ရုရှားကို ကူညီပေးမှုအတွက် တရုတ်နိုင်ငံများကို ပိုမို ပိတ်ဆို့မှုများချမှတ်သွားမည်ဟု အမေရိကန်အစိုးရပြော

 969

ဂျန်ဇက် (NP News) - ဧပြီ ၂၇

ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ဆက်နွယ်ပြီး တရုတ်နိုင်ငံကို ပိုမိုပိတ်ဆို့မှုများ ချမှတ် သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ရုရှားစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံကြား အငြင်းပွားမှုများပိုမိုဖြစ်လာနေကြောင်း သိရသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နှင့် ရုရှားနိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှု များသည် ယခင်ထက် ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။

ရုရှားနိုင်ငံအသုံးပြုနေသော စစ်လက်နက်ပစ္စည်းများထဲတွင် တရုတ်နိုင်ငံ ထုတ်စစ်လက်နက်ပစ္စည်းများ ပါဝင်နေ သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်လာခြင်း ဖြစ်ပြီး တရုတ်ကုမ္ပဏီများကို ပစ်မှတ်ထားသော ပိတ်ဆို့မှုများ ချမှတ်ရန် ဥပဒေမူကြမ်းရေးဆွဲနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

တရုတ်အစိုးရက အမေရိကန်နိုင်ငံသည် ယူကရိန်းကိုအမေရိကန်ဒေါ်လာ ဘီလျီနှင့်ချီ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲအချိန်ကြာရန် လုပ်နေကြောင်း စွပ်စွဲထားသလို ရုရှားနှင့် တရုတ်နိုင်ငံကြားစီးပွားရေးနှင့် ကုန်သွယ်ရေးကို လည်း ကြောင်းကျိုးဆီလျော်မှုမရှိဘဲ ထိခိုက်နစ်နာစေရန်လုပ်ဆောင်နေသည်ဟု ဝေဖန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အမေရိကန်အစိုးရရဲ့ချဉ်းကပ်မှုတွေဟာ စိတ်ပျက် ဖွယ်ကောင်းတယ်။ တာဝန်မဲ့တဲ့ချဉ်းကပ်မှုမျိုးဖြစ်တယ်" ဟု ပြောသည်။

စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရက တရုတ်နိုင်ငံအနေဖြင့် ရုရှားကို ကူညီထောက်ပံ့ပေးမည်ဆိုလျှင် ပြင်းထန်သော ပိတ်ဆို့မှုများဖြင့်ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ဖူးသည်။

Zawgyi Version;
႐ုရွားကို ကူညီေပးမႈအတြက္ တ႐ုတ္ႏိုင္ငံမ်ားကို ပိုမို ပိတ္ဆို႔မႈမ်ားခ်မွတ္သြားမည္ဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးျခင္းႏွင့္ဆက္ႏြယ္ၿပီး တ႐ုတ္ႏိုင္ငံကို ပိုမိုပိတ္ဆို႔မႈမ်ား ခ်မွတ္ သြားမည္ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုလိုက္သည္။

႐ုရွားစစ္ပြဲႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားပိုမိုျဖစ္လာေနေၾကာင္း သိရသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံၾကား အျပန္အလွန္ ကုန္သြယ္မႈ မ်ားသည္ ယခင္ထက္ ပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရသည္။

႐ုရွားႏိုင္ငံအသုံးျပဳေနေသာ စစ္လက္နက္ပစၥည္းမ်ားထဲတြင္ တ႐ုတ္ႏိုင္ငံ ထုတ္စစ္လက္နက္ပစၥည္းမ်ား ပါဝင္ေန သည္ဟု စြပ္စြဲခ်က္မ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက ပိတ္ဆို႔မႈမ်ားခ်မွတ္ရန္ စီစဥ္လာျခင္း ျဖစ္ၿပီး တ႐ုတ္ကုမၸဏီမ်ားကို ပစ္မွတ္ထားေသာ ပိတ္ဆို႔မႈမ်ား ခ်မွတ္ရန္ ဥပေဒမူၾကမ္းေရးဆြဲေနသည္ဟု သတင္းမ်ားလည္း ထြက္ေပၚေနသည္။

တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံသည္ ယူကရိန္းကိုအေမရိကန္ေဒၚလာ ဘီလ်ီႏွင့္ခ်ီ ကူညီေထာက္ပံ့ေပးၿပီး စစ္ပြဲအခ်ိန္ၾကာရန္ လုပ္ေနေၾကာင္း စြပ္စြဲထားသလို ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံၾကားစီးပြားေရးႏွင့္ ကုန္သြယ္ေရးကို လည္း ေၾကာင္းက်ိဳးဆီေလ်ာ္မႈမရွိဘဲ ထိခိုက္နစ္နာေစရန္လုပ္ေဆာင္ေနသည္ဟု ေဝဖန္ထားသည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးက "အေမရိကန္အစိုးရရဲ႕ခ်ဥ္းကပ္မႈေတြဟာ စိတ္ပ်က္ ဖြယ္ေကာင္းတယ္။ တာဝန္မဲ့တဲ့ခ်ဥ္းကပ္မႈမ်ိဳးျဖစ္တယ္" ဟု ေျပာသည္။

စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရက တ႐ုတ္ႏိုင္ငံအေနျဖင့္ ႐ုရွားကို ကူညီေထာက္ပံ့ေပးမည္ဆိုလွ်င္ ျပင္းထန္ေသာ ပိတ္ဆို႔မႈမ်ားျဖင့္ရင္ဆိုင္ရမည္ဟု သတိေပးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.