လက်ရှိဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခများကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၄၃၇ဝ ဦးထက်မနည်းရှိလာ

762

မျိုးကြီး (NP News) - ဇူလိုင် ၅
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိဖြစ်ပွားနေဆဲဖြစ်သော နိုင်ငံရေးပဋိပက္ခများကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားမှာ ၄၃၇ဝ ဦးထက်မနည်းရှိလာပြီဖြစ်သည်။
ထိုသို့ သေဆုံးခဲ့သော မြန်မာနိုင်ငံသားများသည် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလမှစ၍ ယခုနှစ် ဇူလိုင်လ ၃ ရက်အထိ NP News မှ ပြုစုထားသောအချက်အလက်များနှင့် ရရှိခဲ့သော သတင်းအချက်အလက်များအရ ဖြစ်သည်။
သို့သော် အထက်ပါသေဆုံးခဲ့သည့် မြန်မာနိုင်ငံသားဦးရေများထဲတွင် မြန်မာနိုင်ငံသားများဖြစ်သော တပ်မတော်လုံခြုံရေးတပ်ဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG ၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များအကြား အချင်းချင်းဖြစ်ပွားခဲ့သော ထိ တွေ့တိုက်ပွဲများတွင် သေဆုံးခဲ့သူများကို NP News အနေဖြင့် စာရင်းပြုစုနိုင်ခြင်းမရှိသေးပေ။
လက်ရှိဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူ သေဆုံးမှုသည် ပြီးခဲ့သည့် မေလအထိ ၃၂၈၁ ဦးသာရှိခဲ့ပြီး လက်ရှိအချိန်တွင် ၃၅၆၇ ဦးအထိ သေဆုံးမှုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းနိုင်ငံရေးပဋိပက္ခကြောင့်ပင် သေဆုံးခဲ့သော မြန်မာနိုင်ငံသားရဲတပ်ဖွဲ့ဝင်ဦးရေမှာ ၃၂၇ ဦးအထိရှိလာခဲ့ပြီဖြစ်ကြောင်း အချက်အလက်များတွင် တွေ့ရှိရသည်။
ထို့အတူ လက်ရှိနိုင်ငံရေးပဋိပက္ခကာလအတွင်း ဆန္ဒပြပွဲများတွင် သက်ဆိုင်ရာလုံခြုံ ရေးအဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သော ဆန္ဒပြခဲ့သူမြန်မာနိုင်ငံသားဦးရေမှာလည်း ၄၈၄ ဦးအထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် ပြည်တွင်းပဋိပက္ခကို ပြေလည်စေလိုသောဆန္ဒများကို ဘက်ပေါင်းစုံက ထုတ်ပြန်ပေးစေလိုကြောင်းနှင့် EAO များအားလုံး၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်မှသာ ပြည်ထောင်စု၏ သွေးမြေကျမှုကို အမြန်ဆုံးရပ်တန့်နိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ဆိုထားသည်။
“PDF ဘက်ကလည်း အခုနလို ရည်မှန်းချက်ကဘာလဲ။ ခုတ်ရာတခြား ရှရာတစ်လွဲများ ဖြစ်နေမလား။ သွေးသောက်ဆိုတဲ့ အဖွဲ့အစည်းများဘက်ကလည်း တုံ့ပြန်ပြီးတော့ လက်စားချေခြင်းမျိုး မြန်မာ့မြေပေါ်မှာ မရှိသင့်တော့ပါဘူး”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခများဖြေရှင်းနိုင်ရေးအတွက် အ ကြမ်းဖက်သတ်ဖြတ်နေမှုများကို ရပ်တန့်ကာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဖြင့်သာ ဖြေရှင်းရန်တောင်းဆိုမှုများရှိနေသော်လည်း အများစုက ပဋိပက္ခဖြစ်ပွားရေးဘက်ကိုသာ ဦးတည်နေလျက်ရှိနေသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် မတ်လစမှစ၍ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်အထိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသားဦးရေမှာ ၁၉၄၃၄ ဦးအထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ကိုဗစ်ကပ်ရောဂါဘေးအပါအဝင် လက်ရှိဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခကြောင့် စုစုပေါင်း မြန်မာနိုင်ငံသား ၂၃၈ဝဝ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းမှာ ဝ ဒသမ ၈၉ ရာခိုင်နှုန်းရှိပြီး ဒေသတွင်းလူဦးရေတိုးနှုန်းအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၅ သန်းကျော်ရှိကြောင်းသိရပြီး ၂ဝ၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်နှုန်းမှာ ဝ ဒသမ ၈ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
https://npnewsmm.com/news/62c413e2b0553378c56afe17

zawgyi version
လက္ရွိျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ေသဆုံးခဲ့သည့္ ျမန္မာႏိုင္ငံသား ၄၃၇ဝ ဦးထက္မနည္းရွိလာ
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၅
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္ထိျဖစ္ပြားေနဆဲျဖစ္ေသာ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ေသဆုံးခဲ့သည့္ ျမန္မာႏိုင္ငံသားမွာ ၄၃၇ဝ ဦးထက္မနည္းရွိလာၿပီျဖစ္သည္။
ထိုသို႔ ေသဆုံးခဲ့ေသာ ျမန္မာႏိုင္ငံသားမ်ားသည္ ၿပီးခဲ့ေသာႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ယခုႏွစ္ ဇူလိုင္လ ၃ ရက္အထိ NP News မွ ျပဳစုထားေသာအခ်က္အလက္မ်ားႏွင့္ ရရွိခဲ့ေသာ သတင္းအခ်က္အလက္မ်ားအရ ျဖစ္သည္။
သို႔ေသာ္ အထက္ပါေသဆုံးခဲ့သည့္ ျမန္မာႏိုင္ငံသားဦးေရမ်ားထဲတြင္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေသာ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ NUG ၏ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(PDF)မ်ားအၾကား အခ်င္းခ်င္းျဖစ္ပြားခဲ့ေသာ ထိ ေတြ႕တိုက္ပြဲမ်ားတြင္ ေသဆုံးခဲ့သူမ်ားကို NP News အေနျဖင့္ စာရင္းျပဳစုႏိုင္ျခင္းမရွိေသးေပ။
လက္ရွိျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အရပ္သားျပည္သူ ေသဆုံးမႈသည္ ၿပီးခဲ့သည့္ ေမလအထိ ၃၂၈၁ ဦးသာရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ၃၅၆၇ ဦးအထိ ေသဆုံးမႈျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎ႏိုင္ငံေရးပဋိပကၡေၾကာင့္ပင္ ေသဆုံးခဲ့ေသာ ျမန္မာႏိုင္ငံသားရဲတပ္ဖြဲ႕ဝင္ဦးေရမွာ ၃၂၇ ဦးအထိရွိလာခဲ့ၿပီျဖစ္ေၾကာင္း အခ်က္အလက္မ်ားတြင္ ေတြ႕ရွိရသည္။
ထို႔အတူ လက္ရွိႏိုင္ငံေရးပဋိပကၡကာလအတြင္း ဆႏၵျပပြဲမ်ားတြင္ သက္ဆိုင္ရာလုံၿခဳံ ေရးအဖြဲ႕ဝင္မ်ား ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းျခင္းအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးခဲ့ေသာ ဆႏၵျပခဲ့သူျမန္မာႏိုင္ငံသားဦးေရမွာလည္း ၄၈၄ ဦးအထိ ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ လက္ရွိအေနအထားႏွင့္ ျပည္တြင္းပဋိပကၡကို ေျပလည္ေစလိုေသာဆႏၵမ်ားကို ဘက္ေပါင္းစုံက ထုတ္ျပန္ေပးေစလိုေၾကာင္းႏွင့္ EAO မ်ားအားလုံး၊ အဖြဲ႕အစည္းမ်ားအားလုံး ပူးေပါင္းပါဝင္မွသာ ျပည္ေထာင္စု၏ ေသြးေျမက်မႈကို အျမန္ဆုံးရပ္တန႔္ႏိုင္မည္ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က ဆိုထားသည္။
“PDF ဘက္ကလည္း အခုနလို ရည္မွန္းခ်က္ကဘာလဲ။ ခုတ္ရာတျခား ရွရာတစ္လြဲမ်ား ျဖစ္ေနမလား။ ေသြးေသာက္ဆိုတဲ့ အဖြဲ႕အစည္းမ်ားဘက္ကလည္း တုံ႔ျပန္ၿပီးေတာ့ လက္စားေခ်ျခင္းမ်ိဳး ျမန္မာ့ေျမေပၚမွာ မရွိသင့္ေတာ့ပါဘူး”ဟု ေဒါက္တာ ေအးေမာင္က ဆိုသည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡမ်ားေျဖရွင္းႏိုင္ေရးအတြက္ အ ၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားကို ရပ္တန႔္ကာ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းျဖင့္သာ ေျဖရွင္းရန္ေတာင္းဆိုမႈမ်ားရွိေနေသာ္လည္း အမ်ားစုက ပဋိပကၡျဖစ္ပြားေရးဘက္ကိုသာ ဦးတည္ေနလ်က္ရွိေနသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ မတ္လစမွစ၍ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လ ၄ ရက္အထိ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေသဆုံးခဲ့ေသာ ျမန္မာႏိုင္ငံသားဦးေရမွာ ၁၉၄၃၄ ဦးအထိရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ ကိုဗစ္ကပ္ေရာဂါေဘးအပါအဝင္ လက္ရွိျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡေၾကာင့္ စုစုေပါင္း ျမန္မာႏိုင္ငံသား ၂၃၈ဝဝ ဦးထက္မနည္း ေသဆုံးခဲ့ၿပီးျဖစ္သည္။
ၿပီးခဲ့ေသာ ၂ဝ၁၄ ခုႏွစ္ သန္းေခါင္စာရင္းအစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏ လူဦးေရတိုးႏႈန္းမွာ ဝ ဒသမ ၈၉ ရာခိုင္ႏႈန္းရွိၿပီး ေဒသတြင္းလူဦးေရတိုးႏႈန္းအနည္းဆုံးႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံလည္း တစ္ခုအပါအဝင္ျဖစ္ခဲ့သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ လူဦးေရမွာ ၅၅ သန္းေက်ာ္ရွိေၾကာင္းသိရၿပီး ၂ဝ၁၉ ခုႏွစ္ၾကားျဖတ္သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံ၏ လူဦးေရတိုးတက္ႏႈန္းမွာ ဝ ဒသမ ၈ ရာခိုင္ႏႈန္းသာရွိေၾကာင္း သိရသည္။
https://npnewsmm.com/news/62c413e2b0553378c56afe17