အီရန်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကြေညာ

 958

Pika (NP News) - အောက်တိုဘာ ၂၆

အစ္စရေးတပ်ဖွဲ့တွေဟာ အီရန်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိကျတဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟက်ရီက အောက်တိုဘာလ(၂၆)ရက် အစောပိုင်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒန်နီယယ်ဟက်ရီက "အစ္စရေးနိုင်ငံကို လနဲ့ချီကြာအောင် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အီရန်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ အီရန်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိကျတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကို ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။ ပြီးတော့ အစ္စရေးနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ထိုးစစ်စွမ်းရည်တွေကို အပြည့်အဝပြင်ဆင်ထားပါတယ်" လို့ ပြောခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုအတိုင်းအတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးသလို အီရန်ဘက်ကလည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အီရန်နိုင်ငံ တီဟီရန်မြို့မှာ ပေါက်ကွဲမှုအနည်းဆုံး(၇)ကြိမ်ခန့်ကို ကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၁)ရက်မှာ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ယခုလိုတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်ဟာ သေစေလောက်ပြီးတိကျတဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့ အစ္စရေးဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version;
အီရန္ကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးစစ္ဘက္ေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၂၆

အစၥေရးတပ္ဖြဲ႕ေတြဟာ အီရန္ႏိုင္ငံမွာရွိတဲ့ စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြကို တိက်တဲ့တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ဒန္နီယယ္ဟက္ရီက ေအာက္တိုဘာလ(၂၆)ရက္ အေစာပိုင္းမွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဒန္နီယယ္ဟက္ရီက "အစၥေရးႏိုင္ငံကို လနဲ႔ခ်ီၾကာေအာင္ တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ အီရန္ရဲ႕ လုပ္ရပ္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးတပ္ဖြဲ႕ေတြဟာ အီရန္မွာရွိတဲ့ စစ္ဘက္ဆိုင္ရာပစ္မွတ္ေတြကို တိက်တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အစၥေရးႏိုင္ငံနဲ႔ ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။ ၿပီးေတာ့ အစၥေရးႏိုင္ငံရဲ႕ ကာကြယ္ေရးနဲ႔ ထိုးစစ္စြမ္းရည္ေတြကို အျပည့္အဝျပင္ဆင္ထားပါတယ္" လို႔ ေျပာခဲ့ပါတယ္။

အစၥေရးတပ္ဖြဲ႕ေတြရဲ႕တိုက္ခိုက္မႈအတိုင္းအတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးသလို အီရန္ဘက္ကလည္း ပ်က္စီးဆုံးရႈံးမႈေတြနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ထုတ္ျပန္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕မွာ ေပါက္ကြဲမႈအနည္းဆုံး(၇)ႀကိမ္ခန႔္ကို ၾကားခဲ့ရတယ္လို႔ ေဒသခံတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁)ရက္မွာ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ အီရန္ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးဘက္က ယခုလိုတိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တာလို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္ဟာ ေသေစေလာက္ၿပီးတိက်တဲ့ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ အစၥေရးဘက္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.