အသက် ၄ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည့် အိန္ဒိယနိုင်ငံသား နှစ်ဦးကို ဖမ်းဆီး

1153

ဖြိုးခန့် (NP News) - ဇွန် ၁၆
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ချ်ပြည်နယ် Muzaffarnagar ခရိုင်ရှိမီရာပူးလ်ဒါပတ် တောထဲတွင် အရွယ်မရောက်သေးသော အသက်၄နှစ်အရွယ်မိန်းခလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီးစွန့်ပစ်ထားခဲ့သည်ဟု စွပ်စွဲခံထားရသူနှစ်ဦးကိုအိန္ဒိယ ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်းသိရသည်။
အဆိုပါအသက် ၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်သည် ဇွန်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဂျန်ဆက်ဒေသတွင် သတိလစ်နေသည့်ပုံစံမျိုးဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ANI သတင်းဌာနမှ ဖော်ပြထားသည်။
ရဲတပ်ဖွဲ့သည် အဆိုပါကလေးငယ်ကို နီးစပ်ရာဆေးရုံကို တင်ပို့ခဲ့ပြီးနောက် မီရွတ်မြို့ရှိ ဆေးရုံသို့ပြောင်းရွှေ့ ကုသမှုခံယူနေသည့် ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအရွယ်မရောက်သေးသော မိန်းကလေးငယ်ကို ဟိန္ဒူဘာသာရေးဆရာတစ်ဦးနှင့် အခြားအမျိုးသား တစ်ဦးတို့က အဓ္ဓမပြုကျင့်ခဲ့ကြောင်း အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်၏ မိခင်က ပြောဆိုခဲ့ကြောင်း သိရ သည်။
အဆိုပါအဓမ္မပြုကျင့်ခံရသော မိန်းကလေး၏မိခင်ဖြစ်သူတိုင်ကြားမှုကိုအခြေခံပြီး ရဲတပ်ဖွဲ့သည် ဆိုနီကက်ယက် အမည်ရှိ ဟိန္ဒူဘာသာရေးဆရာနှင့် အခြားအမျိုးသားတစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး စွပ်စွဲခံထားရသူနှစ်ဦးကို ဖမ်းဆီးထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောသည်။
https://www.indiatoday.in/crime/story/minor-girl-dies-suspected-gang-rape-up-muzaffarnagar-two-held-1963090-2022-06-16

Zawgyi Version;
အသက္ ၄ ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးကို အဓမၼျပဳက်င့္သည့္ အိႏၵိယႏိုင္ငံသား ႏွစ္ဦးကို ဖမ္းဆီး
ၿဖိဳးခန႔္ (NP News) - ဇြန္ ၁၆
အိႏၵိယႏိုင္ငံ ဥတၱရာပရာဒက္ခ်္ျပည္နယ္ Muzaffarnagar ခ႐ိုင္ရွိမီရာပူးလ္ဒါပတ္ ေတာထဲတြင္ အ႐ြယ္မေရာက္ေသးေသာ အသက္၄ႏွစ္အ႐ြယ္မိန္းခေလးတစ္ဦးကို အဓမၼျပဳက်င့္ၿပီးစြန႔္ပစ္ထားခဲ့သည္ဟု စြပ္စြဲခံထားရသူႏွစ္ဦးကိုအိႏၵိယ ရဲတပ္ဖြဲ႕ကဖမ္းဆီးလိုက္ေၾကာင္းသိရသည္။
အဆိုပါအသက္ ၄ ႏွစ္အ႐ြယ္ရွိ မိန္းကေလးငယ္သည္ ဇြန္လ ၁၂ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေနအိမ္မွ ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ဂ်န္ဆက္ေဒသတြင္ သတိလစ္ေနသည့္ပုံစံမ်ိဳးျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ANI သတင္းဌာနမွ ေဖာ္ျပထားသည္။
ရဲတပ္ဖြဲ႕သည္ အဆိုပါကေလးငယ္ကို နီးစပ္ရာေဆး႐ုံကို တင္ပို႔ခဲ့ၿပီးေနာက္ မီ႐ြတ္ၿမိဳ႕ရွိ ေဆး႐ုံသို႔ေျပာင္းေ႐ႊ႕ ကုသမႈခံယူေနသည့္ ဇြန္လ ၁၆ ရက္ေန႔ နံနက္ပိုင္းတြင္ ကေလးငယ္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါအ႐ြယ္မေရာက္ေသးေသာ မိန္းကေလးငယ္ကို ဟိႏၵဴဘာသာေရးဆရာတစ္ဦးႏွင့္ အျခားအမ်ိဳးသား တစ္ဦးတို႔က အဓၶမျပဳက်င့္ခဲ့ေၾကာင္း အသက္ ၄ ႏွစ္အ႐ြယ္ရွိ ကေလးငယ္၏ မိခင္က ေျပာဆိုခဲ့ေၾကာင္း သိရ သည္။
အဆိုပါအဓမၼျပဳက်င့္ခံရေသာ မိန္းကေလး၏မိခင္ျဖစ္သူတိုင္ၾကားမႈကိုအေျခခံၿပီး ရဲတပ္ဖြဲ႕သည္ ဆိုနီကက္ယက္ အမည္ရွိ ဟိႏၵဴဘာသာေရးဆရာႏွင့္ အျခားအမ်ိဳးသားတစ္ဦးကို အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ ယခုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စြပ္စြဲခံထားရသူႏွစ္ဦးကို ဖမ္းဆီးထားၿပီး အေသးစိတ္စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ကေျပာသည္။
https://www.indiatoday.in/crime/story/minor-girl-dies-suspected-gang-rape-up-muzaffarnagar-two-held-1963090-2022-06-16