အစ္စရေးကို ပြန်လည်လက်တုံ့ပြန်ခြင်းမျိုးမလုပ်ဖို့ အီရန်ကို အမေရိကန်အစိုးရ တောင်းဆို

 1795

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၆

အမေရိကန်အစိုးရကတော့ အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်းတွေ မလုပ်ဖို့ အီရန်နိုင်ငံကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ဂါဇာအရေးနဲ့ပတ်သက်ပြီး အီရန် နဲ့ အစ္စရေးနိုင်ငံကြား တင်းမာမှုတွေရှိနေချိန်မှာပဲ အစ္စရေးနိုင်ငံဟာ အောက်တိုဘာလ ၂၆ ရက်မှာ အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်လိုက်ပြီးနောက် အမေရိကန် အစိုးရက တိုက်တွန်းတာင်းဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက "အီရန်ဟာ အစ္စရေးနိုင်ငံကို လက်တုံ့ပြန်မယ် လမ်းကြောင်းကို ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်တော်ဘက်ကလည်း အဆင့်သင့်ရှိနေပါတယ်။ အီရန်နိုင်ငံဟာ အဲဒီလက်တုံ့ပြန်မှုတွေ အတွက် နောက်ထပ်တစ်ကြိမ်ဆိုးရွားတဲ့အကျိုးတွေ ရင်ဆိုင်ရမယ်" လို့ ပြောပါတယ်။

အမေရိကန်အစိုးရက အီရန်နဲ့ အစ္စရေးနိုင်ငံတို့ဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို အဆုံးသတ်ရမှာဖြစ် တယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြားဖြစ်ပွားနေတဲ့ လက်ဘနွန်စစ်ပွဲ၊ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်စေဖို့ ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရဘဲဖြစ်နေပါတယ်။ ဗြိတိန်အစိုးရကတော့ အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ကိုယ်ကိုယ်ကိုယ်ကာကွယ်ခွင့်အရ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဗြိတိန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှီသူတစ်ဦးက "ကျွန်တော်တို့ဟာ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေ တယ်။ နောက်ထပ်တင်းမာမှုတွေထပ်မံဖြစ်လာမှာတော့ မမြင်တွေ့လိုဘူး" လို့ပြောပါတယ်။ အီရန် ဒုတိယသမ္မတ တစ်ဦးကတော့ အီရန်နိုင်ငံဟာ နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ရန်သူတွေကို ချေမှုန်းနိုင်စွမ်းရှိတယ်လို့ လူမူကွန်ရက်မှာ ရေးသားဖော်ပြခဲ့သလို အီရန်လေကြောင်းရန် ကာကွယ်ရေးအဖွဲ့ကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ရန်စမှု တစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ ဘယ်လိုမျိုးလက်တုံ့ပြန်မလဲဆိုတာကိုစဉ်းစားသွားရမယ်လို့ ပြောပါတယ်။

Zawgyi Version;
အစၥေရးကို ျပန္လည္လက္တုံ႔ျပန္ျခင္းမ်ိဳးမလုပ္ဖို႔ အီရန္ကို အေမရိကန္အစိုးရ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၆

အေမရိကန္အစိုးရကေတာ့ အစၥေရးႏိုင္ငံအေပၚ လက္တုံ႔ျပန္တိုက္ခိုက္ျခင္းေတြ မလုပ္ဖို႔ အီရန္ႏိုင္ငံကို တိုက္တြန္း ေတာင္းဆိုထားပါတယ္။ ဂါဇာအေရးနဲ႔ပတ္သက္ၿပီး အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကား တင္းမာမႈေတြရွိေနခ်ိန္မွာပဲ အစၥေရးႏိုင္ငံဟာ ေအာက္တိုဘာလ ၂၆ ရက္မွာ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္တိုက္ခိုက္လိုက္ၿပီးေနာက္ အေမရိကန္ အစိုးရက တိုက္တြန္းတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အေမရိကန္အစိုးရအဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက "အီရန္ဟာ အစၥေရးႏိုင္ငံကို လက္တုံ႔ျပန္မယ္ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ဘက္ကလည္း အဆင့္သင့္ရွိေနပါတယ္။ အီရန္ႏိုင္ငံဟာ အဲဒီလက္တုံ႔ျပန္မႈေတြ အတြက္ ေနာက္ထပ္တစ္ႀကိမ္ဆိုး႐ြားတဲ့အက်ိဳးေတြ ရင္ဆိုင္ရမယ္" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရက အီရန္နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ျခင္းေတြကို အဆုံးသတ္ရမွာျဖစ္ တယ္လို႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အစၥေရးနဲ႔ ဟစ္ဘိုလာအဖြဲ႕ၾကားျဖစ္ပြားေနတဲ့ လက္ဘႏြန္စစ္ပြဲ၊ အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအဆုံးသတ္ေစဖို႔ ႀကိဳးပမ္းေနေပမယ့္ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရဘဲျဖစ္ေနပါတယ္။ ၿဗိတိန္အစိုးရကေတာ့ အီရန္ႏိုင္ငံကို လက္တုံ႔ျပန္တိုက္ခိုက္ခဲ့တဲ့ အစၥေရးရဲ႕ တိုက္ခိုက္မႈဟာ ကိုယ္ကိုယ္ကိုယ္ကာကြယ္ခြင့္အရ လုပ္ပိုင္ခြင့္ရွိတယ္လို႔ ေျပာဆိုထားပါတယ္။
ၿဗိတိန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွီသူတစ္ဦးက "ကြၽန္ေတာ္တို႔ဟာ အေျခအေနေတြကို အနီးကပ္ေစာင့္ၾကည့္ေန တယ္။ ေနာက္ထပ္တင္းမာမႈေတြထပ္မံျဖစ္လာမွာေတာ့ မျမင္ေတြ႕လိုဘူး" လို႔ေျပာပါတယ္။ အီရန္ ဒုတိယသမၼတ တစ္ဦးကေတာ့ အီရန္ႏိုင္ငံဟာ ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့ရန္သူေတြကို ေခ်မႈန္းႏိုင္စြမ္းရွိတယ္လို႔ လူမူကြန္ရက္မွာ ေရးသားေဖာ္ျပခဲ့သလို အီရန္ေလေၾကာင္းရန္ ကာကြယ္ေရးအဖြဲ႕ကလည္း အစၥေရးရဲ႕တိုက္ခိုက္မႈေတြဟာ ရန္စမႈ တစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဘယ္လိုမ်ိဳးလက္တုံ႔ျပန္မလဲဆိုတာကိုစဥ္းစားသြားရမယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.