မလေးရှားဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလာ ဘာဒါဝီ နာတာရှည်စိတ်ရောဂါ ခံစားနေရ

 359

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

မလေးရှားဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလာ အာမက် ဘာဒါဝီ ဟာ နာတာရှည်စိတ်ကျရောဂါ ( dementia ) ခံစားနေရကြောင်း ကျန်းမာရေးဝန်ကြီး ခါရီ ဂျာမာလက်ဒင် က စက်တင်ဘာ (၁၁) ရက်မှာ ပြောကြားခဲ့ပါတယ်။

အက်ဒူလက်ရဲ့သမက်လည်းဖြစ်တဲ့ ခါရီ ဟာ အဗ္ဗဒူလာရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး မိသားစုနဲ့ ဆွေးနွေးပြီးနောက် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“အဗ္ဗဒူလာ မှာ နာတာရှည် စိတ်ကျရောဂါရှိပြီး သူ့အခြေအနေက ပိုဆိုးလာတာကြောင့် မိသားစုဝင်တွေရဲ့နာမည်တွေကိုတောင် မမှတ်မိတော့ပါဘူး။ စကားပြောရခက်တဲ့အဆင့်ကို ရောက်နေပါပြီ” လို့ ကွာလာလမ်ပူမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ခါရီက ပြောကြားပါတယ်။

ခါရီဟာ နာတာရှည်စိတ်ကျရောဂါနဲ့ schizophrenia ရောဂါဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လက်တွေ့အလေ့အကျင့် လမ်းညွှန်ချက်အသစ်များကိုထုတ်ပြန်ခဲ့ကာ “ကျွန်တော် ဒီ(အချက်အလက်) ကို တစ်ခါမှ မဝေမျှဖူးပါဘူး။ Dementia ဟာ ခန္ဓာကိုယ်ကြီး ဒီမှာတည်ရှိနေပေမယ့် စိတ်က တကယ်မရှိတာကြောင့် အရမ်းရက်စက်တဲ့အခြေအနေပါ။ ဒါကြောင့် မိသားစုဝင်တွေ၊ ပြုစုစောင့်ရှောက်ပေးသူတွေအတွက်တော့ သူ့ကိုတွေ့နေပေမယ့် သူ့စိတ်ထဲမှာ မမှတ်မိတာကြောင့် အရမ်းခက်ခဲတဲ့အခြေအနေပဲဖြစ်တယ်" လို့ ဆိုပါတယ်။

အဗ္ဗဒူလာကို စောင့်ရှောက်ဖို့ စီမံခန့်ခွဲရခြင်းဟာလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ခါရီမှ ပြောကြားပါတယ်။

သို့ပေမယ့်လည်း အဗ္ဗဒူလာအတွက် ပရော်ဖက်ရှင်နယ်ပြုစုစောင့်ရှောက်ပေးသူများ ခေါ်ဆောင်ကာ ပြုစုခွင့်ရလို့ ကံကောင်းပါတယ်လို့ ခါရီက ထပ်လောင်းဆိုခဲ့ပါတယ်။ အဗ္ဗဒူလာ ဟာ မလေးရှားနိုင်ငံရဲ့ပဉ္စမမြောက် ဝန်ကြီးချုပ်အဖြစ် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Zawgyi Version;
မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း အဗၺဒူလာ ဘာဒါဝီ နာတာရွည္စိတ္ေရာဂါ ခံစားေနရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂

မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း အဗၺဒူလာ အာမက္ ဘာဒါဝီ ဟာ နာတာရွည္စိတ္က်ေရာဂါ ( dementia ) ခံစားေနရေၾကာင္း က်န္းမာေရးဝန္ႀကီး ခါရီ ဂ်ာမာလက္ဒင္ က စက္တင္ဘာ (၁၁) ရက္မွာ ေျပာၾကားခဲ့ပါတယ္။

အက္ဒူလက္ရဲ႕သမက္လည္းျဖစ္တဲ့ ခါရီ ဟာ အဗၺဒူလာရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး မိသားစုနဲ႔ ေဆြးေႏြးၿပီးေနာက္ အဆိုပါေၾကညာခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“အဗၺဒူလာ မွာ နာတာရွည္ စိတ္က်ေရာဂါရွိၿပီး သူ႔အေျခအေနက ပိုဆိုးလာတာေၾကာင့္ မိသားစုဝင္ေတြရဲ႕နာမည္ေတြကိုေတာင္ မမွတ္မိေတာ့ပါဘူး။ စကားေျပာရခက္တဲ့အဆင့္ကို ေရာက္ေနပါၿပီ” လို႔ ကြာလာလမ္ပူမွာ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ခါရီက ေျပာၾကားပါတယ္။

ခါရီဟာ နာတာရွည္စိတ္က်ေရာဂါနဲ႔ schizophrenia ေရာဂါဆိုင္ရာ စီမံခန႔္ခြဲမႈအတြက္ လက္ေတြ႕အေလ့အက်င့္ လမ္းၫႊန္ခ်က္အသစ္မ်ားကိုထုတ္ျပန္ခဲ့ကာ “ကြၽန္ေတာ္ ဒီ(အခ်က္အလက္) ကို တစ္ခါမွ မေဝမွ်ဖူးပါဘူး။ Dementia ဟာ ခႏၶာကိုယ္ႀကီး ဒီမွာတည္ရွိေနေပမယ့္ စိတ္က တကယ္မရွိတာေၾကာင့္ အရမ္းရက္စက္တဲ့အေျခအေနပါ။ ဒါေၾကာင့္ မိသားစုဝင္ေတြ၊ ျပဳစုေစာင့္ေရွာက္ေပးသူေတြအတြက္ေတာ့ သူ႔ကိုေတြ႕ေနေပမယ့္ သူ႔စိတ္ထဲမွာ မမွတ္မိတာေၾကာင့္ အရမ္းခက္ခဲတဲ့အေျခအေနပဲျဖစ္တယ္" လို႔ ဆိုပါတယ္။

အဗၺဒူလာကို ေစာင့္ေရွာက္ဖို႔ စီမံခန႔္ခြဲရျခင္းဟာလည္း စိန္ေခၚမႈတစ္ခုျဖစ္ေနေၾကာင္း ခါရီမွ ေျပာၾကားပါတယ္။

သို႔ေပမယ့္လည္း အဗၺဒူလာအတြက္ ပေရာ္ဖက္ရွင္နယ္ျပဳစုေစာင့္ေရွာက္ေပးသူမ်ား ေခၚေဆာင္ကာ ျပဳစုခြင့္ရလို႔ ကံေကာင္းပါတယ္လို႔ ခါရီက ထပ္ေလာင္းဆိုခဲ့ပါတယ္။ အဗၺဒူလာ ဟာ မေလးရွားႏိုင္ငံရဲ႕ပၪၥမေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ၂ဝဝ၃ ခုႏွစ္မွ ၂ဝဝ၉ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.