တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သူများကို မဖြစ်မနေ ဖမ်းဆီးရန်ညွှန်ကြားထား

 2647

မြူနစ် (NP News) - အောက်တိုဘာ ၂၆

မန္တလေးမြို့ပေါ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်သူများကို မဖြစ်မနေဖမ်းဆီးရန် နစက၏ ထိပ်ပိုင်း ခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် အောက်တိုဘာလ (၁၈)ရက် ညနေ(၄)နာရီခွဲဝန်းကျင်အချိန်တွင် ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ် သည် ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ခေါင်မိုးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းကြောင့် ခေါင်မိုးရေ တံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး (၂)ပေခန့် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ထား သည်။

ထို့ပြင် ယင်းကဲ့သို့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနှင့်အခြားထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်းသိရပြီး နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စိစစ်နေကြောင်းလည်း သိရသည်။

“ကျူးလွန်တဲ့သူကို အခုထိ(အောက်တိုဘာ ၂၅ ရက်) မမိသေးဘူး။ အဲဒါက တပ်ကလုပ်တဲ့ ပုံစံမျိုးနဲ့လုပ်သွားတာ။ ကျွန်တော်တို့ ယူဆတာကတော့ စက်ပစ္စည်းတစ်ခုခုကို အသုံးပြုပြီးလုပ်သွားတာ။ ဒရုန်းနဲ့ ပစ်သွားတာလို့လည်း ယူဆတယ်။ နောက်ပြီးတော့ အဲဒါက သီတင်းကျွတ်ကာလဆိုတော့ မီးပုံးပျံနဲ့လည်း လုပ်သွားတာလို့လည်း ယူဆရ တယ်။ အထက်က လူကြီးတွေကတော့ လုပ်တဲ့သူကိုမိအောင် ဖမ်းဖို့ ညွှန်ကြားထားတယ်။ အဓိကတော့ တပ်ကို ပုံရိပ် ထိခိုက်အောင်လုပ်တာပေါ့။ တရုတ်ကတပ်နဲ့ နီးစပ်နေတာမျိုးရှိတော့ အမြင်မကြည်ဖြစ်သွားအောင် လုပ်တယ်လို့လည်း ယူဆရတယ်” ဟု လုံခြုံရေးအရာရှိတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ NUG လက်အောက်ခံလက်နက်ကိုင်များဖြစ်သော PDF များ၏ လုပ်ရပ်သာဖြစ်ကြောင်း နစက၏ လုံခြုံရေးအရာရှိများက ရှုမြင်မှုများရှိနေသော်လည်း NUG ဘက်က သံတမန်ဆိုင်ရာ အဆောက်အအုံကို တိုက်ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာထားသည်ကို တွေ့ရသည်။

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ NP News က မန္တလေးတိုင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူနှင့် နစကအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတို့ကို အောက်တိုဘာလ(၂၅)ရက် ညနေပိုင်းအထိ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ ကောင်စစ်ဝန်ချုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့သောလုပ်ရပ်ကို အလွန်တုန်လှုပ်မိကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးဘက်က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်ကို သေချာစုံစမ်းစစ်ဆေးကာ လုပ်ဆောင်သူကို တရားဥပဒေနှင့်အညီ ပြင်းထန်စွာ ပြစ်ဒဏ်ပေးရန် တရုတ်နိုင်ငံဘက်က တိုက်တွန်းထားကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံး တိုက္ခိုက္သူမ်ားကို မျဖစ္မေန ဖမ္းဆီးရန္ၫႊန္ၾကားထား
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၂၆

မႏၲေလးၿမိဳ႕ေပၚရွိ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို တိုက္ခိုက္သူမ်ားကို မျဖစ္မေနဖမ္းဆီးရန္ နစက၏ ထိပ္ပိုင္း ေခါင္းေဆာင္မ်ားက ၫႊန္ၾကားထားေၾကာင္း သိရသည္။
မႏၲေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းရွိ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတြင္ ေအာက္တိုဘာလ (၁၈)ရက္ ညေန(၄)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ေပါက္ကြဲမႈျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့သည္။ အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ သည္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး ႏွစ္ထပ္ေဆာင္၏ေခါင္မိုးတြင္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ယင္းေၾကာင့္ ေခါင္မိုးေရ တံေလွ်ာက္အနီးရွိ အုတ္ႂကြပ္အမိုး (၂)ေပခန႔္ ပ်က္စီးမႈျဖစ္ပြားခဲ့ေၾကာင္း နစကဘက္က သတင္းထုတ္ျပန္ထား သည္။

ထို႔ျပင္ ယင္းကဲ့သို႔ ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ လူႏွင့္အျခားထိခိုက္ပ်က္စီးမႈမ်ား မရွိခဲ့ေၾကာင္းသိရၿပီး နစက၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းကာ ေပါက္ကြဲမႈျဖစ္ပြားရသည့္ အေၾကာင္းရင္းကို စိစစ္ေနေၾကာင္းလည္း သိရသည္။

“က်ဴးလြန္တဲ့သူကို အခုထိ(ေအာက္တိုဘာ ၂၅ ရက္) မမိေသးဘူး။ အဲဒါက တပ္ကလုပ္တဲ့ ပုံစံမ်ိဳးနဲ႔လုပ္သြားတာ။ ကြၽန္ေတာ္တို႔ ယူဆတာကေတာ့ စက္ပစၥည္းတစ္ခုခုကို အသုံးျပဳၿပီးလုပ္သြားတာ။ ဒ႐ုန္းနဲ႔ ပစ္သြားတာလို႔လည္း ယူဆတယ္။ ေနာက္ၿပီးေတာ့ အဲဒါက သီတင္းကြၽတ္ကာလဆိုေတာ့ မီးပုံးပ်ံနဲ႔လည္း လုပ္သြားတာလို႔လည္း ယူဆရ တယ္။ အထက္က လူႀကီးေတြကေတာ့ လုပ္တဲ့သူကိုမိေအာင္ ဖမ္းဖို႔ ၫႊန္ၾကားထားတယ္။ အဓိကေတာ့ တပ္ကို ပုံရိပ္ ထိခိုက္ေအာင္လုပ္တာေပါ့။ တ႐ုတ္ကတပ္နဲ႔ နီးစပ္ေနတာမ်ိဳးရွိေတာ့ အျမင္မၾကည္ျဖစ္သြားေအာင္ လုပ္တယ္လို႔လည္း ယူဆရတယ္” ဟု လုံၿခဳံေရးအရာရွိတစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။
တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံး ေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ NUG လက္ေအာက္ခံလက္နက္ကိုင္မ်ားျဖစ္ေသာ PDF မ်ား၏ လုပ္ရပ္သာျဖစ္ေၾကာင္း နစက၏ လုံၿခဳံေရးအရာရွိမ်ားက ရႈျမင္မႈမ်ားရွိေနေသာ္လည္း NUG ဘက္က သံတမန္ဆိုင္ရာ အေဆာက္အအုံကို တိုက္ခိုက္သည့္လုပ္ရပ္မ်ားကို ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ထုတ္ျပန္ ေၾကညာထားသည္ကို ေတြ႕ရသည္။

မႏၲေလးၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံး တိုက္ခိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ NP News က မႏၲေလးတိုင္း အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူႏွင့္ နစကအစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူတို႔ကို ေအာက္တိုဘာလ(၂၅)ရက္ ညေနပိုင္းအထိ ဖုန္းျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရရွိခဲ့ေပ။ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးကို ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေသာလုပ္ရပ္ကို အလြန္တုန္လႈပ္မိေၾကာင္းႏွင့္ ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ သံ႐ုံးဘက္က အသိေပးထုတ္ျပန္ထားသည္။ အဆိုပါျဖစ္စဥ္ကို ေသခ်ာစုံစမ္းစစ္ေဆးကာ လုပ္ေဆာင္သူကို တရားဥပေဒႏွင့္အညီ ျပင္းထန္စြာ ျပစ္ဒဏ္ေပးရန္ တ႐ုတ္ႏိုင္ငံဘက္က တိုက္တြန္းထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.