လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံခဲ့သော ဒူဘိုင်းရောက် မြန်မာအမျိုး သမီး(၈)ဦး မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေး မြန်မာသံရုံးကူညီပေးနေ

1040

မျိုးကြီး (NP News) - သြဂုတ် ၂၉
လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံသော ယူအေအီးနိုင်ငံ၊ ဒူဘိူင်းမြို့ရောက် မြန်မာအမျိုး သမီး(၈)ဦးအား မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေးအတွက် မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
ယူအေအီးနိုင်ငံ၊ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးက သြဂုတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံသူ(၈)ဦးအား ကူညီဆောင်ရွက်ပေးမှုအခြေအနေနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ထားသည်။
ဒူဘိုင်းရောက် မြန်မာအမျိုးသမီး(၈)ဦးမှာ ဒုက္ခရောက်နေသည့်အတွက် ကူညီပေးရန် တောင်းဆိုထားသော ဗွီဒီယိုဖိုင်တစ်ခုကို သြဂုတ်လ ၂၅ ရက်က Khaing Lay အမည်ပေးထားသော Facebook အကောင့်မှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာအမျိုးသမီး(၈)ဦးနှင့် ၎င်းတို့အား ခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူတို့ကြား မြန်မာသံရုံးက ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သံရုံး၏ ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသမီး(၈)ဦးကို နိုင်ငံကူးလက်မှတ်များ ပြန်လည်ပေး အပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာသံရုံးက ဆိုသည်။
သို့သော် လက်ရှိတွင် ပွဲစားဆိုသူနှင့် မြန်မာအမျိုးသမီး(၈)ဦးအား လုံခြုံမှုရှိရေး၊ မလိုလားအပ်သော ပြဿနာများထပ်မံ မဖြစ်ပွားရေးနှင့် လိုအပ်သော စစ်ဆေးမေးမြန်းမှုပြုလုပ်နိုင်ရန်အတွက် ယူအေအီး CID မှပုဂ္ဂိုလ်များက ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်သို့ ခေတ္တပို့ဆောင်ထားသည်ဟု မြန်မာသံရုံးက ပြောသည်။
မြန်မာအမျိုးသမီး(၈)ဦးကို ယူအေအီးနိုင်ငံ၏ ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ရဲလုပ်ငန်း စဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ပြီးစီးပါက ဥပဒေချိုးဖောက်မှု မရှိသူများကို ပြန်လည်လွှတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာသံရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ တာဝန်ရှိသူများကို ဆက်သွယ်ညှိနှိုင်းဆောင် ရွက်လျက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရေးအတွက် ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း အသိပေးပြောဆိုထားသည်။

zawgyi version
လူမႈကြန္ရက္မွတစ္ဆင့္ အကူအညီေတာင္းခံခဲ့ေသာ ဒူဘိုင္းေရာက္ ျမန္မာအမ်ိဳးသမီး(၈)ဦး ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ႏိုင္ေရး ျမန္မာသံ႐ုံးကူညီေပးေန
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၉
လူမႈကြန္ရက္မွတစ္ဆင့္ အကူအညီေတာင္းခံေသာ ယူေအအီးႏိုင္ငံ၊ ဒူဘိူင္းၿမိဳ႕ေရာက္ ျမန္မာအမ်ိဳး သမီး(၈)ဦးအား ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ႏိုင္ေရးအတြက္ ျမန္မာသံ႐ုံးက ကူညီေဆာင္႐ြက္ေပးေနေၾကာင္း သတင္းရရွိသည္။
ယူေအအီးႏိုင္ငံ၊ ရီရတ္ဒ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ၾသဂုတ္လ ၂၈ ရက္တြင္ ျမန္မာႏိုင္ငံသူ(၈)ဦးအား ကူညီေဆာင္႐ြက္ေပးမႈအေျခအေနႏွင့္ပတ္သက္၍ အသိေပးထုတ္ျပန္ထားသည္။
ဒူဘိုင္းေရာက္ ျမန္မာအမ်ိဳးသမီး(၈)ဦးမွာ ဒုကၡေရာက္ေနသည့္အတြက္ ကူညီေပးရန္ ေတာင္းဆိုထားေသာ ဗြီဒီယိုဖိုင္တစ္ခုကို ၾသဂုတ္လ ၂၅ ရက္က Khaing Lay အမည္ေပးထားေသာ Facebook အေကာင့္မွ ထုတ္လႊင့္ခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာအမ်ိဳးသမီး(၈)ဦးႏွင့္ ၎တို႔အား ေခၚေဆာင္လာခဲ့ေသာ ပြဲစားဆိုသူတို႔ၾကား ျမန္မာသံ႐ုံးက ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သံ႐ုံး၏ ညႇိႏႈိင္းေပးမႈျဖင့္ ျမန္မာအမ်ိဳးသမီး(၈)ဦးကို ႏိုင္ငံကူးလက္မွတ္မ်ား ျပန္လည္ေပး အပ္ႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္လည္ထြက္ခြာႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။
သို႔ေသာ္ လက္ရွိတြင္ ပြဲစားဆိုသူႏွင့္ ျမန္မာအမ်ိဳးသမီး(၈)ဦးအား လုံၿခဳံမႈရွိေရး၊ မလိုလားအပ္ေသာ ျပႆနာမ်ားထပ္မံ မျဖစ္ပြားေရးႏွင့္ လိုအပ္ေသာ စစ္ေဆးေမးျမန္းမႈျပဳလုပ္ႏိုင္ရန္အတြက္ ယူေအအီး CID မွပုဂၢိဳလ္မ်ားက ဒူဘိုင္းၿမိဳ႕ရွိ CID ဌာနခ်ဳပ္သို႔ ေခတၱပို႔ေဆာင္ထားသည္ဟု ျမန္မာသံ႐ုံးက ေျပာသည္။
ျမန္မာအမ်ိဳးသမီး(၈)ဦးကို ယူေအအီးႏိုင္ငံ၏ ဥပေဒႏွင့္အညီ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ရဲလုပ္ငန္း စဥ္မ်ားအတိုင္း စစ္ေဆးေဆာင္႐ြက္ၿပီးစီးပါက ဥပေဒခ်ိဳးေဖာက္မႈ မရွိသူမ်ားကို ျပန္လည္လႊတ္ ေပးမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာသံ႐ုံးအေနျဖင့္ ယူေအအီးႏိုင္ငံမွ တာဝန္ရွိသူမ်ားကို ဆက္သြယ္ညႇိႏႈိင္းေဆာင္ ႐ြက္လ်က္ရွိၿပီး ျပန္လည္လြတ္ေျမာက္လာသူမ်ားကို ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္လည္ထြက္ခြာႏိုင္ေရးအတြက္ ဒူဘိုင္းၿမိဳ႕ရွိ ျမန္မာ့လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည္ဟုလည္း အသိေပးေျပာဆိုထားသည္။