ဆူဒန်နိုင်ငံ ဒါဖာမြို့မြောက်ပိုင်းကို မကြာမီ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

 251

ALynn (NP News) - ဧပြီ ၂၇

ဆူဒန်တွင် တင်းမာမှုများကို လျှော့ချရန် ကုလသမဂ္ဂက ကြိုးပမ်းနေပြီဖြစ်ပြီး Rapid Support Forces (RSF) ထိန်းချုပ်မှုအောက် ကျရောက်ခြင်းမရှိသေးသော နောက်ဆုံးမြို့ကြီးဖြစ်သည့် al-Fashir တွင် တိုက်ခိုက်မှု ဖြစ်နိုင်ချေရှိကြောင်းကိုလည်း ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်လိုက်သည်။

RSF သည် al-Fashir မြို့ကို တိုက်ခိုက်ရန် ဝိုင်းရံထားကြောင်းနှင့် မကြာမီအချိန်အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်သွားဖွယ်ရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေး ဆိုခွင့်ရှိသူက သောကြာနေ့ (ဧပြီလ ၂၆ ရက်) တွင် ပြောကြားခဲ့သည်။

“တစ်ပြိုင်နက်တည်းမှာပဲ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေက ကြိုတင်နေရာချထားပုံရတယ်” ဟု ပြောရေးဆိုခွင့်ရှိ သူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂူတာရက်စ်က al-Fashir ဒေသမှာ တိုက်ပွဲတွေ ရှောင်ကြဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုခဲ့ပြီး ဆူဒန်နိုင်ငံဆိုင်ရာ UN သံတမန် Ramtane Lamamra က တင်းမာမှုများ လျော့ကျသွားစေဖို့ လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားသည်။

ဆူဒန်တွင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ဆူဒန်စစ်တပ်နှင့် စင်ပြိုင်တပ် RSF အကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့အကျပ်အတည်းကို ဖန်တီးခဲ့သည်။ RSF နှင့် ၎င်း၏ မဟာမိတ်များသည် ပြီးခဲ့သည့်နှစ်တွင် ဒါဖာပြည်နယ်မြို့တော် လေးခုကို ချဉ်းနင်းဝင်ရောက်ခဲ့ပြီး အာရပ်မဟုတ်သောအုပ်စုများအပေါ် လူမျိုးရေးအရ သတ်ဖြတ်မှုများ၊ မောင်းထုတ်ခြင်းများနှင့် အနောက်ဒါဖာတွင် အခြားသော ကျူးလွန်မှုများကို လုပ်ဆောင်ခဲ့သည်။
ပိုမိုဆိုးရွားလာနေသော အကြမ်းဖက်မှုများက Darfur တစ်လျှောက် သွေးထွက်သံယို ပဋိပက္ခများ ပေါ်ပေါက်လာ စေရန် ခြိမ်းခြောက်နေသောကြောင့် al-Fashir ရှိ လူ ၈၀၀,၀၀၀ ခန့်သည် ပြင်းထန်သောအန္တရာယ်နှင့် ချက်ချင်း ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိများက ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးခဲ့သည်။

ဆူဒန်လူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သော လူ ၂၅ သန်းနီးပါးမှာ အကူအညီများ လိုအပ်နေပြီး ရှစ်သန်းခန့်မှာ ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပါရီတွင် ပြုလုပ်သော ညီလာခံတစ်ခုတွင် အလှူရှင်များက စစ်ဘေးသင့်နိုင်ငံအတွက် ဒေါ်လာ ၂ ဘီလျံကျော် ပေးအပ်ရန် ကတိပြုခဲ့ကြသည်။

Zawgyi Version;
ဆူဒန္ႏိုင္ငံ ဒါဖာၿမိဳ႕ေျမာက္ပိုင္းကို မၾကာမီ တိုက္ခိုက္မႈမ်ား ျပဳလုပ္လာႏိုင္ေၾကာင္း ကုလသမဂၢ သတိေပး
ALynn (NP News) - ဧၿပီ ၂၇

ဆူဒန္တြင္ တင္းမာမႈမ်ားကို ေလွ်ာ့ခ်ရန္ ကုလသမဂၢက ႀကိဳးပမ္းေနၿပီျဖစ္ၿပီး Rapid Support Forces (RSF) ထိန္းခ်ဳပ္မႈေအာက္ က်ေရာက္ျခင္းမရွိေသးေသာ ေနာက္ဆုံးၿမိဳ႕ႀကီးျဖစ္သည့္ al-Fashir တြင္ တိုက္ခိုက္မႈ ျဖစ္ႏိုင္ေခ်ရွိေၾကာင္းကိုလည္း ကုလသမဂၢက သတိေပးခ်က္ ထုတ္ျပန္လိုက္သည္။

RSF သည္ al-Fashir ၿမိဳ႕ကို တိုက္ခိုက္ရန္ ဝိုင္းရံထားေၾကာင္းႏွင့္ မၾကာမီအခ်ိန္အတြင္း တိုက္ခိုက္မႈမ်ား လုပ္ေဆာင္သြားဖြယ္ရွိေၾကာင္း ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္၏ ေျပာေရး ဆိုခြင့္ရွိသူက ေသာၾကာေန႔ (ဧၿပီလ ၂၆ ရက္) တြင္ ေျပာၾကားခဲ့သည္။

“တစ္ၿပိဳင္နက္တည္းမွာပဲ ဆူဒန္လက္နက္ကိုင္တပ္ဖြဲ႕ေတြက ႀကိဳတင္ေနရာခ်ထားပုံရတယ္” ဟု ေျပာေရးဆိုခြင့္ရွိ သူက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ဂူတာရက္စ္က al-Fashir ေဒသမွာ တိုက္ပြဲေတြ ေရွာင္ၾကဖို႔ သက္ဆိုင္သူအားလုံးကို ေတာင္းဆိုခဲ့ၿပီး ဆူဒန္ႏိုင္ငံဆိုင္ရာ UN သံတမန္ Ramtane Lamamra က တင္းမာမႈမ်ား ေလ်ာ့က်သြားေစဖို႔ လုပ္ေဆာင္ေနေၾကာင္းလည္း ေဖာ္ျပထားသည္။

ဆူဒန္တြင္ လြန္ခဲ့သည့္ တစ္ႏွစ္ခန႔္က ဆူဒန္စစ္တပ္ႏွင့္ စင္ၿပိဳင္တပ္ RSF အၾကား စစ္ပြဲျဖစ္ပြားခဲ့ၿပီး ကမာၻ႔အႀကီးဆုံး အိုးမဲ့အိမ္မဲ့အက်ပ္အတည္းကို ဖန္တီးခဲ့သည္။ RSF ႏွင့္ ၎၏ မဟာမိတ္မ်ားသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ဒါဖာျပည္နယ္ၿမိဳ႕ေတာ္ ေလးခုကို ခ်ဥ္းနင္းဝင္ေရာက္ခဲ့ၿပီး အာရပ္မဟုတ္ေသာအုပ္စုမ်ားအေပၚ လူမ်ိဳးေရးအရ သတ္ျဖတ္မႈမ်ား၊ ေမာင္းထုတ္ျခင္းမ်ားႏွင့္ အေနာက္ဒါဖာတြင္ အျခားေသာ က်ဴးလြန္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္။
ပိုမိုဆိုး႐ြားလာေနေသာ အၾကမ္းဖက္မႈမ်ားက Darfur တစ္ေလွ်ာက္ ေသြးထြက္သံယို ပဋိပကၡမ်ား ေပၚေပါက္လာ ေစရန္ ၿခိမ္းေျခာက္ေနေသာေၾကာင့္ al-Fashir ရွိ လူ ၈၀၀,၀၀၀ ခန႔္သည္ ျပင္းထန္ေသာအႏၲရာယ္ႏွင့္ ခ်က္ခ်င္း ႀကဳံေတြ႕ေနရေၾကာင္း ကုလသမဂၢ ထိပ္တန္းအရာရွိမ်ားက ၿပီးခဲ့သည့္ သီတင္းပတ္တြင္ သတိေပးခဲ့သည္။

ဆူဒန္လူဦးေရ၏ ထက္ဝက္နီးပါးျဖစ္ေသာ လူ ၂၅ သန္းနီးပါးမွာ အကူအညီမ်ား လိုအပ္ေနၿပီး ရွစ္သန္းခန႔္မွာ ၎တို႔၏ အိုးအိမ္မ်ားကို စြန႔္ခြာထြက္ေျပးခဲ့ၾကရေၾကာင္း ကုလသမဂၢက ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ သီတင္းပတ္က ပါရီတြင္ ျပဳလုပ္ေသာ ညီလာခံတစ္ခုတြင္ အလႉရွင္မ်ားက စစ္ေဘးသင့္ႏိုင္ငံအတြက္ ေဒၚလာ ၂ ဘီလ်ံေက်ာ္ ေပးအပ္ရန္ ကတိျပဳခဲ့ၾကသည္။

Related news

© 2021. All rights reserved.