တာဂျစ်ကစ္စတန် နဲ့ ကာဂျစ္စတန်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား

 589

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

တာဂျစ်ကစ္စတန် နဲ့ ကာဂျစ္စတန်နိုင်ငံတို့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနှစ်နိုင်ငံဟာ ဒီသီတင်းပတ်အတွင်း အငြင်းပွားမှုများမြင့်တက်ခဲ့ပြီးနောက် စက်တင် ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကာဂျစ္စတန် စစ်ဘက်တာဝန်ရှိသူတစ်ဦးက တာဂျစ်ကစ္စတန်နိုင်ငံဟာ နယ်စပ်ဒေသရှိ အရပ်ဘက်ဆိုင်ရာအဆောက်အဦးများတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှုတွေဟာ နယ်စပ်ဒေသတစ်လျှောက်မှာ ဖြစ်ပွားနေခဲ့ကြောင်း ကာဂျစ္စတန်စစ်ဘက်က ပြောပါတယ်။ ကာဂျစ္စတန်အစိုးရအဖွဲ့ဟာ နယ်စပ်ဒေသရှိ ပြည်သူများကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းဖို့ အမိန့်ပေးထားပါတယ်။

တာဂျစ်ကစ္စတန်အစိုးရကတော့ ကာဂျစ္စတန်နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသကို မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနှစ်နိုင်ငံဟာ ကီလိုမီတာ ၁ဝဝဝ ခန့် နယ်စပ်ချင်းထိစပ်နေပြီး လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲရေးအတွက် အပြည့်အဝ သဘောတူညီမှုမရသေးဘူးလို့ သိရပါတယ်။

ရုရှားဦးဆောင်ဖွဲ့စည်းထားတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (CSTO) အဖွဲ့ဝင်နိုင်ငံတွေဟာ အဖွဲ့ဝင်အချင်းချင်း ဒီသီတင်းပတ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပါတယ်။တာဂျစ်ကစ္စတန် နဲ့ ကာဂျစ္စတန်တို့ဟာ ရုရှားဦးဆောင်တဲ့ (CSTO) အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နယ်စပ်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
တာဂ်စ္ကစၥတန္ နဲ႔ ကာဂ်စၥတန္ႏိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြား
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

တာဂ်စ္ကစၥတန္ နဲ႔ ကာဂ်စၥတန္ႏိုင္ငံတို႔ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြဟာ စက္တင္ဘာ ၁၅ ရက္ေန႔ နံနက္ပိုင္းမွာ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါႏွစ္ႏိုင္ငံဟာ ဒီသီတင္းပတ္အတြင္း အျငင္းပြားမႈမ်ားျမင့္တက္ခဲ့ၿပီးေနာက္ စက္တင္ ဘာ ၁၅ ရက္ေန႔ နံနက္ပိုင္းမွာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြ စတင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကာဂ်စၥတန္ စစ္ဘက္တာဝန္ရွိသူတစ္ဦးက တာဂ်စ္ကစၥတန္ႏိုင္ငံဟာ နယ္စပ္ေဒသရွိ အရပ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ားေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ႏွစ္ႏိုင္ငံၾကား အျပန္အလွန္တိုက္ခိုက္မႈေတြဟာ နယ္စပ္ေဒသတစ္ေလွ်ာက္မွာ ျဖစ္ပြားေနခဲ့ေၾကာင္း ကာဂ်စၥတန္စစ္ဘက္က ေျပာပါတယ္။ ကာဂ်စၥတန္အစိုးရအဖြဲ႕ဟာ နယ္စပ္ေဒသရွိ ျပည္သူမ်ားကို ေဘးလႊတ္ရာကိုေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ေပးထားပါတယ္။

တာဂ်စ္ကစၥတန္အစိုးရကေတာ့ ကာဂ်စၥတန္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြဟာ နယ္စပ္ေဒသကို ေမာ္တာေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါႏွစ္ႏိုင္ငံဟာ ကီလိုမီတာ ၁ဝဝဝ ခန႔္ နယ္စပ္ခ်င္းထိစပ္ေနၿပီး လက္ရွိအခ်ိန္မွာ အပစ္ခတ္ရပ္စဲေရးအတြက္ အျပည့္အဝ သေဘာတူညီမႈမရေသးဘူးလို႔ သိရပါတယ္။

႐ုရွားဦးေဆာင္ဖြဲ႕စည္းထားတဲ့ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (CSTO) အဖြဲ႕ဝင္ႏိုင္ငံေတြဟာ အဖြဲ႕ဝင္အခ်င္းခ်င္း ဒီသီတင္းပတ္အတြင္းမွာ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ပါတယ္။တာဂ်စ္ကစၥတန္ နဲ႔ ကာဂ်စၥတန္တို႔ဟာ ႐ုရွားဦးေဆာင္တဲ့ (CSTO) အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း အဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ နယ္စပ္ေဒသမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.