နစကဥက္ကဋ္ဌနှင့် PNLO၊ ALP၊ LDU လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းတွေ့ဆုံဆွေးနွေးခဲ့ရာတွင် နိုင်ငံအတွက် ရည်မှန်းချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချပြဆွေးနွေး
1008
မျိုးကြီး (NP News) - သြဂုတ် ၂၂
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် PNLO၊ ALP၊ LDU လက်နက်ကိုင်အဖွဲ့တို့သည် ယနေ့ (သြဂုတ်လ ၂၂ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ပူး ပေါင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သောအဖွဲ့၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့တို့က တက်ရောက်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တွေ့တာကတော့ နိုင်ငံတော်အကြီးအကဲက မူဝါဒဆိုင်ရာသဘောတရားတွေကို ပြောပြပါတယ်။ အဓိကတော့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ နောက်တစ်ခုက တော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တစ်ခုပေါ်ပေါက်ရေးဟာ ဆိုလို့ရှိရင် သူ့ရဲ့နိုင်ငံတော်အတွက် ရည်မှန်းချက်ဖြစ်တယ်ဆိုတာမျိုးကို ပြောပြပါတယ်” ဟု ALP ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းက NP News ကို ပြောသည်။
ထို့ပြင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်ငြိမ်းချမ်းသာယာစေချင်သည့် ဆန္ဒတို့ကို ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အားလုံးသောလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များ၏ သဘောထားများကို အလေးထားစဉ်းစားသော အကြောင်းအရာများကို ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း တိုင်းပြည်ငြိမ်းချမ်းရေးအ တွက် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း နစကဥက္ကဋ္ဌက မေတ္တာရပ်ခံခဲ့ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံပြည့်ဝ ရေးဆိုသည့် အမျိုးသားရည်မှန်းချက်(၂)ချက်ကို အဓိ ကထားလုပ်ဆောင်နေသည့်အကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့ဆွေးနွေးပွဲတွင် နစကဥက္ကဋ္ဌထံ PNLO အဖွဲ့က ၎င်းတို့၏ ရည်မှန်းချက်များ၊ လို လားချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး LDU အဖွဲ့ကလည်း ၎င်းတို့၏ လိုအပ်နေသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ ALP အဖွဲ့မှ ဒုတိယဥက္ကဋ္ ဌစောမြရာဇာလင်းကလည်း “ကျွန်မတို့ဘက်ကလည်း တစ်တိုင်းပြည်လုံးအတွက် ကိုယ့်ဟာ ကိုယ်ကြိုးပမ်းဆောင်ရွက်နေတဲ့အထဲမှာ ပါတဲ့လူတစ်ယောက်အဖြစ် ခံယူထားပါတယ်။ ဆိုတော့ တစ်ပြည်လုံးငြိမ်းချမ်းဖို့အရေးကို ကျွန်မအနေနဲ့ ဆွေးနွေးပါတယ်။ ရှေ့ဆက်သွားမယ့် နိုင်ငံရေးခရီးလမ်းကြောင်း အဓိကအားဖြင့်တော့ ကျွန်မတို့ ဆွေးနွေးဖို့အတွက် ရှိနေတဲ့ဟာတွေကို နှစ်ဖက်စလုံးက ပြောဖြစ်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း နစကဥက္ကဋ္ဌနှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း စောမြရာဇာလင်းက ဆက်လက်ပြောသည်။
တစ်တိုင်းပြည်လုံးငြိမ်းချမ်းရေးအတွက် စစ်ကို စစ်ဖြင့် အဆုံးအဖြတ်ပေးခြင်းထက် ငြိမ်းချမ်းစွာဖြင့် စကားဝိုင်းတွင် ဆွေးနွေး အဖြေရှာရေးကိုလည်း တိုက်တွန်းပြောဆိုခဲ့ကြောင်း ALP ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက ဆိုသည်။
နောက်ရက်များတွင် PNLO၊ ALP၊ LDU လက်နက်ကိုင်အဖွဲ့တို့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ နေပြည်တော်၌ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
zawgyi version
နစကဥကၠ႒ႏွင့္ PNLO၊ ALP၊ LDU လက္နက္ကိုင္အဖြဲ႕တို႔ ပူးေပါင္းေတြ႕ဆုံေဆြးေႏြးခဲ့ရာတြင္ ႏိုင္ငံအတြက္ ရည္မွန္းခ်က္ကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ခ်ျပေဆြးေႏြး
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၂
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ PNLO၊ ALP၊ LDU လက္နက္ကိုင္အဖြဲ႕တို႔သည္ ယေန႔ (ၾသဂုတ္လ ၂၂ ရက္)တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ ပူး ေပါင္းေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO) ဥကၠ႒ ခြန္သူရိန္ ဦးေဆာင္ေသာအဖြဲ႕၊ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU) ဥကၠ႒ က်ာေဆာ္လမြန္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) ဒုတိယဥကၠ႒ ေစာျမရာဇာလင္း ဦးေဆာင္ေသာအဖြဲ႕တို႔က တက္ေရာက္ခဲ့ျခင္းျဖစ္သည္။
“ဒီေန႔ေတြ႕တာကေတာ့ ႏိုင္ငံေတာ္အႀကီးအကဲက မူဝါဒဆိုင္ရာသေဘာတရားေတြကို ေျပာျပပါတယ္။ အဓိကေတာ့ ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံးေရး၊ ေနာက္တစ္ခုက ေတာ့ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စု တစ္ခုေပၚေပါက္ေရးဟာ ဆိုလို႔ရွိရင္ သူ႔ရဲ႕ႏိုင္ငံေတာ္အတြက္ ရည္မွန္းခ်က္ျဖစ္တယ္ဆိုတာမ်ိဳးကို ေျပာျပပါတယ္” ဟု ALP ဒုတိယဥကၠ႒ ေစာျမရာဇာလင္းက NP News ကို ေျပာသည္။
ထို႔ျပင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုင္းျပည္ၿငိမ္းခ်မ္းသာယာေစခ်င္သည့္ ဆႏၵတို႔ကို ထည့္သြင္းေျပာဆိုခဲ့ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ အားလုံးေသာလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ေခါင္းေဆာင္မ်ား၏ သေဘာထားမ်ားကို အေလးထားစဥ္းစားေသာ အေၾကာင္းအရာမ်ားကို ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔အတူ တိုင္းရင္းသားလက္နက္ကိုင္မ်ားဘက္ကလည္း တိုင္းျပည္ၿငိမ္းခ်မ္းေရးအ တြက္ ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း နစကဥကၠ႒က ေမတၱာရပ္ခံခဲ့ေၾကာင္း ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး ယေန႔ျပဳလုပ္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတြင္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရးရိကၡာဖူလုံျပည့္ဝ ေရးဆိုသည့္ အမ်ိဳးသားရည္မွန္းခ်က္(၂)ခ်က္ကို အဓိ ကထားလုပ္ေဆာင္ေနသည့္အေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ယေန႔ေဆြးေႏြးပြဲတြင္ နစကဥကၠ႒ထံ PNLO အဖြဲ႕က ၎တို႔၏ ရည္မွန္းခ်က္မ်ား၊ လို လားခ်က္မ်ားကို ေဆြးေႏြးတင္ျပခဲ့ၿပီး LDU အဖြဲ႕ကလည္း ၎တို႔၏ လိုအပ္ေနသည့္အခ်က္မ်ားကို တင္ျပေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ALP အဖြဲ႕မွ ဒုတိယဥကၠဋ္ ဌေစာျမရာဇာလင္းကလည္း “ကြၽန္မတို႔ဘက္ကလည္း တစ္တိုင္းျပည္လုံးအတြက္ ကိုယ့္ဟာ ကိုယ္ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့အထဲမွာ ပါတဲ့လူတစ္ေယာက္အျဖစ္ ခံယူထားပါတယ္။ ဆိုေတာ့ တစ္ျပည္လုံးၿငိမ္းခ်မ္းဖို႔အေရးကို ကြၽန္မအေနနဲ႔ ေဆြးေႏြးပါတယ္။ ေရွ႕ဆက္သြားမယ့္ ႏိုင္ငံေရးခရီးလမ္းေၾကာင္း အဓိကအားျဖင့္ေတာ့ ကြၽန္မတို႔ ေဆြးေႏြးဖို႔အတြက္ ရွိေနတဲ့ဟာေတြကို ႏွစ္ဖက္စလုံးက ေျပာျဖစ္တယ္” ဟု ဆိုသည္။
ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းေစေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္လည္း နစကဥကၠ႒ႏွင့္ ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း ေစာျမရာဇာလင္းက ဆက္လက္ေျပာသည္။
တစ္တိုင္းျပည္လုံးၿငိမ္းခ်မ္းေရးအတြက္ စစ္ကို စစ္ျဖင့္ အဆုံးအျဖတ္ေပးျခင္းထက္ ၿငိမ္းခ်မ္းစြာျဖင့္ စကားဝိုင္းတြင္ ေဆြးေႏြး အေျဖရွာေရးကိုလည္း တိုက္တြန္းေျပာဆိုခဲ့ေၾကာင္း ALP ဒုဥကၠ႒ ေစာျမရာဇာလင္းက ဆိုသည္။
ေနာက္ရက္မ်ားတြင္ PNLO၊ ALP၊ LDU လက္နက္ကိုင္အဖြဲ႕တို႔ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီတို႔ ေနျပည္ေတာ္၌ ဆက္လက္ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။