LGBTQ ကျောင်းသားတွေကို တရားဝင်ငြင်းပယ်ဖို့ Orthodox ဂျူးတက္ကသိုလ်ကို အမေရိကန်တရားရုံးချုပ်က ခွင့်ပြုထား

 477

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

LGBTQ ကျောင်းသားအုပ်စုကို တရားဝင်အသိအမှတ်မပြုဘဲ ငြင်းပယ်ခွင့်ပေးဖို့ နယူးယောက်ရှိ Orthodox ဂျူးတက္ကသိုလ်ကို အမေရိကန်တရားရုံးချုပ်က ယာယီခွင့်ပြုချက်ပေးလိုက်တယ်လို့ သိရပါ တယ်။

တက္ကသိုလ်ဟာ Pride Alliance ကို အချို့သောအဆောက်အဦးများနဲ့ဝန်ဆောင်မှုများကိုအသုံးပြုနိုင်မယ့် ကျောင်းသားအသင်းအဖွဲ့အဖြစ် တရားဝင် စာရင်းသွင်းခွင့်ပြုထားရကြောင်း နယူးယောက်ပြည်နယ် တရားသူကြီးတစ်ဦးက ပြောကြားပြီးနောက် နယူးယောက်ပြည်နယ် ဂျူးတက္ကသိုလ် Yeshiva University ဟာ အရေးတကြီး စီရင်ချက်အတွက် တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။

“ဘာသာရေး နက်နဲသော ဂျူးတက္ကသိုလ်တစ်ခုအနေနဲ့ Yeshiva ဟာ အဆိုပါအမိန့်ကို လိုက်နာနိုင်မှာ မဟုတ်ပါ။ Torah ဘာသာရေးစာအုပ်နဲ့ သွေဖီပြီး ဘွဲ့ကြိုကျောင်းသားတွေရဲ့စိတ်ရင်းမှန်တဲ့ ဘာသာရေးယုံကြည်ချက်ကို ချိုးဖောက်ခြင်းကြောင့်ဖြစ်တယ်” လို့ တက္ကသိုလ်အယူခံမှာ ဖော်ပြထားပါ တယ်။

သို့ပေမယ့် တက္ကသိုလ်မှာ ဘာသာရေးတင်မက အခြားဘာသာရပ်များစွာကိုလည်း သင်ကြားပို့ချပေး လျက်ရှိပြီး ၄င်းတို့ကျောင်းသားအဖွဲ့မှာ ဂျူးမဟုတ်သူတွေလည်း ပါရှိကြောင်း Pride Alliance မှ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျောင်းသား အသိုင်းအဝိုင်းတစ်ခုလုံးကို လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုအပေါ်အခြေခံပြီး ထောက်ပံ့ပေး နေတဲ့ ဘာသာရေးမဟုတ်တဲ့အရင်းအမြစ်တွေနဲ့ ကျောင်းသားဝင်ရောက်ခွင့်ကို ငြင်းဆိုနိုင်မှာ မဟုတ်ပါ ဘူး” လို့ မဟာမိတ်အဖွဲ့က ပြောကြားပါတယ်။

Yeshiva တက္ကသိုလ်ဟာ ဂျူးဘာသာကိုလေ့လာဖို့ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်က စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားပေါင်း ၅ဝဝဝ ခန့်ရှိခဲ့ပေမယ့် ဇီဝဗေဒ (သို့မဟုတ်) စာရင်းကိုင်ကဲ့သို့သော ဘာသာရေး မဟုတ်တဲ့ နယ်ပယ်အမျိုးမျိုးအတွက်လည်း ဒီဂရီများ ပို့ချပေးနေပါတယ်။ ၂ဝ၁၈ ခုနှစ်က LGBTQ ကျောင်းသားအုပ်စုဟာ YU Pride Alliance ကို ဖွဲ့စည်းခဲ့ပြီး အခြားလှုပ်ရှားမှုများအကြား ဟောပြောပွဲများ ကျင်းပဖို့နဲ့ အစည်းအဝေးတွေကျင်းပနိုင်ဖို့ ကျောင်းသားအသင်းအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုပါတိုက်ပွဲဟာ ဘာသာရေးဆိုင်ရာအခွင့်အရေးများနဲ့ ခွဲခြားမှုမရှိတဲ့အခြေခံမှုတွေကြား အမေရိကန် ပြည်ထောင်စုရဲ့ပိုမိုကျယ်ပြန့်တဲ့ စကားစစ်ထိုးပွဲတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။

Zawgyi Version;
LGBTQ ေက်ာင္းသားေတြကို တရားဝင္ျငင္းပယ္ဖို႔ Orthodox ဂ်ဴးတကၠသိုလ္ကို အေမရိကန္တရား႐ုံး ခ်ဳပ္က ခြင့္ျပဳထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂

LGBTQ ေက်ာင္းသားအုပ္စုကို တရားဝင္အသိအမွတ္မျပဳဘဲ ျငင္းပယ္ခြင့္ေပးဖို႔ နယူးေယာက္ရွိ Orthodox ဂ်ဴးတကၠသိုလ္ကို အေမရိကန္တရား႐ုံးခ်ဳပ္က ယာယီခြင့္ျပဳခ်က္ေပးလိုက္တယ္လို႔ သိရပါ တယ္။

တကၠသိုလ္ဟာ Pride Alliance ကို အခ်ိဳ႕ေသာအေဆာက္အဦးမ်ားနဲ႔ဝန္ေဆာင္မႈမ်ားကိုအသုံးျပဳႏိုင္မယ့္ ေက်ာင္းသားအသင္းအဖြဲ႕အျဖစ္ တရားဝင္ စာရင္းသြင္းခြင့္ျပဳထားရေၾကာင္း နယူးေယာက္ျပည္နယ္ တရားသူႀကီးတစ္ဦးက ေျပာၾကားၿပီးေနာက္ နယူးေယာက္ျပည္နယ္ ဂ်ဴးတကၠသိုလ္ Yeshiva University ဟာ အေရးတႀကီး စီရင္ခ်က္အတြက္ တရား႐ုံးကို ေရာက္ရွိလာခဲ့ပါတယ္။

“ဘာသာေရး နက္နဲေသာ ဂ်ဴးတကၠသိုလ္တစ္ခုအေနနဲ႔ Yeshiva ဟာ အဆိုပါအမိန႔္ကို လိုက္နာႏိုင္မွာ မဟုတ္ပါ။ Torah ဘာသာေရးစာအုပ္နဲ႔ ေသြဖီၿပီး ဘြဲ႕ႀကိဳေက်ာင္းသားေတြရဲ႕စိတ္ရင္းမွန္တဲ့ ဘာသာေရးယုံၾကည္ခ်က္ကို ခ်ိဳးေဖာက္ျခင္းေၾကာင့္ျဖစ္တယ္” လို႔ တကၠသိုလ္အယူခံမွာ ေဖာ္ျပထားပါ တယ္။

သို႔ေပမယ့္ တကၠသိုလ္မွာ ဘာသာေရးတင္မက အျခားဘာသာရပ္မ်ားစြာကိုလည္း သင္ၾကားပို႔ခ်ေပး လ်က္ရွိၿပီး ၄င္းတို႔ေက်ာင္းသားအဖြဲ႕မွာ ဂ်ဴးမဟုတ္သူေတြလည္း ပါရွိေၾကာင္း Pride Alliance မွ တုံ႔ျပန္ ေျပာဆိုခဲ့ပါတယ္။

“ေက်ာင္းသား အသိုင္းအဝိုင္းတစ္ခုလုံးကို လိင္ပိုင္းဆိုင္ရာတိမ္းၫႊတ္မႈအေပၚအေျခခံၿပီး ေထာက္ပံ့ေပး ေနတဲ့ ဘာသာေရးမဟုတ္တဲ့အရင္းအျမစ္ေတြနဲ႔ ေက်ာင္းသားဝင္ေရာက္ခြင့္ကို ျငင္းဆိုႏိုင္မွာ မဟုတ္ပါ ဘူး” လို႔ မဟာမိတ္အဖြဲ႕က ေျပာၾကားပါတယ္။

Yeshiva တကၠသိုလ္ဟာ ဂ်ဴးဘာသာကိုေလ့လာဖို႔ လြန္ခဲ့တဲ့ ႏွစ္ ၁ဝဝ ေက်ာ္က စတင္တည္ေထာင္ခဲ့ၿပီး ေက်ာင္းသားေပါင္း ၅ဝဝဝ ခန႔္ရွိခဲ့ေပမယ့္ ဇီဝေဗဒ (သို႔မဟုတ္) စာရင္းကိုင္ကဲ့သို႔ေသာ ဘာသာေရး မဟုတ္တဲ့ နယ္ပယ္အမ်ိဳးမ်ိဳးအတြက္လည္း ဒီဂရီမ်ား ပို႔ခ်ေပးေနပါတယ္။ ၂ဝ၁၈ ခုႏွစ္က LGBTQ ေက်ာင္းသားအုပ္စုဟာ YU Pride Alliance ကို ဖြဲ႕စည္းခဲ့ၿပီး အျခားလႈပ္ရွားမႈမ်ားအၾကား ေဟာေျပာပြဲမ်ား က်င္းပဖို႔နဲ႔ အစည္းအေဝးေတြက်င္းပႏိုင္ဖို႔ ေက်ာင္းသားအသင္းအျဖစ္ တရားဝင္အသိအမွတ္ျပဳဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အဆိုပါတိုက္ပြဲဟာ ဘာသာေရးဆိုင္ရာအခြင့္အေရးမ်ားနဲ႔ ခြဲျခားမႈမရွိတဲ့အေျခခံမႈေတြၾကား အေမရိကန္ ျပည္ေထာင္စုရဲ႕ပိုမိုက်ယ္ျပန႔္တဲ့ စကားစစ္ထိုးပြဲေတြရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.