ရုရှားကို တန်ပြန်ထိုးစစ်ဆင်ဖို့ ယူကရိန်းနဲ့ အမေရိကန်ကြား ထောက်လှမ်းရေးအချက် အလက်များ မျှဝေသုံးစွဲသွားမယ်

 631

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

အ‌မေရိကန်နဲ့ ယူကရိန်းတို့ဟာ တန်ပြန်ထိုးစစ်မှုများအတွက် ထောက်လှမ်းရေးအချက်လက်များ မျှဝေသုံးစွဲနေတယ်လို့ သိရပါတယ်။

အမေရိကန် နဲ့ ယူကရိန်းတို့ဟာ စစ်ပွဲမှာ ရုရှား အသာရယူနေမှုများကို ရပ်တန့်နိုင်ဖို့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေသုံးစွဲနေကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယူကရိန်းဟာ ခါကောဗ့်ဒေသမှာ ရုရှားတပ်ဖွဲ့များကိုတန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်ရာမှာ အမေရိကန်ထောက်လှမ်းရေးနဲ့သတင်းအချက်အလက်များ မျှဝေသုံးစွဲခဲ့ကြောင်း The New York Times က ဆိုပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ရုရှားစစ်ဘက်ရဲ့အမိန့်ပေးစခန်းများ၊ လက်နက်ခဲယမ်းသိုလှောင်တဲ့နေရာများအပြင် အခြားပစ်မှတ်များကိုကူညီပေးခဲ့ပေမယ့် ယူကရိန်းစစ်ဘက်ဟာ စစ်ပွဲအစောပိုင်းကာလတွေမှာ အမေရိကန် နဲ့ သတင်းအချက်အလက်များနဲ့ အစီအမံတွေ မျှ‌ဝေဖို့ လိုလားဟန်မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ယူကရိန်းစစ်ဘက်ဟာ အရာရာတိုင်းပြောင်းလဲသွားခဲ့ပြီး ရုရှားကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အမေရိကန်ထောက်လှမ်းရေးနဲ့သတင်းအချက်အလက်တွေ မျှဝေဖို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းများက ဆိုပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိတစ်ဦးက ယူကရိန်းကို စစ်ပွဲနဲ့ပတ်သက်ပြီး သတင်းအချက် အလက်များ ပိုမိုကူညီပေးနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ပွဲမှာ ရုရှားရဲ့အားနည်းချက်တွေကို သတင်းအချက်အလက်တွေ မျှဝေပြီး တန်ပြန်ထိုးစစ်ဆင်သွားဖို့ အမေရိကန်အစိုးရဲ့ကမ်းလှမ်းမှုများကို ယူကရိန်းဘက်က လက်ခံခွင့်ပြုထားတယ်လို့ သိရပါတယ်။

ယူကရိန်းနဲ့ ရုရှားကြား သတင်းအချက်အလက် ဘယ်လောက်များများ မျှဝေသွားမလဲဆိုတဲ့အချက်နဲ့ ရုရှားကိုတန်ပြန်ထိုးစစ်ဆင်ဖို့ သတင်းအချက်အလက်မျှဝေရေးနဲ့ပတ်သက်ပြီး
အမေရိကန်တွေ ဘယ်လောက်အတိုင်းတာအထိ ပါဝင်မလဲဆိုတဲ့အချက်ကို နှစ်ဖက်စလုံးကထုတ်ပြောခြင်းမရှိဘူးလို့ သိရပါတယ်။

အမေရိကန်ဟာ ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့များ အသာရယူမှုများရပ်တန့်သွားချိန်အထိ ယူကရိန်းနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေသွားဖို့ ရည်ရွယ်ထားခြင်းဖြစ်ကြောင်းနီးစပ်သူများက ပြောပါတယ်။

Zawgyi Version;
႐ုရွားကို တန္ျပန္ထိုးစစ္ဆင္ဖို႔ ယူကရိန္းနဲ႔ အေမရိကန္ၾကား ေထာက္လွမ္းေရးအခ်က္ အလက္မ်ား မွ်ေဝသုံးစြဲသြားမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂

အ‌ေမရိကန္နဲ႔ ယူကရိန္းတို႔ဟာ တန္ျပန္ထိုးစစ္မႈမ်ားအတြက္ ေထာက္လွမ္းေရးအခ်က္လက္မ်ား မွ်ေဝသုံးစြဲေနတယ္လို႔ သိရပါတယ္။

အေမရိကန္ နဲ႔ ယူကရိန္းတို႔ဟာ စစ္ပြဲမွာ ႐ုရွား အသာရယူေနမႈမ်ားကို ရပ္တန႔္ႏိုင္ဖို႔ ေထာက္လွမ္းေရးသတင္းအခ်က္အလက္ေတြ မွ်ေဝသုံးစြဲေနေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ယူကရိန္းဟာ ခါေကာဗ့္ေဒသမွာ ႐ုရွားတပ္ဖြဲ႕မ်ားကိုတန္ျပန္ထိုးစစ္ဆင္ႏိုင္ဖို႔ ျပင္ဆင္ရာမွာ အေမရိကန္ေထာက္လွမ္းေရးနဲ႔သတင္းအခ်က္အလက္မ်ား မွ်ေဝသုံးစြဲခဲ့ေၾကာင္း The New York Times က ဆိုပါတယ္။

အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ ႐ုရွားစစ္ဘက္ရဲ႕အမိန႔္ေပးစခန္းမ်ား၊ လက္နက္ခဲယမ္းသိုေလွာင္တဲ့ေနရာမ်ားအျပင္ အျခားပစ္မွတ္မ်ားကိုကူညီေပးခဲ့ေပမယ့္ ယူကရိန္းစစ္ဘက္ဟာ စစ္ပြဲအေစာပိုင္းကာလေတြမွာ အေမရိကန္ နဲ႔ သတင္းအခ်က္အလက္မ်ားနဲ႔ အစီအမံေတြ မွ်‌ေဝဖို႔ လိုလားဟန္မရွိခဲ့ဘူးလို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ယူကရိန္းစစ္ဘက္ဟာ အရာရာတိုင္းေျပာင္းလဲသြားခဲ့ၿပီး ႐ုရွားကို တန္ျပန္ထိုးစစ္ဆင္ႏိုင္ဖို႔ အေမရိကန္ေထာက္လွမ္းေရးနဲ႔သတင္းအခ်က္အလက္ေတြ မွ်ေဝဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သတင္းမ်ားက ဆိုပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိတစ္ဦးက ယူကရိန္းကို စစ္ပြဲနဲ႔ပတ္သက္ၿပီး သတင္းအခ်က္ အလက္မ်ား ပိုမိုကူညီေပးႏိုင္ဖို႔လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ စစ္ပြဲမွာ ႐ုရွားရဲ႕အားနည္းခ်က္ေတြကို သတင္းအခ်က္အလက္ေတြ မွ်ေဝၿပီး တန္ျပန္ထိုးစစ္ဆင္သြားဖို႔ အေမရိကန္အစိုးရဲ႕ကမ္းလွမ္းမႈမ်ားကို ယူကရိန္းဘက္က လက္ခံခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားၾကား သတင္းအခ်က္အလက္ ဘယ္ေလာက္မ်ားမ်ား မွ်ေဝသြားမလဲဆိုတဲ့အခ်က္နဲ႔ ႐ုရွားကိုတန္ျပန္ထိုးစစ္ဆင္ဖို႔ သတင္းအခ်က္အလက္မွ်ေဝေရးနဲ႔ပတ္သက္ၿပီး
အေမရိကန္ေတြ ဘယ္ေလာက္အတိုင္းတာအထိ ပါဝင္မလဲဆိုတဲ့အခ်က္ကို ႏွစ္ဖက္စလုံးကထုတ္ေျပာျခင္းမရွိဘူးလို႔ သိရပါတယ္။

အေမရိကန္ဟာ ယူကရိန္းႏိုင္ငံမွာ ႐ုရွားတပ္ဖြဲ႕မ်ား အသာရယူမႈမ်ားရပ္တန႔္သြားခ်ိန္အထိ ယူကရိန္းနဲ႔ ေထာက္လွမ္းေရးအခ်က္အလက္ေတြ မွ်ေဝသြားဖို႔ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းနီးစပ္သူမ်ားက ေျပာပါတယ္။

Related news

© 2021. All rights reserved.