင့္ လက္တြဲၾကရသည္။ ျမန္မာ့အေရးကိုစဥ္းစားရင္း တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ႏိုင္ငံေရးအယူအဆခ်င္းမတူရာမွ ရန္သူေတာ္ျဖစ္ခဲ့ၾကသည့္ တ႐ုတ္ႏွင့္ အေမရိကန္တို႔ ၁၉၇ဝ ခုႏွစ္ မ်ားဆီက ျပန္လည္ လက္တြဲမိခဲ့သည့္အေၾကာင္းကို ေတြးေနမိသည္။

၁၉၄၉ ခုႏွစ္ တ႐ုတ္ကြန္ျမဴနစ္မ်ား ႏိုင္ငံေတာ္အာဏာရလာၿပီးကတည္းက အေမရိကန္ႏွင့္ ဆက္ဆံေရး ပ်က္ျပားခဲ့သည္။ အေမရိကန္အစိုးရအဆက္ဆက္က ထိုင္ဝမ္အစိုးရကိုသာ တ႐ုတ္ႏိုင္ငံ၏ တရားဝင္ အစိုးရ အျဖစ္ အသိအမွတ္ျပဳၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို အသိအမွတ္မျပဳေပ။ သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံကို ကုန္သြယ္ ေရးပိတ္ဆို႔ျခင္း၊ သံတမန္ေရးအရ မဆက္ဆံေၾကာင္း သပိတ္ေမွာက္ျခင္း စသည့္ စစ္ေအးေခတ္ ဝါဒျဖန႔္ ယႏၱရားျဖင့္ အေမွာင္ခ်သည္။ အင္အားႀကီးႏွစ္ႏိုင္ငံတို႔သည္ ကိုရီးယားစစ္ပြဲတြင္ ရင္ဆိုင္တိုက္ခိုက္ခဲ့ၾကေသာ္ လည္း ႏွစ္ေပါင္း ၂ဝ ေက်ာ္ၾကာအတြင္း အစိုးရအဖြဲ႕အခ်င္းခ်င္း မည္သည့္ ဆက္ဆံ ေျပာဆိုမႈမွ်မရွိခဲ့သည့္တိုင္ ေအာင္ တင္းမာခဲ့ၾကသည္။ သို႔ေသာ္လည္း ၁၉၇၁ ခုႏွစ္တြင္ ႏွစ္ႏိုင္ငံအစိုးရတို႔သည္ အခ်င္းခ်င္းအျပန္အလွန္ ဆက္ဆံေရးလမ္းပြင့္ႏိုင္ရန္ ပင္းေပါင္ဒစ္ပလိုေမစီျဖင့္ ႀကိဳးစားခဲ့ၾကသည္။ အေၾကာင္းမွာ ႏွစ္ႏိုင္ငံလုံး၏ ဘုံအက်ိဳးစီးပြားေၾကာင့္ျဖစ္သည္။

တ႐ုတ္သည္ အယူဝါဒေရးရာ မဟာမိတ္ႀကီး ဆိုဗီယက္ယူနီယံႏွင့္ သေဘာကြဲလြဲမႈ ႀကီးမားစြာျဖစ္ပြားၿပီးေနာက္ ေနာက္ဆက္တြဲအျဖစ္၊ နယ္စပ္ေဒသတေလွ်ာက္ ေသြးထြက္သံယိုတိုက္ပြဲမ်ားျဖစ္သည္အထိ ဆက္ဆံေရး ဆိုး႐ြားခဲ့သည္။ ဆိုဗီယက္ဆိုရွယ္နယ္ခ်ဲ႕ဟု သမုတ္ေခၚေဝၚခဲ့ၿပီး၊ မလႊဲမေရွာင္သာစြာ တ႐ုတ္ျပည္ႏွင့္ အႀကီး အက်ယ္စစ္ျဖစ္ရလိမ့္မည္ဟု တြက္ဆခဲ့သည္။ ဤသို႔ျဖစ္လွ်င္ အေမရိကန္ႏွင့္ရင္းႏွီးသည့္ မိတ္ေဆြဖြဲ႕ႏိုင္မႈက ဆိုဗီယက္တို႔၏ က်ဴးေက်ာ္တိုက္ခိုက္လာႏိုင္ေျခကို ဟန႔္တားႏိုင္လိမ့္မည္ဟု တြက္သည္။

အေမရိကန္အေနျဖင့္လည္း စူပါပါဝါ ဆိုဗီယက္ယူနီယံႏွင့္ အင္အားခ်င္းယွဥ္ၿပိဳင္ေနရခ်ိန္တြင္ ဟဲဗီးဝိတ္ တ႐ုတ္ ႏွင့္ မိတ္ေဆြျဖစ္ေနျခင္းျဖင့္ မိမိဘက္မွအေလးတင္းႏိုင္လိမ့္မည္ဟု တြက္ဆသည္။ ၁၉၆၇ ခုႏွစ္က သမၼတ နစ္ဆင္ က “ကၽြန္ေတာ္တို႔ဟာ တ႐ုတ္ျပည္ကို ကမာၻ႔မိသားစု (ကုလသမဂၢ) အျပင္ဘက္မွာ အၿမဲတမ္းခ်န္ထားခဲ့ ဖို႔ဆိုတာ မျဖစ္ႏိုင္ပါ” ဟု ေရးသားခဲ့ဖူးရာ တ႐ုတ္တို႔အဖို႔ ကြန္ျမဴနစ္ဆန႔္က်င္ေရးသမားႀကီး နစ္ဆင္၏ တ႐ုတ္ ျပည္အေပၚသေဘာထားကို မွန္းဆႏိုင္ေလသည္။

ထိုသို႔ေသာ ေနာက္ခံအခ်က္အလက္မ်ားေၾကာင့္ တ႐ုတ္ႏွင့္ အေမရိကန္အၾကားဆက္ဆံေရးဖြင့္လွစ္ႏိုင္ရန္ တိတ္တဆိတ္ ဆက္သြယ္မႈမ်ားျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္လည္း အမွန္တကယ္ လူသိရွင္ၾကား ေပၚထြက္လာ မႈမွာ ပင္ေပါင္ ကစားသမားမ်ားအၾကား အျပန္အလွန္ဆက္ဆံမႈက စတင္ခဲ့သည္ဟု ဆိုရေပမည္။

၁၉၇၁ ခုႏွစ္က ဂ်ပန္ႏိုင္ငံ နာဂိုယာၿမိဳ႕တြင္ ကမာၻ႔စားပြဲတင္တင္းနစ္ၿပိဳင္ပြဲက်င္းပေနသည့္အခ်ိန္တြင္၊ အသက္ ၁၉ ႏွစ္အ႐ြယ္ အေမရိကန္ကစားသမား ဂလင္း ကိုဝင္က အက်ႌအနီေရာင္ဝတ္စုံမ်ား ဝတ္ဆင္ထားသည့္ တ႐ုတ္ အမ်ိဳးသားအသင္းလိုက္ပါလာသည့္ လြန္းပ်ံဘတ္စ္ကားေပၚခုန္တက္သြားေလရာ ဆံပင္စုတ္ဖြားဖြားႏွင့္ ကိုဝင္ကို တ႐ုတ္ကစားသမားမ်ားက မယုံသကၤာၾကည့္ၾကေလသည္။ သို႔ေသာ္ တ႐ုတ္အသင္းမွ ကစားသမားႀကီး က်န္း စိတုန္းက ေရွ႕တိုးလာၿပီး ကိုဝင္ကို လက္ဆြဲႏႈတ္ဆက္ကာ စကားျပန္မွတဆင့္ စကားေျပာေလသည္။ သူက ကိုဝင္ကို လက္ဆြဲႏႈတ္ဆက္ စကားစမည္ေျပာသည့္အျပင္ ပိုးခ်ည္သားျဖင့္ ယက္ေဖာက္ထားသည့္ “ဟြမ္စန္း” ေတာင္ပုံပန္းခ်ီကားကိုလည္း လက္ေဆာင္ေပးေလရာ၊ ကိုဝင္ ကလည္း ေနာက္တစ္ေန႔တြင္ တီရွပ္တထည္ လက္ေဆာင္ျပန္ေပးသည္။ ဤအျဖစ္အပ်က္မွာ နာဂိုယာ စားပြဲတင္တင္းနစ္ၿပိဳင္ပြဲအတြင္း၊ မေမွ်ာ္လင့္ဘဲ ျဖစ္သြားသည့္ တ႐ုတ္-အေမရိကန္တို႔အၾကားက ခ်စ္ၾကည္ေရး အစပ်ိဳးမႈ တစ္ခုျဖစ္ေလသည္။

အမွန္မွာ တ႐ုတ္ကစားသမားမ်ားကို အေမရိကန္မ်ားႏွင့္ ဆက္ဆံျခင္းမျပဳရန္ တင္းတင္းၾကပ္ၾကပ္ ပိတ္ပင္ထားခဲ့ သည္။ ဤသို႔တားျမစ္ထားသည့္ၾကားမွ ကစားသမားအခ်င္းခ်င္း အျပန္အလွန္လက္ေဆာင္ ဖလွယ္ခဲ့ၾကသည္ကို ဥကၠ႒ ေမာ္က ႏိုင္ငံေရးအခြင့္ေကာင္းယူကာ “က်န္းစိတုန္းဟာ အားကစားသမားေကာင္းတစ္ေယာက္ ျဖစ္႐ုံ သာမကဘူး။ သံတမန္ ေကာင္းတစ္ေယာက္လည္းျဖစ္တယ္” ဟု ခ်ီးက်ဴးခဲ့သည္။ အေမရိကန္အသင္း နာဂိုယာ က ျပန္ခါနီးသည့္အခ်ိန္တြင္ ေမာ္က ကမာၻကိုလႈပ္ခတ္သြားေစသည့္ ဖိတ္ၾကားမႈကို ျပဳလုပ္လိုက္ေလသည္။ အေမရိကန္အသင္းကို တ႐ုတ္ျပည္သို႔ လာေရာက္လည္ပတ္ရန္၊ ကုန္က်စားရိတ္အားလုံးတာဝန္ယူသည့္ ဖိတ္ၾကားမႈကိုျပဳလိုက္ျခင္းျဖစ္သည္။ အေမရိကန္အသင္းကလည္း ဂ်ပန္ရွိ အေမရိကန္သံ႐ုံးကို တင္ျပၿပီး တ႐ုတ္ ၏ဖိတ္ၾကားခ်က္ကို လက္ခံလိုက္ေလသည္။

“ကၽြန္ေတာ္ အလြန္အံ့ၾသသြားသလို သိပ္လည္းေက်နပ္သြားတယ္။ တ႐ုတ္က ဒီလို ပင္ေပါင္အသင္းခ်င္းေတြ႕ တဲ့ပုံစံမ်ိဳးနဲ႔ စတင္လာလိမ့္မယ္လို႔ လုံးလုံးေမွ်ာ္လင့္မထားမိဘူး” ဟု ေနာက္ပိုင္းတြင္ နစ္ဆင္က သူ၏စာအုပ္တြင္ ေရးသားခဲ့သည္။

ထို႔ေၾကာင့္ သမိုင္းတြင္ က်န္ရစ္မည့္ ကမာၻ႔ရန္သူေတာ္ႏိုင္ငံႀကီးႏွစ္ခုအၾကား ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရး လမ္းပြင့္ေစရန္ ပင္ေပါင္ဒစ္ပလိုေမစီျဖင့္ စခဲ့ၾကသည္ဟု ဆိုၾကေလသည္။

ကမာၻ႔ရန္သူေတာ္ႏိုင္ငံႀကီးႏွစ္ခုအၾကား မိမိတို႔၏ဘုံအက်ိဳးစီးပြားအတြက္၊ တစ္ႏိုင္ငံက တစ္ႏိုင္ငံကို လိုအပ္လာ သည့္အခါ၊ ႏွစ္ဖက္စလုံးကလည္း ငါတို႔ညီၫြတ္ၾကမွ ျဖစ္ေတာ့မယ္ ဟု တိတ္တိတ္ဆိတ္ဆိတ္ သေဘာထား မ်ားရွိလာေနခ်ိန္တြင္ မထင္မွတ္ထားသည့္ အျဖစ္အပ်က္ကေလးမ်ားမွ စတင္ခဲ့ၾကသလို၊ ျမန္မာ့ႏိုင္ငံေရးတြင္ လည္း ဤသို႔ျဖစ္လာပါေစဟု ေမွ်ာ္လင့္ေနမိပါေတာ့သည္။

Related news

© 2021. All rights reserved.