ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း ရုရှားအစိုးရ ပြော

 519

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

ရုရှားအစိုးရဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို စွန့်လွှတ်မှာမဟုတ်ကြောင်း၊ ဒါပေမယ့် နှစ်နိုင်ငံစလုံးကြား ငြိမ်းချမ်းဆွေးနွေးမှုတွေစတင်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က ပြောပါတယ်။

၄င်းက "ကျွန်တော်တို့ဟာ စေ့စပ်ဆွေးနွေးမှုတွေကို ပယ်ချတာမျိုးမရှိသလို စွန့်လွှတ်လိုက်တာမျိုးမရှိဘူး။ ဆွေးနွေးရေးလုပ်ငန်းတွေဟာ အချိန်အတန်ကြာနှောင့်နေးခဲ့တယ်။ သဘော တူညီမှုတွေရယူနိုင်ဖို့ ခက်ခဲနေသေးတယ်" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင်ကိုယ်တိုင်က ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီး ရည်တည်ချက်က အရင်အတိုင်းဖြစ်ပြီး ဆွေးနွေးလိုနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မတ်လနောက်ပိုင်းကတည်းက ရုရှားဟာ ယူကရိန်းနဲ့ဆွေးနွေးမှုတွေရပ်ဆိုင်းခဲ့ပြီး လက်ရှိအချိန်အထိ ဆွေးနွေးခွင့်ရတာမျိုးမရှိသေးကြောင်းသိရပါတယ်။ ရုရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ယူကရိန်းအစိုးရကိုယ်စားပြုတဲ့ဆွေးနွေးသူကိုယ်စားလှယ်များအပေါ် ယုံကြည်မှုမရှိကြောင်း သတင်းများက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်မယ်ဆိုရင် ရုရှားဘက်က တောင်းဆိုထားတဲ့အချက်တွေ ပိုမိုကျယ်ပြန့်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရုရှားဟာ စစ်ပွဲမှာအနိုင်ရပြီးနောက် ဆွေးနွေးမှုများကို ပြန်လည်စတင်ဖွယ်ရှိနေပြီး စစ်ပွဲအနိုင်ရသေးဘူးဆိုရင် စေ့စပ်ဆွေးနွေးမှုများပြန်လည်စတင်ဖို့ အမှန်တကယ်မဖြစ်နိုင်သေးကြောင်း သုံးသပ်မှုများလည်းရှိနေပါတယ်။

ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ နှစ်နိုင်ငံကြားဆွေးနွေးခဲ့ပေမယ့် မတ်လနောက်ပိုင်းတည်းက ဆွေးနွေးနိုင်ခြင်းမရှိတော့ရာ နှစ်နိုင်ငံကြားစစ်ပွဲက အနည်းဆုံးအချိန် ၆ လကျော်နေပြီဖြစ်တယ်လို့သိရပါတယ်။

Zawgyi Version;
ယူကရိန္းနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြကို စြန႔္လႊတ္မွာမဟုတ္ေၾကာင္း ႐ုရွားအစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂

႐ုရွားအစိုးရဟာ ယူကရိန္းနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈကို စြန႔္လႊတ္မွာမဟုတ္ေၾကာင္း၊ ဒါေပမယ့္ ႏွစ္ႏိုင္ငံစလုံးၾကား ၿငိမ္းခ်မ္းေဆြးေႏြးမႈေတြစတင္ဖို႔ လိုအပ္ေနဆဲျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္က ေျပာပါတယ္။

၄င္းက "ကြၽန္ေတာ္တို႔ဟာ ေစ့စပ္ေဆြးေႏြးမႈေတြကို ပယ္ခ်တာမ်ိဳးမရွိသလို စြန႔္လႊတ္လိုက္တာမ်ိဳးမရွိဘူး။ ေဆြးေႏြးေရးလုပ္ငန္းေတြဟာ အခ်ိန္အတန္ၾကာေႏွာင့္ေနးခဲ့တယ္။ သေဘာ တူညီမႈေတြရယူႏိုင္ဖို႔ ခက္ခဲေနေသးတယ္" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္ကိုယ္တိုင္က ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး ရည္တည္ခ်က္က အရင္အတိုင္းျဖစ္ၿပီး ေဆြးေႏြးလိုေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

မတ္လေနာက္ပိုင္းကတည္းက ႐ုရွားဟာ ယူကရိန္းနဲ႔ေဆြးေႏြးမႈေတြရပ္ဆိုင္းခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေဆြးေႏြးခြင့္ရတာမ်ိဳးမရွိေသးေၾကာင္းသိရပါတယ္။ ႐ုရွားဟာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ ယူကရိန္းအစိုးရကိုယ္စားျပဳတဲ့ေဆြးေႏြးသူကိုယ္စားလွယ္မ်ားအေပၚ ယုံၾကည္မႈမရွိေၾကာင္း သတင္းမ်ားက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ျပန္လည္စတင္မယ္ဆိုရင္ ႐ုရွားဘက္က ေတာင္းဆိုထားတဲ့အခ်က္ေတြ ပိုမိုက်ယ္ျပန႔္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ႐ုရွားဟာ စစ္ပြဲမွာအႏိုင္ရၿပီးေနာက္ ေဆြးေႏြးမႈမ်ားကို ျပန္လည္စတင္ဖြယ္ရွိေနၿပီး စစ္ပြဲအႏိုင္ရေသးဘူးဆိုရင္ ေစ့စပ္ေဆြးေႏြးမႈမ်ားျပန္လည္စတင္ဖို႔ အမွန္တကယ္မျဖစ္ႏိုင္ေသးေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနပါတယ္။

႐ုရွားဟာ ယူကရိန္းကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ မၾကာမီ ႏွစ္ႏိုင္ငံၾကားေဆြးေႏြးခဲ့ေပမယ့္ မတ္လေနာက္ပိုင္းတည္းက ေဆြးေႏြးႏိုင္ျခင္းမရွိေတာ့ရာ ႏွစ္ႏိုင္ငံၾကားစစ္ပြဲက အနည္းဆုံးအခ်ိန္ ၆ လေက်ာ္ေနၿပီျဖစ္တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.