မြန်မာနိုင်ငံရှိ လူကုန်ကူးအဖွဲ့များထံမှပြန်လာတဲ့ ထိုင်ဝမ်သုံးဦးကို ထိုင်ဝမ်အာဏာပိုင်များ ဖမ်းဆီး

 639

ဂျန်ဇက် (NP News) - ဩဂုတ် ၂၉

ထိုင်ဝမ်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံရှိ လူကုန်ကူးအဖွဲ့များထံမှ ပြန်လာခဲ့တဲ့ ထိုင်ဝမ် သုံးဦးကို သြဂုတ်လ ၂၈ ရက်က ဖမ်းဆီးလိုက်ကြောင်း၊ ၄င်းတို့သုံးဦးဟာ မြန်မာနိုင်ငံရှိ လူကုန်ကူး ရာဇာဝတ်ဂိုဏ်းများနဲ့ ဆက်သွယ်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

၄င်းတို့ သုံးဦးဟာ လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုလုပ်ငန်းများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကုန်ကူးမှုလုပ်ငန်းများကို တရားမဝင်လုပ်ကိုင်ခဲ့သူများအဖြစ် စွပ်စွဲခံထားရသူတွေဖြစ်တယ်လို့ ထိုင်ဝမ် ရာဇာဝတ် စုံစမ်းရေးဗျူရို (CIB) ကပြောပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးဟာ ထိုင်ဝမ်အစိုးရက ငွေကြေးအတုလုပ်ဆောင်မှုများအတွက် ဖမ်းဆီးဖို့အလိုရှိခံနေရသူတစ်ဦးဖြစ်ပြီး ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းများနဲ့အဆက်နွယ်ရှိနေသူဖြစ် ကြောင်း (CIB)ကပြောပါတယ်။

၎င်းဟာ လူမူကွန်ရက်များအသုံးပြုပြီး အမျိုးသမီးများကို ဖြားယောင်းသိမ်းသွင်းခြင်းများ၊ dating apps များအသုံးပြုပြီး အတုပြုလုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းများ နဲ့ ဝက်ဆိုက်ဒ်များမှာ ရင်းနှီးမြှုပ်နှံစေဖို့ စည်းရုံးသိမ်းသွင်းခြင်းစတဲ့ လုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်ကြောင်းထိုင်ဝမ် (CIB) ကပြောပါတယ်။

ထို့ပြင် ၎င်းအနေဲ့ လူကုန်ကူးမှုလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်ခဲ့ခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကိုတော့ (CIB)က အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ လူကုန်ကူးဂိုဏ်းများနဲ့အဆက်အသွယ်ရှိတဲ့ ထိုင်ဝမ်သုံးဦးဟာ ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှတဆင့် ထိုင်ဝမ်ကို ပြန်လာခဲ့ပြီး လေဆိပ်မှာဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ၄င်းတို့ သုံးဦးကိုဖမ်းဆီးနိုင်ဖို့ ထိုင်းအာဏာပိုင်များနဲ့ ချိတ်ဆက်ဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ကြောင်း (CIB)ကဆိုပါတယ်။

zawgyi version
ျမန္မာႏိုင္ငံရွိ လူကုန္ကူးအဖြဲ႕မ်ားထံမွျပန္လာတဲ့ ထိုင္ဝမ္သုံးဦးကို ထိုင္ဝမ္အာဏာပိုင္မ်ား ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၉

ထိုင္ဝမ္အာဏာပိုင္ေတြဟာ ျမန္မာႏိုင္ငံရွိ လူကုန္ကူးအဖြဲ႕မ်ားထံမွ ျပန္လာခဲ့တဲ့ ထိုင္ဝမ္ သုံးဦးကို ၾသဂုတ္လ ၂၈ ရက္က ဖမ္းဆီးလိုက္ေၾကာင္း၊ ၄င္းတို႔သုံးဦးဟာ ျမန္မာႏိုင္ငံရွိ လူကုန္ကူး ရာဇာဝတ္ဂိုဏ္းမ်ားနဲ႔ ဆက္သြယ္တဲ့အတြက္ ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ဆိုပါတယ္။

၄င္းတို႔ သုံးဦးဟာ လိင္ပိုင္းဆိုင္ရာလူကုန္ကူးမႈလုပ္ငန္းမ်ား၊ ကိုယ္အဂၤါအစိတ္အပိုင္းမ်ား ကုန္ကူးမႈလုပ္ငန္းမ်ားကို တရားမဝင္လုပ္ကိုင္ခဲ့သူမ်ားအျဖစ္ စြပ္စြဲခံထားရသူေတြျဖစ္တယ္လို႔ ထိုင္ဝမ္ ရာဇာဝတ္ စုံစမ္းေရးဗ်ဴ႐ို (CIB) ကေျပာပါတယ္။

ဖမ္းဆီးခံရသူ သုံးဦးအနက္ တစ္ဦးဟာ ထိုင္ဝမ္အစိုးရက ေငြေၾကးအတုလုပ္ေဆာင္မႈမ်ားအတြက္ ဖမ္းဆီးဖို႔အလိုရွိခံေနရသူတစ္ဦးျဖစ္ၿပီး ေငြေၾကးလိမ္လည္တဲ့ ဂိုဏ္းမ်ားနဲ႔အဆက္ႏြယ္ရွိေနသူျဖစ္ ေၾကာင္း (CIB)ကေျပာပါတယ္။

၎ဟာ လူမူကြန္ရက္မ်ားအသုံးျပဳၿပီး အမ်ိဳးသမီးမ်ားကို ျဖားေယာင္းသိမ္းသြင္းျခင္းမ်ား၊ dating apps မ်ားအသုံးျပဳၿပီး အတုျပဳလုပ္ထားတဲ့ စီးပြားေရးလုပ္ငန္းမ်ား နဲ႔ ဝက္ဆိုက္ဒ္မ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံေစဖို႔ စည္း႐ုံးသိမ္းသြင္းျခင္းစတဲ့ လုပ္ငန္းမ်ားကို လုပ္ကိုင္ေနသူျဖစ္ေၾကာင္းထိုင္ဝမ္ (CIB) ကေျပာပါတယ္။

ထို႔ျပင္ ၎အေနဲ႔ လူကုန္ကူးမႈလုပ္ငန္းေတြမွာပါဝင္လုပ္ကိုင္ခဲ့ျခင္း ရွိ၊ မရွိဆိုတဲ့အခ်က္ကိုေတာ့ (CIB)က အေသးစိတ္ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးပါဘူး။ လူကုန္ကူးဂိုဏ္းမ်ားနဲ႔အဆက္အသြယ္ရွိတဲ့ ထိုင္ဝမ္သုံးဦးဟာ ထိုင္းႏိုင္ငံဘန္ေကာက္ေလဆိပ္မွတဆင့္ ထိုင္ဝမ္ကို ျပန္လာခဲ့ၿပီး ေလဆိပ္မွာဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း၊ ၄င္းတို႔ သုံးဦးကိုဖမ္းဆီးႏိုင္ဖို႔ ထိုင္းအာဏာပိုင္မ်ားနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း (CIB)ကဆိုပါတယ္။

Related news

© 2021. All rights reserved.