မရမ်းကုန်းမြိုနယ်ရှိ Grand Palace Hotel ဟိုတယ်အပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွား

 269

ချယ်ရီ (NP News) - အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်ရှိ Grand Palace Hotel ဟိုတယ်အပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသူတစ်ဦးထံက သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ နံနက်အစောပိုင်း ၁ နာရီ ၂ဝ မိနစ် အချိန်ခန့်က မရမ်းကုန်းမြိုနယ်၊ သမိုင်း(၁)ရပ်ကွက်၊ နန္ဒဝန်ကျောင်းလမ်းရှိ Grand Palace Hotel တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အောက်ကို မျက်နှာနဲ့ကျတာ။ Grand Palace Hotel ရဲ့ ၂လွှာကနေ ခုန်ချတယ်လို့ ပြောတယ်။ ချော်ကျဖို့တော့ မရှိဘူး။ တမင်ခုန်ချမှာပဲ ရမှာ။ ပြတင်းပေါက်တွေပဲ ရှိတယ်။ သူတို့အခန်းက ဝရန်တာလည်းမရှိဘူး” ဟု အထက်ပါသတင်းရင်းမြစ်က NP News ကို ပြောသည်။

သေဆုံးသူမှာ အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်း နှင့် မျက်နှာထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြုတ်ကျတုန်းကတော့ နည်းနည်းအသက်ရှိဦးမယ်။ ဆေးရုံပို့နေရင်းဆုံး ဖို့များတယ်။ မရမ်းကုန်းမှာက ကျွန်တော်သိသလောက်ဆို အရင်အဲဒီလိုဖြစ်စဉ်မျိုး မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မရမ္းကုန္းၿမိဳနယ္ရွိ Grand Palace Hotel ဟိုတယ္အေပၚမွ အမ်ိဳးသားတစ္ဦး ခုန္ခ် သတ္ေသမႈျဖစ္ပြား
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳနယ္ရွိ Grand Palace Hotel ဟိုတယ္အေပၚမွ အမ်ိဳးသားတစ္ဦး ခုန္ခ် သတ္ေသမႈျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္အားသိရွိသူတစ္ဦးထံက သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၂၆ ရက္)၊ နံနက္အေစာပိုင္း ၁ နာရီ ၂ဝ မိနစ္ အခ်ိန္ခန႔္က မရမ္းကုန္းၿမိဳနယ္၊ သမိုင္း(၁)ရပ္ကြက္၊ နႏၵဝန္ေက်ာင္းလမ္းရွိ Grand Palace Hotel တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေအာက္ကို မ်က္ႏွာနဲ႔က်တာ။ Grand Palace Hotel ရဲ႕ ၂လႊာကေန ခုန္ခ်တယ္လို႔ ေျပာတယ္။ ေခ်ာ္က်ဖို႔ေတာ့ မရွိဘူး။ တမင္ခုန္ခ်မွာပဲ ရမွာ။ ျပတင္းေပါက္ေတြပဲ ရွိတယ္။ သူတို႔အခန္းက ဝရန္တာလည္းမရွိဘူး” ဟု အထက္ပါသတင္းရင္းျမစ္က NP News ကို ေျပာသည္။

ေသဆုံးသူမွာ အသက္(၄၀)ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ဦးေခါင္း ႏွင့္ မ်က္ႏွာထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပဳတ္က်တုန္းကေတာ့ နည္းနည္းအသက္ရွိဦးမယ္။ ေဆး႐ုံပို႔ေနရင္းဆုံး ဖို႔မ်ားတယ္။ မရမ္းကုန္းမွာက ကြၽန္ေတာ္သိသေလာက္ဆို အရင္အဲဒီလိုျဖစ္စဥ္မ်ိဳး မရွိဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.