ဆက်သွယ်ရေးနည်းပညာတွေကို လွတ်လွတ်လပ်လပ် သုံးစွဲပိုင်ခွင့်အတွက် ဆက်ပြီးတိုက်ပွဲဝင်နေတဲ့ အက်ဒွပ်စနိုဒင်

 546

ဝတီ (NP News) - စက်တင်ဘာ ၁၂

အက်ဒွပ်စနိုဒင် (Edward Snowden) ဟာ ၁၉၈၃ ခုနှစ်မှာ မွေးတာဖြစ်ပြီး သူ့တစ် မိသားစုလုံးနီးပါးဟာ အမေရိကန်ဗဟိုအစိုးရဆီမှာ ရာထူးအဆင့်ဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတာချည်းပါပဲ။ ဆယ်တန်း အရောက်မှာတော့ သူဟာ လင့်ဖ်ဂလန်းတွေ (lymph glands) ရောင်ကိုင်းတဲ့ရောဂါစွဲကပ်လာတာကြောင့် ကျောင်းဆက်မတက်တော့ပါဘူး။ ရောဂါသက်သာ လာတဲ့အခါမှာ သူက ကွန်ပျူတာ၊ နည်းပညာ၊ အင်တာ နက်၊ ဂျပန်ကာတွန်းတွေအကြောင်း အရူးအမူးလေ့လာပါတယ်။

၂ဝဝ၄ ခုနှစ်မှာတော့ သူက အမေရိကန်အရံတပ်ထဲ ဝင်ပါတယ်။ ဒါပေမဲ့ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးဆင်းတာ ငါးလကြာလာတဲ့အခါမှာခြေထောက်နှစ်ဖက်လုံး ကျိုးသွားလို့ စစ်ထဲက ထွက်လိုက်ရပါတော့တယ်။

အဲဒီက ထွက်လာအပြီး တစ်နှစ်လောက် အကြာမှာတော့ သူကတက္ကသိုလ်တစ်ခုမှာ လုံခြုံရေးဝင်လုပ်ပြီး လုံခြုံရေးကျွမ်းကျင်သူအဖြစ် အလုပ်ခရီးလမ်း စတင်လိုက်ပါတော့တယ်။ ၂ဝဝ၆ ခုနှစ်မှာတော့ ဗဟိုစုံစမ်းထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ စီအိုင်အေက သူ့ကိုအလုပ်ခန့်လိုက်ပါတယ်။ အဲဒီမှာ တစ်နှစ်ကြာသွားအပြီးမှာ စီအိုင်အေက သူ့ကို ကွန်ပျူတာကွန်ရက်လုံခြုံရေး ထိန်းသိမ်းဖို့ဆိုပြီး ဂျနီဗာ (Geneva)ကို ပို့လိုက်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ သူက စီအိုင်အေကနေ အလုပ်ထွက်လိုက်ပြီး ကန်ထရိုက်တာအ ဖြစ် (contractor) အလွတ်တန်းအနေနဲ့ပဲ အလုပ်လုပ်ပါတော့တယ်။ သူဟာ ကန်ထ ရိုက်တာအနေနဲ့ တိုကျိုမြို့၊ မယ်ရီလန်းဆိုတဲ့ အမေရိကန်ပြည်နယ်နဲ့နောက်ဆုံးမှာ ဟာ ဝိုင်ယီဆိုတဲ့ အမေရိကန်ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဟာဝိုင်ယီမှာ လုပ်ခဲ့ရတဲ့ အလုပ်ကြောင့် သူဟာ ကမ္ဘာနဲ့ချီအောင် ဟိုးလေးတကျော် နာမည်ကြီးသွားတော့တာပါပဲ။

သူ ကမ္ဘာနဲ့ချီအောင် နာမည်ကြီးသွားပုံကတော့ ဒီလိုပါ။
၂ဝ၁၃ ခုနှစ်မှာ နိုင်ငံတော်လုံခြုံရေးအေဂျင်စီလို့ခေါ်တဲ့ NSA မှာ အလုပ်လုပ်ရင်းနဲ့မှ NSA က သာမန်ပြည်သူလူထုတစ်ရပ်လုံးကို ဖုန်းနဲ့ အင်တာနက်ဒေတာတွေကနေတစ် ဆင့် ဘယ်လိုခြေရာခံအနီးကပ်စောင့်ကြည့်ထောက်လှမ်းနေတယ်ဆိုတာ သူသိလာရပြီး NSA ရဲ့လုပ်ရပ်ကို မနှစ်မြို့တော့ပါဘူး။ ဒါကြောင့် သူက အဲဒီအချက်အလက်တွေကို စနစ်တကျစတင်စုဆောင်းပါတော့တယ်။ ပြီးတော့ ဂျာနယ်လစ်သုံးယောက်ကို ဆက်သွယ်ပြီး သူစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ ပေးလိုက်ပါတော့တယ်။ ၂ဝ၁၃ ခုနှစ်၊ မေလထဲမှာတော့ သူက သူ့ကျန်းမာရေးကြောင့် ဆေးခွင့်ယူချင်ကြောင်း အထက်လူကြီးတွေကို တင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ မေလ ၂ဝ ရက်မှာတော့ သူဟောင်ကောင်ကို ထွက်ပြေးလာပြီး ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါတော့တယ်။

၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်မှာတော့ ဗာရိုက်ဆင် (Verizon) ဆိုတဲ့ အမေရိကန်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီးက သုံးစွဲသူတွေရဲ့အချက်အလက်တွေကို NSA လက်ထဲ ထည့်ပေးနေကြောင်းဖော်ပြနေတဲ့ စာရွက်စာတမ်းမှတ်တမ်းတွေသည် ဂါးဒီးယန်းသတင်းစာမျက်နှာမှာ ပါလာပါတယ်။ နောက်တစ်နေ့မှာလည်း ပရီဆင်မ် (PRISM) ဆိုတဲ့ စောင့်ကြည့်ထောက်လှမ်းရေးအစီအစဉ်အကြောင်းကို သည်ဂါးဒီးယန်းနဲ့ သည်ဝါရှင်တန်ပို့စ်သတင်းဌာနကြီးတွေက ရေးသားဖော်ပြလိုက်ပြန်ပါတယ်။ အဲဒီအစီအစဉ်ကနေ
တစ်ဆင့် NSA က ပြည်သူလူထုရဲ့ အင်တာနက်သုံးစွဲမှုမှတ်တမ်းအချက်အလက်တွေကို စုဆောင်းနေတာပါ။ နောက်ပိုင်းမှာတော့ NSA သာမက ကမ္ဘာတစ်ဝှမ်းက သူ့မိတ်ဖက်တွေကပါ စောင့်ကြည့်ထောက်လှမ်းရေးတွေ ဘယ်လိုလျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုတာကို မီဒီယာတွေက တစ်ခုပြီးတစ်ခု ဖွင့်ချလာပါတော့တယ်။

၂ဝ၁၃ ခုနှစ် ၊ ဇွန်လ ၉ ရက်မှာတော့ စနိုဒင်က သူဘယ်သူဘယ်ဝါဆိုတာ သည်ဂါးဒီးယန်းကတစ်ဆင့် ထုတ်ဖော်လိုက်ပါတယ်။ ကျွန်တော် ဘာမှမဟုတ်တာ မလုပ်ထားတဲ့အတွက် ကိုယ် ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်ထားစရာ မလိုပါဘူးလို့ သူက သည်ဂါးဒီးယန်းကတစ်ဆင့် ပြောလိုက်ပါတယ်။ အဲဒီနောက်ရက်ပိုင်းအတော်အကြာမှာပဲ အမေရိကန်ဗဟိုအစိုးရရှေ့နေတွေက စနိုဒင်ကို အစိုးရပစ္စည်း ခိုးယူမှု၊ သူလျှိုအက်ဥပဒေချိုးဖောက်မှု နှစ်မှုနဲ့ စွဲချက်တင်လိုက်ပါတော့တယ်။

သူက ဟောင်ကောင်မှာ တစ်လနေလိုက်ပြီး အဲဒီနောက်မှာမှ ဝီကီလိခ်စ် (WikiLeaks)ရဲ့ အကူအညီနဲ့ ရုရှားနဲ့ကျူးဘားကတစ်ဆင့် အီကွေဒေါကို သွားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ သူ ရုရှားကိုရောက်တဲ့အချိန်မှာပဲ အမေရိကန်အာဏာပိုင်အဖွဲ့က သူ့နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် သူဟာ အဲဒီကတည်းကစလို့ ရုရှားမှာပဲ သောင်တင်နေပါတော့တယ်။ သူဟာ အစပိုင်းမှာယာယီခိုလှုံခွင့်ပဲရပေမယ့် နောက်ပိုင်းကျမှ အမြဲ တမ်းနေထိုင်ခွင့် ရသွားတာပါ။ စောင့်ကြည့်ထောက်လှမ်းမခံရဘဲ ဆက်သွယ်ရေးနည်းပညာတွေကို လွတ်လွတ်လပ်လပ် သုံးစွဲပိုင်ခွင့်အတွက် သူက ဆက်ပြီး တိုက်ပွဲဝင်နေ တုန်းပါပဲ။

စနိုဒင်ဖွင့်ချလိုက်တဲ့ အချက်အလက်တွေကြောင့် လူထုက သူတို့ အဲဒီလို အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်း ခံနေရမှန်းသိသွားကြပြီး နည်းပညာခေတ်ကြီးထဲမှာ သူတို့တွေ နည်းပညာကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရှိတယ်ဆိုတာ တောင်းဆိုတတ်လာပါတယ်။ စနိုဒင်ကို သူရဲကောင်းကြီးလို့ ယူဆသူတွေ အများကြီးရှိသလို နိုင်ငံ့ရန်သူအဖြစ် ယူဆသူတွေလည်း ရှိပါတယ်။

စနိုဒင်အကြောင်း အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်းထွက်လာခဲ့ပြီး အဲဒီထဲကမှ Citizenfour ဆိုတဲ့ ရုပ်ရှင်ကတော့ ဂျာနယ်လစ်တွေ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ သ တင်းပေးလာတဲ့သတင်းရင်းမြစ်တွေရဲ့လုံခြုံရေးကို အထူးအလေးပေးစဉ်းစားကြဖို့တိုက် တွန်းထားပါတယ်။

zawgyi version
ဆက္သြယ္ေရးနည္းပညာေတြကို လြတ္လြတ္လပ္လပ္ သုံးစြဲပိုင္ခြင့္အတြက္ ဆက္ၿပီးတိုက္ပြဲဝင္ေနတဲ့ အက္ဒြပ္စႏိုဒင္
ဝတီ (NP News) - စက္တင္ဘာ ၁၂

အက္ဒြပ္စႏိုဒင္ (Edward Snowden) ဟာ ၁၉၈၃ ခုႏွစ္မွာ ေမြးတာျဖစ္ၿပီး သူ႔တစ္ မိသားစုလုံးနီးပါးဟာ အေမရိကန္ဗဟိုအစိုးရဆီမွာ ရာထူးအဆင့္ဆင့္နဲ႔ တာဝန္ထမ္းေဆာင္ခဲ့ၾကတာခ်ည္းပါပဲ။ ဆယ္တန္း အေရာက္မွာေတာ့ သူဟာ လင့္ဖ္ဂလန္းေတြ (lymph glands) ေရာင္ကိုင္းတဲ့ေရာဂါစြဲကပ္လာတာေၾကာင့္ ေက်ာင္းဆက္မတက္ေတာ့ပါဘူး။ ေရာဂါသက္သာ လာတဲ့အခါမွာ သူက ကြန္ပ်ဴတာ၊ နည္းပညာ၊ အင္တာ နက္၊ ဂ်ပန္ကာတြန္းေတြအေၾကာင္း အ႐ူးအမူးေလ့လာပါတယ္။

၂ဝဝ၄ ခုႏွစ္မွာေတာ့ သူက အေမရိကန္အရံတပ္ထဲ ဝင္ပါတယ္။ ဒါေပမဲ့ အထူးတပ္ဖြဲ႕ ေလ့က်င့္ေရးဆင္းတာ ငါးလၾကာလာတဲ့အခါမွာေျခေထာက္ႏွစ္ဖက္လုံး က်ိဳးသြားလို႔ စစ္ထဲက ထြက္လိုက္ရပါေတာ့တယ္။

အဲဒီက ထြက္လာအၿပီး တစ္ႏွစ္ေလာက္ အၾကာမွာေတာ့ သူကတကၠသိုလ္တစ္ခုမွာ လုံၿခဳံေရးဝင္လုပ္ၿပီး လုံၿခဳံေရးကြၽမ္းက်င္သူအျဖစ္ အလုပ္ခရီးလမ္း စတင္လိုက္ပါေတာ့တယ္။ ၂ဝဝ၆ ခုႏွစ္မွာေတာ့ ဗဟိုစုံစမ္းေထာက္လွမ္းေရး ေအဂ်င္စီျဖစ္တဲ့ စီအိုင္ေအက သူ႔ကိုအလုပ္ခန႔္လိုက္ပါတယ္။ အဲဒီမွာ တစ္ႏွစ္ၾကာသြားအၿပီးမွာ စီအိုင္ေအက သူ႔ကို ကြန္ပ်ဴတာကြန္ရက္လုံၿခဳံေရး ထိန္းသိမ္းဖို႔ဆိုၿပီး ဂ်နီဗာ (Geneva)ကို ပို႔လိုက္ပါတယ္။ ၂ဝဝ၉ ခုႏွစ္မွာေတာ့ သူက စီအိုင္ေအကေန အလုပ္ထြက္လိုက္ၿပီး ကန္ထ႐ိုက္တာအ ျဖစ္ (contractor) အလြတ္တန္းအေနနဲ႔ပဲ အလုပ္လုပ္ပါေတာ့တယ္။ သူဟာ ကန္ထ ႐ိုက္တာအေနနဲ႔ တိုက်ိဳၿမိဳ႕၊ မယ္ရီလန္းဆိုတဲ့ အေမရိကန္ျပည္နယ္နဲ႔ ေနာက္ဆုံးမွာ
ဟာဝိုင္ယီဆိုတဲ့ အေမရိကန္ျပည္နယ္ေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဟာဝိုင္ယီမွာ လုပ္ခဲ့ရတဲ့ အလုပ္ေၾကာင့္ သူဟာ ကမာၻနဲ႔ခ်ီေအာင္ ဟိုးေလးတေက်ာ္ နာမည္ႀကီးသြားေတာ့တာပါပဲ။

သူ ကမာၻနဲ႔ခ်ီေအာင္ နာမည္ႀကီးသြားပုံကေတာ့ ဒီလိုပါ။
၂ဝ၁၃ ခုႏွစ္မွာ ႏိုင္ငံေတာ္လုံၿခဳံေရးေအဂ်င္စီလို႔ေခၚတဲ့ NSA မွာ အလုပ္လုပ္ရင္းနဲ႔မွ NSA က သာမန္ျပည္သူလူထုတစ္ရပ္လုံးကို ဖုန္းနဲ႔ အင္တာနက္ေဒတာေတြကေနတစ္ ဆင့္ ဘယ္လိုေျခရာခံအနီးကပ္ေစာင့္ၾကည့္ေထာက္လွမ္းေနတယ္ဆိုတာ သူသိလာရၿပီး NSA ရဲ႕လုပ္ရပ္ကို မႏွစ္ၿမိဳ႕ေတာ့ပါဘူး။ ဒါေၾကာင့္ သူက အဲဒီအခ်က္အလက္ေတြကို စနစ္တက်စတင္စုေဆာင္းပါေတာ့တယ္။ ၿပီးေတာ့ ဂ်ာနယ္လစ္သုံးေယာက္ကို ဆက္သြယ္ၿပီး သူစုေဆာင္းထားတဲ့ သတင္းအခ်က္အလက္ေတြ ေပးလိုက္ပါေတာ့တယ္။ ၂ဝ၁၃ ခုႏွစ္၊ ေမလထဲမွာေတာ့ သူက သူ႔က်န္းမာေရးေၾကာင့္ ေဆးခြင့္ယူခ်င္ေၾကာင္း အထက္လူႀကီးေတြကို တင္ျပလိုက္ပါတယ္။ ဒီလိုနဲ႔ ေမလ ၂ဝ ရက္မွာေတာ့ သူေဟာင္ေကာင္ကို ထြက္ေျပးလာၿပီး ျဖစ္လာသမွ်ကို ရင္ဆိုင္ဖို႔ ျပင္ဆင္ပါေတာ့တယ္။

၂ဝ၁၃ ခုႏွစ္၊ ဇြန္လ ၅ ရက္မွာေတာ့ ဗာ႐ိုက္ဆင္ (Verizon) ဆိုတဲ့ အေမရိကန္ဆက္သြယ္ေရးနည္းပညာကုမၸဏီႀကီးက သုံးစြဲသူေတြရဲ႕အခ်က္အလက္ေတြကို NSA လက္ထဲ ထည့္ေပးေနေၾကာင္းေဖာ္ျပေနတဲ့ စာ႐ြက္စာတမ္းမွတ္တမ္းေတြသည္ ဂါးဒီးယန္းသတင္းစာမ်က္ႏွာမွာ ပါလာပါတယ္။ ေနာက္တစ္ေန႔မွာလည္း ပရီဆင္မ္ (PRISM) ဆိုတဲ့ ေစာင့္ၾကည့္ေထာက္လွမ္းေရးအစီအစဥ္အေၾကာင္းကို သည္ဂါးဒီးယန္းနဲ႔ သည္ဝါရွင္တန္ပို႔စ္သတင္းဌာနႀကီးေတြက ေရးသားေဖာ္ျပလိုက္ျပန္ပါတယ္။ အဲဒီအစီအစဥ္ကေန
တစ္ဆင့္ NSA က ျပည္သူလူထုရဲ႕ အင္တာနက္သုံးစြဲမႈမွတ္တမ္းအခ်က္အလက္ေတြကို စုေဆာင္းေနတာပါ။ ေနာက္ပိုင္းမွာေတာ့ NSA သာမက ကမာၻတစ္ဝွမ္းက သူ႔မိတ္ဖက္ေတြကပါ ေစာင့္ၾကည့္ေထာက္လွမ္းေရးေတြ ဘယ္လိုလွ်ိဳ႕ဝွက္လုပ္ေဆာင္ေနတယ္ဆိုတာကို မီဒီယာေတြက တစ္ခုၿပီးတစ္ခု ဖြင့္ခ်လာပါေတာ့တယ္။

၂ဝ၁၃ ခုႏွစ္ ၊ ဇြန္လ ၉ ရက္မွာေတာ့ စႏိုဒင္က သူဘယ္သူဘယ္ဝါဆိုတာ သည္ဂါးဒီးယန္းကတစ္ဆင့္ ထုတ္ေဖာ္လိုက္ပါတယ္။ ကြၽန္ေတာ္ ဘာမွမဟုတ္တာ မလုပ္ထားတဲ့အတြက္ ကိုယ္ ဘယ္သူဘယ္ဝါဆိုတာ ဖုံးကြယ္ထားစရာ မလိုပါဘူးလို႔ သူက သည္ဂါးဒီးယန္းကတစ္ဆင့္ ေျပာလိုက္ပါတယ္။ အဲဒီေနာက္ရက္ပိုင္းအေတာ္အၾကာမွာပဲ အေမရိကန္ဗဟိုအစိုးရေရွ႕ေနေတြက စႏိုဒင္ကို အစိုးရပစၥည္း ခိုးယူမႈ၊ သူလွ်ိဳအက္ဥပေဒခ်ိဳးေဖာက္မႈ ႏွစ္မႈနဲ႔ စြဲခ်က္တင္လိုက္ပါေတာ့တယ္။

သူက ေဟာင္ေကာင္မွာ တစ္လေနလိုက္ၿပီး အဲဒီေနာက္မွာမွ ဝီကီလိခ္စ္ (WikiLeaks)ရဲ႕ အကူအညီနဲ႔ ႐ုရွားနဲ႔က်ဴးဘားကတစ္ဆင့္ အီေကြေဒါကို သြားဖို႔ လုပ္ပါတယ္။ ဒါေပမဲ့ သူ ႐ုရွားကိုေရာက္တဲ့အခ်ိန္မွာပဲ အေမရိကန္အာဏာပိုင္အဖြဲ႕က သူ႔ႏိုင္ငံကူးလက္မွတ္ကို ႐ုပ္သိမ္းလိုက္ပါတယ္။ ဒါေၾကာင့္ သူဟာ အဲဒီကတည္းကစလို႔ ႐ုရွားမွာပဲ ေသာင္တင္ေနပါေတာ့တယ္။ သူဟာ အစပိုင္းမွာယာယီခိုလႈံခြင့္ပဲရေပမယ့္ ေနာက္ပိုင္းက်မွ အၿမဲ တမ္းေနထိုင္ခြင့္ ရသြားတာပါ။ ေစာင့္ၾကည့္ေထာက္လွမ္းမခံရဘဲ ဆက္သြယ္ေရးနည္းပညာေတြကို လြတ္လြတ္လပ္လပ္ သုံးစြဲပိုင္ခြင့္အတြက္ သူက ဆက္ၿပီး တိုက္ပြဲဝင္ေန တုန္းပါပဲ။

စႏိုဒင္ဖြင့္ခ်လိုက္တဲ့ အခ်က္အလက္ေတြေၾကာင့္ လူထုက သူတို႔ အဲဒီလို အခ်ိန္ျပည့္ေစာင့္ၾကည့္ေထာက္လွမ္း ခံေနရမွန္းသိသြားၾကၿပီး နည္းပညာေခတ္ႀကီးထဲမွာ သူတို႔ေတြ နည္းပညာကို လြတ္လြတ္လပ္လပ္ သုံးစြဲခြင့္ရွိတယ္ဆိုတာ ေတာင္းဆိုတတ္လာပါတယ္။ စႏိုဒင္ကို သူရဲေကာင္းႀကီးလို႔ ယူဆသူေတြ အမ်ားႀကီးရွိသလို ႏိုင္ငံ့ရန္သူအျဖစ္ ယူဆသူေတြလည္း ရွိပါတယ္။

စႏိုဒင္အေၾကာင္း အေျခခံ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြလည္းထြက္လာခဲ့ၿပီး အဲဒီထဲကမွ Citizenfour ဆိုတဲ့ ႐ုပ္ရွင္ကေတာ့ ဂ်ာနယ္လစ္ေတြ ကိုယ့္ကို ယုံယုံၾကည္ၾကည္နဲ႔ သ တင္းေပးလာတဲ့သတင္းရင္းျမစ္ေတြရဲ႕ လုံၿခဳံေရးကို အထူးအေလးေပးစဥ္းစားၾကဖို႔
တိုက္တြန္းထားပါတယ္။

Picture

Htun Aung Kyaw

12/09/2022 19:24

စနိုးဒင်အကြောင်း ဇာတ်ကားတကားတော့ ကြည့်လိုက်ရတယ်။ အတော်စိတ်၀င်စားဖို့ကောင်းပါတယ်

Related news

© 2021. All rights reserved.