တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ လာမယ့်ရက်ပိုင်းအတွင်း မျက်နှာချင်းတွေ့ဆုံဆွေးနွေးမယ်

 604

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂ နှစ်ကျော်အတွင်း တရုတ်နိုင်ငံပြင်ပ အာရှတိုက်အလယ်ပိုင်းနိုင်ငံကို ဒီသီတင်းပတ်အတွင်းသွားရောက်မှာဖြစ်ပြီး ရုရှားသမ္မတပူတင်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်သမ္မတဟာ တရုတ်သမ္မတဟာ စက်တင်ဘာ ၁၄ ရက်နေ့နမှာ ကာဇက်စတန် နိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အခုသီတင်းပတ်အတွင်း ခရီးထွက်ခွာမှာဖြစ်ပြီး၊ ရုရှားသမ္မတပူတင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖွယ်ရှိတယ်လို့ ကာဇက်စတန်နိုင်ငံ နဲ့ ရုရှားအစိုးရတို့က သတင်းထုတ်ပြန်ထားပါတယ်။

ရုရှားသမ္မတပူတင်ရဲ့နိုင်ငံခြားရေးအကြံပေးဖြစ်သူ Yuri Ushakov က ရုရှားသမ္မတပူတင်ဟာ ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ဆိုခဲ့ပေမယ့် အသေးစိတ်အကြောင်းအရာတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားဟာ လက်ရှိအချိန်မှာ ယူကရိန်းနဲ့စစ်ဖြစ်နေရာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ်ပိတ်ဆို့မှုများချမှတ်နေချိန်မှာ ရုရှားနဲ့ တရုတ်ခေါင်းဆောင်တို့က
စုစည်းညီညွတ်စွာနဲ့ အမေရိကန်ကိုဆန့်ကျင်ကြောင်း ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Red Flags စာအုပ် စာရေးဆရာဖြစ်သူ George Magnus က "တရုတ်သမ္မတနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကတော့ ရှီကျင့်ဖျင့်ဟာ အနောက်အုပ်စုရဲ့သြဇာလွမ်းမှုများကို ဆန့်ကျ်တဲ့နိုင်ငံတကာခေါင်းဆောင်တွေအဖြစ် တွေ့ဆုံဆွေးနွေးမယ့်ပုံစံမျိုးဖြစ်လာနိုင်တယ်" လို့ပြောပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတွေထဲ စူပါပါဝါ နိုင်ငံဖြစ်လာခဲ့ပြီး ရုရှားက သဘာဝအရင်းမြစ်ကြွယ်ဝတဲ့နိုင်ငံဖြစ်ရာ ၄င်းတို့နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေက အကန့်အသတ်မရှိကြောင်း၊ ပြီးခဲ့တဲ့နှစ်များအတွင်း ၄င်းတို့နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ရာ အနောက်အုပ်စုနိုင်ငံများအတွက် စိုးရိမ်မှုမြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္သမၼတနဲ႔ ႐ုရွားသမၼတတို႔ လာမယ့္ရက္ပိုင္းအတြင္း မ်က္ႏွာခ်င္းေတြ႕ဆုံေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂

တ႐ုတ္သမၼတရွီက်င့္ဖ်င့္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ၂ ႏွစ္ေက်ာ္အတြင္း တ႐ုတ္ႏိုင္ငံျပင္ပ အာရွတိုက္အလယ္ပိုင္းႏိုင္ငံကို ဒီသီတင္းပတ္အတြင္းသြားေရာက္မွာျဖစ္ၿပီး ႐ုရွားသမၼတပူတင္နဲ႔ ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

တ႐ုတ္သမၼတဟာ တ႐ုတ္သမၼတဟာ စက္တင္ဘာ ၁၄ ရက္ေန႔နမွာ ကာဇက္စတန္ ႏိုင္ငံမွာက်င္းပမယ့္ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရး ထိပ္သီးအစည္းအေဝးကို တက္ေရာက္ဖို႔ အခုသီတင္းပတ္အတြင္း ခရီးထြက္ခြာမွာျဖစ္ၿပီး၊ ႐ုရွားသမၼတပူတင္နဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိတယ္လို႔ ကာဇက္စတန္ႏိုင္ငံ နဲ႔ ႐ုရွားအစိုးရတို႔က သတင္းထုတ္ျပန္ထားပါတယ္။

႐ုရွားသမၼတပူတင္ရဲ႕ႏိုင္ငံျခားေရးအႀကံေပးျဖစ္သူ Yuri Ushakov က ႐ုရွားသမၼတပူတင္ဟာ ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င့္နဲ႔ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ေၾကာင္း ဆိုခဲ့ေပမယ့္ အေသးစိတ္အေၾကာင္းအရာေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိခဲ့ဘူးလို႔ ဆိုပါတယ္။

႐ုရွားဟာ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔စစ္ျဖစ္ေနရာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားအေပၚပိတ္ဆို႔မႈမ်ားခ်မွတ္ေနခ်ိန္မွာ ႐ုရွားနဲ႔ တ႐ုတ္ေခါင္းေဆာင္တို႔က
စုစည္းညီၫြတ္စြာနဲ႔ အေမရိကန္ကိုဆန႔္က်င္ေၾကာင္း ျပဳလုပ္သြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Red Flags စာအုပ္ စာေရးဆရာျဖစ္သူ George Magnus က "တ႐ုတ္သမၼတနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ရဲ႕အျမင္ကေတာ့ ရွီက်င့္ဖ်င့္ဟာ အေနာက္အုပ္စုရဲ႕ၾသဇာလြမ္းမႈမ်ားကို ဆန႔္က်္တဲ့ႏိုင္ငံတကာေခါင္းေဆာင္ေတြအျဖစ္ ေတြ႕ဆုံေဆြးေႏြးမယ့္ပုံစံမ်ိဳးျဖစ္လာႏိုင္တယ္" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔စီးပြားေရးအင္အားအေကာင္းဆုံးႏိုင္ငံေတြထဲ စူပါပါဝါ ႏိုင္ငံျဖစ္လာခဲ့ၿပီး ႐ုရွားက သဘာဝအရင္းျမစ္ႂကြယ္ဝတဲ့ႏိုင္ငံျဖစ္ရာ ၄င္းတို႔ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြက အကန႔္အသတ္မရွိေၾကာင္း၊ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ၄င္းတို႔ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ပိုမိုေကာင္းမြန္လာခဲ့ရာ အေနာက္အုပ္စုႏိုင္ငံမ်ားအတြက္ စိုးရိမ္မႈျမင့္တက္ေစခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.