Gray Eagle အမည်ရှိ တိုက်ခိုက်ရေးဒရုန်းများအစား အက်ဖ် ၁၆ တိုက်လေယာဉ်များကိုရောင်းချပေးဖို့ ယူကရိန်း တောင်းဆို
786
ဂျန်ဇက် (NP News) - ဇွန် ၂၄
အမေရိကန်အစိုးရဟာ ယူကရိန်းကို Gray Eagle အမည်ရှိ တိုက်ခိုက်ရေးဒရုန်းများရောင်းချပေးဖို့ အစောပိုင်းက သဘောတူညီခဲ့ပေမယ့် လက်ရှိအချိန်မှာ အဆိုပါ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ဖို့ အဆင်မပြေမှုများဖြစ်နေရာ ယူကရိန်းစစ်ဘက်က အဆိုပါဒရုန်းများအစား အက်ဖ် ၁၅၊ အက်ဖ် ၁၆ တိုက် လေယာဉ်များရောင်းချပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်လေယာဉ်များဟာ ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အခွင့်အရေးကောင်းများ ရယူနိုင်ဖွယ်ရှိနေတယ်လို့ ယူကရိန်းစစ်ဘက်ကပြောပါတယ်။
အငြိမ်းစား အမေရိကန်စစ်ဘက်အရာရှိတစ်ဦးဖြစ်သူ မက်ဘော့က ယူကရိန်းကို Gray Eagles အမည်ရှိ တိုက်ခိုက်ရေးဒရုန်းများ ပေးပို့ခြင်းဟာ စစ်ပွဲအခြေအနေကို အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရအဖွဲ့ကတော့ ယူကရိန်းကို အဆိုပါဒရုန်းများ ရောင်းချရေးအစီအစဉ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ဆိုင်းငံထားကြောင်း၊ အဆိုပါတိုက်ခိုက်ရေးဒရုန်းများနဲ့ပတ်သက်တဲ့နည်းပညာများ ရုရုားလက်အတွင်းကျရောက်မှာစိုးရိမ်နေတဲ့အတွက် ယူကရိန်းကိုရောင်းချပေးဖို့အစီအစဉ်ကို ပြန်လည်စဉ်းစား နေရတယ်လို့ သိရပါတယ်။
ယူကရိန်းစစ်ဘက်လေယာဉ်မှူးတစ်ဦးက "ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အလွန် ကောင်းမွန်တဲ့အတွက် တိုက်ပွဲမှာ တန်ဖိုးကြီးတဲ့ဒရုန်းများအသုံးပြုတာက အလွန်အန္တရာယ်များတယ်။ ယူကရိန်းစစ်ပွဲက အာဖန်ဂန်နစ္စတန်စစ်ပွဲနဲ့မတူဘူး။ အမေရိကန်ဟာ အဆိုပါဒရုန်းတွေကို အီရတ်၊ ဆိုမာလီ၊ အာဖန်ဂန်နစ္စတန်ရှိ အကြမ်းဖက်များကိုချေမှုန်းရာမှာ အသုံးပြုခဲ့တယ်။ ဒါပေမယ့် ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်က ကောင်းမွန်နေတဲ့အတွက် ဈေးကြီးတဲ့ဒရုန်းမျိုးတွေ မသုံးစေချင်ဘူး" လို့ပြောပါတယ်။
အဆိုပါ ဒရုန်းများကို ရှေ့တန်းစစ်မျက်နှာပြင်တိုက်ပွဲတွေမှာ တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုသုံးလို့အဆင်မပြေနိုင် ကြောင်း ယူကရိန်းစစ်ဘက်လေယာဉ်မှူးများက ဆိုပါတယ်။
အဆိုပါ ဒရုန်းတစ်စင်းရဲ့ကာလပေါက်ဈေးဟာ အမေရိကန်ဒေါ်လာ ၁ဝ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲစတင်ဖြစ်ပွားချိန်က တစ်စင်းကိုအမေရိကန်ဒေါ်လာ ၂ သန်းတန်ကြေးရှိ တူရကီနိုင်ငံ ထုတ် Turkish Bayraktar TB2 ဒရုန်းတွေကို အသုံးပြုခဲ့ရာ အလွန်အသုံးဝင်ခဲ့ပေမယ့် ရုရှားရဲ့ လေကြောင်း ရန်ကာကွယ်ရေးစနစ်ကြောင့် လက်ရှိအချိန်မှာ အသုံးမဝင်တော့သလိုဖြစ်နေတယ်လို့ သိရပါတယ်။
https://www.rt.com/russia/557712-ukraine-drones-pilots-jets/
Zawgyi Version;
Gray Eagle အမည္ရွိ တိုက္ခိုက္ေရးဒ႐ုန္းမ်ားအစား အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားကိုေရာင္းခ်ေပးဖို႔ ယူကရိန္း ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၄
အေမရိကန္အစိုးရဟာ ယူကရိန္းကို Gray Eagle အမည္ရွိ တိုက္ခိုက္ေရးဒ႐ုန္းမ်ားေရာင္းခ်ေပးဖို႔ အေစာပိုင္းက သေဘာတူညီခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ အဆိုပါ သေဘာတူညီခ်က္အတိုင္း အေကာင္အထည္ေဖာ္ဖို႔ အဆင္မေျပမႈမ်ားျဖစ္ေနရာ ယူကရိန္းစစ္ဘက္က အဆိုပါဒ႐ုန္းမ်ားအစား အက္ဖ္ ၁၅၊ အက္ဖ္ ၁၆ တိုက္ ေလယာဥ္မ်ားေရာင္းခ်ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါတိုက္ေလယာဥ္မ်ားဟာ ႐ုရွား ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားကို အခြင့္အေရးေကာင္းမ်ား ရယူႏိုင္ဖြယ္ရွိေနတယ္လို႔ ယူကရိန္းစစ္ဘက္ကေျပာပါတယ္။
အၿငိမ္းစား အေမရိကန္စစ္ဘက္အရာရွိတစ္ဦးျဖစ္သူ မက္ေဘာ့က ယူကရိန္းကို Gray Eagles အမည္ရွိ တိုက္ခိုက္ေရးဒ႐ုန္းမ်ား ေပးပို႔ျခင္းဟာ စစ္ပြဲအေျခအေနကို အေျပာင္းအလဲမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ အေမရိကန္အစိုးရအဖြဲ႕ကေတာ့ ယူကရိန္းကို အဆိုပါဒ႐ုန္းမ်ား ေရာင္းခ်ေရးအစီအစဥ္နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာ ဆိုင္းငံထားေၾကာင္း၊ အဆိုပါတိုက္ခိုက္ေရးဒ႐ုန္းမ်ားနဲ႔ပတ္သက္တဲ့နည္းပညာမ်ား ႐ု႐ုားလက္အတြင္းက်ေရာက္မွာစိုးရိမ္ေနတဲ့အတြက္ ယူကရိန္းကိုေရာင္းခ်ေပးဖို႔အစီအစဥ္ကို ျပန္လည္စဥ္းစား ေနရတယ္လို႔ သိရပါတယ္။
ယူကရိန္းစစ္ဘက္ေလယာဥ္မႉးတစ္ဦးက "႐ုရွားရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ဟာ အလြန္ ေကာင္းမြန္တဲ့အတြက္ တိုက္ပြဲမွာ တန္ဖိုးႀကီးတဲ့ဒ႐ုန္းမ်ားအသုံးျပဳတာက အလြန္အႏၲရာယ္မ်ားတယ္။ ယူကရိန္းစစ္ပြဲက အာဖန္ဂန္နစၥတန္စစ္ပြဲနဲ႔မတူဘူး။ အေမရိကန္ဟာ အဆိုပါဒ႐ုန္းေတြကို အီရတ္၊ ဆိုမာလီ၊ အာဖန္ဂန္နစၥတန္ရွိ အၾကမ္းဖက္မ်ားကိုေခ်မႈန္းရာမွာ အသုံးျပဳခဲ့တယ္။ ဒါေပမယ့္ ႐ုရွားရဲ႕ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္က ေကာင္းမြန္ေနတဲ့အတြက္ ေဈးႀကီးတဲ့ဒ႐ုန္းမ်ိဳးေတြ မသုံးေစခ်င္ဘူး" လို႔ေျပာပါတယ္။
အဆိုပါ ဒ႐ုန္းမ်ားကို ေရွ႕တန္းစစ္မ်က္ႏွာျပင္တိုက္ပြဲေတြမွာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ထက္ ပိုသုံးလို႔အဆင္မေျပႏိုင္ ေၾကာင္း ယူကရိန္းစစ္ဘက္ေလယာဥ္မႉးမ်ားက ဆိုပါတယ္။
အဆိုပါ ဒ႐ုန္းတစ္စင္းရဲ႕ကာလေပါက္ေဈးဟာ အေမရိကန္ေဒၚလာ ၁ဝ သန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔စစ္ပြဲစတင္ျဖစ္ပြားခ်ိန္က တစ္စင္းကိုအေမရိကန္ေဒၚလာ ၂ သန္းတန္ေၾကးရွိ တူရကီႏိုင္ငံ ထုတ္ Turkish Bayraktar TB2 ဒ႐ုန္းေတြကို အသုံးျပဳခဲ့ရာ အလြန္အသုံးဝင္ခဲ့ေပမယ့္ ႐ုရွားရဲ႕ ေလေၾကာင္း ရန္ကာကြယ္ေရးစနစ္ေၾကာင့္ လက္ရွိအခ်ိန္မွာ အသုံးမဝင္ေတာ့သလိုျဖစ္ေနတယ္လို႔ သိရပါတယ္။
https://www.rt.com/russia/557712-ukraine-drones-pilots-jets/