EAO များအနေဖြင့် တရားဝင်နိုင်ငံရေးစင်မြင့်ကို တက်လှမ်းပြီး ဒေသနှင့်လူမျိုးအတွက် ဆွေးနွေးတောင်းဆိုရန် နစက ထပ်မံဖိတ်ခေါ်
540
မျိုးကြီး (NP News) - သြဂုတ် ၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များအနေဖြင့် တရားဝင်နိုင်ငံရေးစင်မြင့်ကို တက်လှမ်းပြီး ဒေသနှင့်လူမျိုးအတွက် လာရောက်ဆွေးနွေးတောင်းဆိုရင် နစကဥက္ကဋ္ဌက ထပ်မံဖိတ်ခေါ်လိုက်သည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (သြဂုတ်လ ၁ ရက်)တွင် ပြည်သူ လူထုအားမိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ် သည်။
“ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဒုတိယအကျော့ထပ်မံဆွေးနွေးပါမယ်။ တစ်ချိန်တည်းမှာပဲ မဆွေးနွေးရသေးတဲ့ EAO များကိုလည်း ကျွန်တော် ထပ်မံဖိတ်ခေါ်ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးကို တကယ်ကောင်းကျိုးဆောင်ဖို့လိုလားတယ်ဆိုရင် ဆွေးနွေးပါ။ တောင်းဆိုပါ။ တရားဝင်နိုင်ငံရေးစင်မြင့်ကို တက်လှမ်းကြဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဆိုသည်။
ထိုသို့ဆွေးနွေးရာမှရရှိခဲ့သော သဘောတူညီချက်များကို အခြေခံဥပဒေပြင်ဆင်ရေးတွင် ထည့်သွင်းပြဋ္ဌာန်းသွားရမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် လွှတ်တော်ကသာပြင်ဆင်နိုင်ပြီး လွှတ်တော်ထဲတွင် တိုင်းရင်းသားကိုယ်စားပြုပါတီများရောက်ရှိလာရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
နစက၏ နိုင်ငံ့တာဝန်ယူခဲ့သော (၁၈)လတာကာလအတွင်း နစကဥက္ကဋ္ဌအနေဖြင့် EAO များနှင့် (၉)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ နစက၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ညှိနှိုင်းရေးကော်မတီအ နေဖြင့် EAO များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးလိုလာသောအဖွဲ့အစည်းများနှင့် စုစု ပေါင်း (၇၅)ကြိမ် တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။
နစကအနေဖြင့် ယခု ၂ဝ၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်နေကြောင်း အသိပေးထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုနှစ် ဧပြီလ ၂၂ ရက်တွင် EAO များ၏ ခေါင်း ဆောင်များကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဟုဖိတ်ခေါ်ခဲ့ပြီး ၎င်းအပေါ် အဖွဲ့(၁ဝ)ဖွဲ့ တက်ရောက်မည်ဟုအကြောင်းပြန်ခဲ့ရာ လက်ရှိတွင် (၉)ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။
ထိုသို့ ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည်မဟုတ်ကြောင်း အကြောင်းပြန်ခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများလည်းရှိခဲ့သည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပါတယ်။ စိတ်ချယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုကြီးရဲ့အကျိုး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများရဲ့ အကျိုးကို ရည်မျှော်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန် တော်ပြောလိုပါတယ်”ဟု နစကဥက္ကဋ္ဌကပြောသည်။
နစကဥက္ကဋ္ဌ နှင့် EAO များသီးခြားစီတွေ့ဆုံပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အ စိတ်အပိုင်း (၁/၂/၃) ပါသဘောတူညီ ချက်များနှင့် အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေး နွေးရန် ကျန်ရှိသော ဇယား(၂)ပါအချက်များနှင့်ပတ်သက်၍ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
zawgyi version
EAO မ်ားအေနျဖင့္ တရားဝင္ႏိုင္ငံေရးစင္ျမင့္ကို တက္လွမ္းၿပီး ေဒသႏွင့္လူမ်ိဳးအတြက္ ေဆြးေႏြးေတာင္းဆိုရန္ နစက ထပ္မံဖိတ္ေခၚ
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၁
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(EAO)မ်ားအေနျဖင့္ တရားဝင္ႏိုင္ငံေရးစင္ျမင့္ကို တက္လွမ္းၿပီး ေဒသႏွင့္လူမ်ိဳးအတြက္ လာေရာက္ေဆြးေႏြးေတာင္းဆိုရင္ နစကဥကၠ႒က ထပ္မံဖိတ္ေခၚလိုက္သည္။
နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ၾသဂုတ္လ ၁ ရက္)တြင္ ျပည္သူ လူထုအားမိန႔္ခြန္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းဖိတ္ေခၚခဲ့ျခင္းျဖစ္ သည္။
“ကြၽန္ေတာ္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ ဒုတိယအေက်ာ့ထပ္မံေဆြးေႏြးပါမယ္။ တစ္ခ်ိန္တည္းမွာပဲ မေဆြးေႏြးရေသးတဲ့ EAO မ်ားကိုလည္း ကြၽန္ေတာ္ ထပ္မံဖိတ္ေခၚပါတယ္။ မိမိေဒသ၊ မိမိလူမ်ိဳးကို တကယ္ေကာင္းက်ိဳးေဆာင္ဖို႔လိုလားတယ္ဆိုရင္ ေဆြးေႏြးပါ။ ေတာင္းဆိုပါ။ တရားဝင္ႏိုင္ငံေရးစင္ျမင့္ကို တက္လွမ္းၾကဖို႔ ကြၽန္ေတာ္ေျပာလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ဆိုသည္။
ထိုသို႔ေဆြးေႏြးရာမွရရွိခဲ့ေသာ သေဘာတူညီခ်က္မ်ားကို အေျခခံဥပေဒျပင္ဆင္ေရးတြင္ ထည့္သြင္းျပ႒ာန္းသြားရမည္ျဖစ္ေၾကာင္း သိရသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ရာတြင္ လႊတ္ေတာ္ကသာျပင္ဆင္ႏိုင္ၿပီး လႊတ္ေတာ္ထဲတြင္ တိုင္းရင္းသားကိုယ္စားျပဳပါတီမ်ားေရာက္ရွိလာရန္ လိုအပ္ေၾကာင္း ၎က ေျပာသည္။
နစက၏ ႏိုင္ငံ့တာဝန္ယူခဲ့ေသာ (၁၈)လတာကာလအတြင္း နစကဥကၠ႒အေနျဖင့္ EAO မ်ားႏွင့္ (၉)ႀကိမ္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔အတူ နစက၏ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ ညႇိႏႈိင္းေရးေကာ္မတီအ ေနျဖင့္ EAO မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ ၿငိမ္းခ်မ္းေရးလိုလာေသာအဖြဲ႕အစည္းမ်ားႏွင့္ စုစု ေပါင္း (၇၅)ႀကိမ္ ေတြ႕ဆုံေဆြးေႏြးထားေၾကာင္း သိရသည္။
နစကအေနျဖင့္ ယခု ၂ဝ၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္ထားၿပီး ၿငိမ္းခ်မ္းေရးကို လက္ေတြ႕က်က်အေကာင္အထည္ေဖာ္ေနေၾကာင္း အသိေပးထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယခုႏွစ္ ဧၿပီလ ၂၂ ရက္တြင္ EAO မ်ား၏ ေခါင္း ေဆာင္မ်ားကို ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမည္ဟုဖိတ္ေခၚခဲ့ၿပီး ၎အေပၚ အဖြဲ႕(၁ဝ)ဖြဲ႕ တက္ေရာက္မည္ဟုအေၾကာင္းျပန္ခဲ့ရာ လက္ရွိတြင္ (၉)ဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးျဖစ္သည္။
ထိုသို႔ ဖိတ္ေခၚမႈအေပၚ တက္ေရာက္ေဆြးေႏြးမည္မဟုတ္ေၾကာင္း အေၾကာင္းျပန္ခဲ့ေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားလည္းရွိခဲ့သည္။
“ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ၿငိမ္းခ်မ္းေရးတံခါးကို က်ယ္က်ယ္ျပန႔္ျပန႔္ဖြင့္ထားပါတယ္။ စိတ္ခ်ယုံၾကည္စြာ ေလွ်ာက္လွမ္းလာၾကဖို႔လည္း ဒီေနရာကေန တိုက္တြန္းလိုပါတယ္။ ျပည္ေထာင္စုႀကီးရဲ႕အက်ိဳး၊ ျပည္ေထာင္စုဖြားတိုင္းရင္းသားမ်ားရဲ႕ အက်ိဳးကို ရည္ေမွ်ာ္တယ္ဆိုရင္ ေတြ႕ဆုံေဆြးေႏြးၾကျခင္းဟာ အေကာင္းဆုံးျဖစ္တယ္လို႔ ကြၽန္ ေတာ္ေျပာလိုပါတယ္”ဟု နစကဥကၠ႒ကေျပာသည္။
နစကဥကၠ႒ ႏွင့္ EAO မ်ားသီးျခားစီေတြ႕ဆုံပြဲတြင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အ စိတ္အပိုင္း (၁/၂/၃) ပါသေဘာတူညီ ခ်က္မ်ားႏွင့္ အစိတ္အပိုင္း(၃)ပါ ဆက္လက္ေဆြး ေႏြးရန္ က်န္ရွိေသာ ဇယား(၂)ပါအခ်က္မ်ားႏွင့္ပတ္သက္၍ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးႏိုင္ခဲ့ေၾကာင္း သိရသည္။