ရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂလည်း ကြီးမားတဲ့ စိန်ခေါ်မှုများရင်ဆိုင်ရမယ်

 1400

ဂျန်ဇက် (NP News) - ဩဂုတ် ၂၉

ဥရောပ သမဂ္ဂဟာ ယူကရိန်း စစ်ရေး ပဋိပက္ခများနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ရင်ဆိုင်ရမယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအ ကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က ဆိုပါတယ်။

ဂျိုးဆပ်ဘော်ရယ်လ်ဟာ သြစတြီးယား သတင်းစာ Kronen Zeitung နဲ့အင်တာဗျူးလုပ်ချိန်မှာ အခုလိုမျိုးထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ်အနောက်အုပ်စုနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများချမှတ်ခဲ့သလို အထီးကျန်နိုင်ငံဖြစ်ဖို့ ရုရှား ဆန့်ကျင့်ရေးလုပ်ရပ်များ လုပ်ဆောင်နေကြောင်းသိရပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က" ကျွန်တော်တို့ဟာ ရုရှားရဲ့စီးပွားရေးကို ပိတ်ဆို့ကန့်သတ်တာမျိုးတွေလုပ်ခဲ့တယ်။ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေလုပ်ခဲ့တယ်။ ရုရှားရဲ့စီးပွားရေးဟာ ရေနံ နဲ့ဓါတ်ငွေ့ကိုအဓိကထားနေတယ်ဆိုရင် ကျွန်တော်တို့ဟာ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး နည်းစနစ်ပိုင်း အပြောင်းလဲလုပ်ဖို့လိုတယ်။ ရုရှားကို ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းကြောင့် ကျွန်တော်တို့ဟာလည်း ကာလတိုအတွင်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ ပိတ်ဆို့မှုများကြောင့် ဓါတ်ငွေ့စျေးနှုန်းတွေ မြင့်တက်ခဲ့ရတာကို ငြင်းလို့မရဘူး။ ဥရောပသမဂ္ဂဟာ လွတ်လပ်မှုများအတွက် ထိုက်တန်တဲ့တန်ဖိုး ပြန်ပေးဆပ်ရမှာဖြစ်တယ်။ ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာ ယူကရိန်းတစ်နိုင်ငံတည်းနဲ့သက်ဆိုင်တာမျိုးမဟုတ်ဘဲ ကျွန်တော်တို့အားလုံး ရဲ့စစ်ပွဲလည်းဖြစ်တယ်"လို့ပြောပါတယ်။

ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲဟာ ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက စတင်ခဲ့ပြီး လက်ရှိအချိန်အထိ သက်တမ်း (၆)လကျော်နေပြီဖြစ်ပါတယ်။ရု ရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်ခြင်းအဖြစ် ရုရှားက ဥရောပတိုက်ရှိနိုင်ငံများကို ရေနံ နဲ့ ဓါတ်ငွေ့တင်ပို့မှုတွေ ပိတ်ပင်ခဲ့ရာ ဥရောပမှာ ဓါတ်ငွေ့စျေးနှုန်းမြင့်တက်နေပြီး နိုင်ငံအချို့ မှာလည်း ဓါတ်ငွေ့စျေးနှုန်းမြင့်တက်မှု ဒဏ်ကို တွေ့ကြုံနေရကြောင်းသိရပါတယ်။

zawgyi version
႐ုရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ျခင္းေၾကာင့္ ဥေရာပသမဂၢလည္း ႀကီးမားတဲ့ စိန္ေခၚမႈမ်ားရင္ဆိုင္ရမယ္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉

ဥေရာပ သမဂၢဟာ ယူကရိန္း စစ္ေရး ပဋိပကၡမ်ားနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းေၾကာင့္ ႀကီးမားတဲ့ စိန္ေခၚမႈမ်ားနဲ႔ရင္ဆိုင္ရမယ္လို႔ ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာ မူဝါဒအ ႀကီးအကဲ ဂ်ိဳးဆပ္ေဘာ္ရယ္လ္က ဆိုပါတယ္။

ဂ်ိဳးဆပ္ေဘာ္ရယ္လ္ဟာ ၾသစႀတီးယား သတင္းစာ Kronen Zeitung နဲ႔အင္တာဗ်ဴးလုပ္ခ်ိန္မွာ အခုလိုမ်ိဳးထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ေၾကာင္းသိရပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚအေနာက္အုပ္စုႏိုင္ငံမ်ားက စီးပြားေရးပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့သလို အထီးက်န္ႏိုင္ငံျဖစ္ဖို႔ ႐ုရွား ဆန႔္က်င့္ေရးလုပ္ရပ္မ်ား လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာ မူဝါဒအႀကီးအကဲ ဂ်ိဳးဆပ္ေဘာ္ရယ္လ္က" ကြၽန္ေတာ္တို႔ဟာ ႐ုရွားရဲ႕စီးပြားေရးကို ပိတ္ဆို႔ကန႔္သတ္တာမ်ိဳးေတြလုပ္ခဲ့တယ္။ တင္းၾကပ္တဲ့ ပိတ္ဆို႔မႈေတြလုပ္ခဲ့တယ္။ ႐ုရွားရဲ႕စီးပြားေရးဟာ ေရနံ နဲ႔ဓါတ္ေငြ႕ကိုအဓိကထားေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဟာ ပိတ္ဆို႔မႈေတြနဲ႔ ပတ္သက္ၿပီး နည္းစနစ္ပိုင္း အေျပာင္းလဲလုပ္ဖို႔လိုတယ္။ ႐ုရွားကို ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ျခင္းေၾကာင့္ ကြၽန္ေတာ္တို႔ဟာလည္း ကာလတိုအတြင္းမွာ ႀကီးမားတဲ့စိန္ေခၚမႈေတြ ရင္ဆိုင္ေနရတယ္။ ပိတ္ဆို႔မႈမ်ားေၾကာင့္ ဓါတ္ေငြ႕ေဈးႏႈန္းေတြ ျမင့္တက္ခဲ့ရတာကို ျငင္းလို႔မရဘူး။ ဥေရာပသမဂၢဟာ လြတ္လပ္မႈမ်ားအတြက္ ထိုက္တန္တဲ့တန္ဖိုး ျပန္ေပးဆပ္ရမွာျဖစ္တယ္။ ယူကရိန္းနဲ႔႐ုရွားစစ္ပြဲဟာ ယူကရိန္းတစ္ႏိုင္ငံတည္းနဲ႔သက္ဆိုင္တာမ်ိဳးမဟုတ္ဘဲ ကြၽန္ေတာ္တို႔အားလုံး ရဲ႕စစ္ပြဲလည္းျဖစ္တယ္"လို႔ေျပာပါတယ္။

ယူကရိန္းနဲ႔႐ုရွားၾကားစစ္ပြဲဟာ ေဖေဖာ္ဝါရီလ ၂၄ ရက္ကတည္းက စတင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ သက္တမ္း (၆)လေက်ာ္ေနၿပီျဖစ္ပါတယ္။႐ု ရွားအေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ျခင္းအေပၚ လက္တုံ႔ျပန္ျခင္းအျဖစ္ ႐ုရွားက ဥေရာပတိုက္ရွိႏိုင္ငံမ်ားကို ေရနံ နဲ႔ ဓါတ္ေငြ႕တင္ပို႔မႈေတြ ပိတ္ပင္ခဲ့ရာ ဥေရာပမွာ ဓါတ္ေငြ႕ေဈးႏႈန္းျမင့္တက္ေနၿပီး ႏိုင္ငံအခ်ိဳ႕ မွာလည္း ဓါတ္ေငြ႕ေဈးႏႈန္းျမင့္တက္မႈ ဒဏ္ကို ေတြ႕ႀကဳံေနရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.