အင်ဒိုနီးရှားနိုင်ငံက စွမ်းအင်စျေးနှုန်းကိုလျော့ချနိုင်ဖို့အတွက် ရုရှားထံမှ ရေနံဝယ်ယူသွားဖွယ်ရှိနေ
 609
ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ နိုင်ငံအတွင်း စွမ်းအင်နဲ့ စက်သုံးစီစျေးနှုန်းမြင့်တက်မှုများကိုလျော့ချနိုင်ဖို့ရည်ရွယ်ချက်နဲ့ ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူဖို့ စဉ်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့လိုမျိုး ရုရှားနိုင်ငံထံမှ ရေနံကိုဝယ်ယူဖို့ စဉ်းစားနေပြီး သင့်တော်တဲ့စျေးနှုန်းမျိုးနဲ့ရမယ်ဆိုရင် ဝယ်ယူသွားမယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားသမ္မတက "ကျွန်တော်တို့အစိုးရဟာ ရွေးချယ်လို့ရတဲ့အရာအားလုံးကို စောင့်ကြည့်နေပါတယ်။ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့စျေးနှုန်းမျိုးနဲ့ရောင်းချမယ်ဆိုရင် ဖြစ်နိုင်ပါတယ်" လို့ပြောပါတယ်။
အိန္ဒိယအခြေစိုက် Financial Times သတင်းဌာနဟာ အင်ဒိုနီးရှားသမ္မတဝီဒိုဒို နဲ့ တွေ့ဆုံချိန်အတွင်း ရုရှားနိုင်ငံထံမှ အင်ဒိုနီးရှား ရေနံဝယ်ယူခြင်းရှိ/မရှိ ဆိုတဲ့အချက်ကို မေးခွန်းအပေါ် ဝီဒိုဒိုက တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ရေနံ နဲ့ စက်သုံးစီစျေးနှုန်း ၃ဝ ရာခိုင်နှုန်း မြင့်တက်နေရာ လူပေါင်းသန်း ၂၇ဝ ရှိ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံတဝန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရုရှားနိုင်ငံက တင်ပို့နေတဲ့ ရေနံ နဲ့ ရေနံထုတ်ကုန်များကို G-7 အဖွဲ့ဝင်နိုင်ငံများက စျေးနှုန်းသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အမေရိကန်ဟာ ရုရှားရဲ့စွမ်းအင် အပေါ်ပိတ်ဆို့မှုတွေ ချမှတ်ထားရာ အင်ဒိုနီးရှားဟာ ရုရှားထံမှ ရေနံဝယ်ယူဖို့ အခက်အခဲတွေရှိလာနိုင်တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားခရီးသွားဝန်ကြီး ဆန်ဒီယာဂါ အူနိုက ရုရှားဟာ အင်ဒိုနီးရှားကို ရေနံတစ်စည် ၃ဝရာခိုင်နှုန်းနဲ့ရောင်းချဖို့ ကမ်းလှမ်းတာမျိုးတွေရှိနေကြောင်း၊ ပြီးခဲ့တဲ့ သြဂုတ်လက ပြောခဲ့ဖူးပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Pertamina က ၄င်းတို့ဟာ ရုရှားထံမှ ရေနံဝယ်ယူဖို့ ပြန်လည်သုံးသပ်မှုတွေလုပ်နေကြောင်း ဆိုထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်နေပြီး စွမ်းအင်နဲ့ ကုန်စျေးနှုန်းမြင့်မှုများကြောင့် ပြည်သူများအခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
Zawgyi Version;
အင်ဒိုနီးရှားနိုင်ငံက စွမ်းအင်ဈေးနှုန်းကိုလျော့ချနိုင်ဖို့အတွက် ရုရှားထံမှ ရေနံဝယ်ယူသွားဖွယ်ရှိနေ
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ နိုင်ငံအတွင်း စွမ်းအင်နဲ့ စက်သုံးစီဈေးနှုန်းမြင့်တက်မှုများကိုလျော့ချနိုင်ဖို့ရည်ရွယ်ချက်နဲ့ ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူဖို့ စဉ်းစားလျက်ရှိနေတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အိန္ဒိယ၊ တရုတ်နိုင်ငံတို့လိုမျိုး ရုရှားနိုင်ငံထံမှ ရေနံကိုဝယ်ယူဖို့ စဉ်းစားနေပြီး သင့်တော်တဲ့ဈေးနှုန်းမျိုးနဲ့ရမယ်ဆိုရင် ဝယ်ယူသွားမယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်နေပြီး စွမ်းအင်နဲ့ ကုန်ဈေးနှုန်းမြင့်မှုများကြောင့် ပြည်သူများအခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
Related news
© 2021. All rights reserved.