အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခြင်း မလုပ်ဆောင်ရန် တရုတ်နိုင်ငံကို သတိပေး

 331

ဂျန်ဇက် (NP News) - ဧပြီ ၂၇

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲကိုကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်က ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆို လိုက်သည်။

၎င်းက "တရုတ်နိုင်ငံဟာ အမေရိကန် ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်။ အဲဒီအတွက် သက်သေအချက်လက်တွေကို ရရှိထားတယ်။ အဲဒီလုပ်ရပ်တွေကိုဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံးရပ်တန့်စေလိုတယ်" ဟု ပြောသည်။

အန်တိုနီဘလီကန်သည် တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင့် အပါအဝင် တရုတ်အစိုးရတာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခြင်းမျိုး မလုပ်ဆောင်ရန် ကြိုတင်သတိပေးခဲ့ဖူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၎င်းက "တရုတ်နိုင်ငံက အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မှု ရှိ/မရှိ ဆိုတာကို ဂရုစိုက်နေတယ်။ အဲဒီ လိုမျိုး စွက်ဖက်လာမယ်ဆိုရင်လည်း အမေရိကန်အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ ထပ်မံသတိပေးလိုတယ်" ဟု ပြောသည်။

ကုန်သွယ်ရေးအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သော နှစ်လည် ရွေးကောက်ပွဲကို တရုတ်နိုင်ငံကကြားဝင်စွက်ဖက်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

တရုတ်နိုင်ငံက အမေရိကန် ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မည့် မူဝါဒမျိုး မရှိကြောင်း၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို လေးစားကြောင်း ပြောသည်။ သို့သော်လည်း တရုတ်နိုင်ငံနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများ ဖြစ်သည့် ကနေဒါနိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းခဲ့ဖူး ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။

Zawgyi Version;
အေမရိကန္ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ျခင္း မလုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံကို သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံတြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲကိုၾကားဝင္စြက္ဖက္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္တိုနီဘလီကန္က ၎၏ အေမရိကန္ခရီးစဥ္အတြင္း ထုတ္ေဖာ္ေျပာဆို လိုက္သည္။

၎က "တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းေနတယ္။ အဲဒီအတြက္ သက္ေသအခ်က္လက္ေတြကို ရရွိထားတယ္။ အဲဒီလုပ္ရပ္ေတြကိုျဖစ္ႏိုင္မယ္ဆိုရင္ အျမန္ဆုံးရပ္တန႔္ေစလိုတယ္" ဟု ေျပာသည္။

အန္တိုနီဘလီကန္သည္ တ႐ုတ္ခရီးစဥ္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င့္ အပါအဝင္ တ႐ုတ္အစိုးရတာဝန္ရွိသူမ်ား ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အေမရိကန္ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ျခင္းမ်ိဳး မလုပ္ေဆာင္ရန္ ႀကိဳတင္သတိေပးခဲ့ဖူးေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

၎က "တ႐ုတ္ႏိုင္ငံက အေမရိကန္ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္မႈ ရွိ/မရွိ ဆိုတာကို ဂ႐ုစိုက္ေနတယ္။ အဲဒီ လိုမ်ိဳး စြက္ဖက္လာမယ္ဆိုရင္လည္း အေမရိကန္အစိုးရက လက္ခံမွာ မဟုတ္ဘူး။ အေမရိကန္အစိုးရအေနနဲ႔ တ႐ုတ္ႏိုင္ငံကို ဒီကိစၥနဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္တာမ်ိဳးမလုပ္ဖို႔ ထပ္မံသတိေပးလိုတယ္" ဟု ေျပာသည္။

ကုန္သြယ္ေရးအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့ေသာ ႏွစ္လည္ ေ႐ြးေကာက္ပြဲကို တ႐ုတ္ႏိုင္ငံကၾကားဝင္စြက္ဖက္မႈမ်ား လုပ္ေဆာင္ခဲ့ဖူးေၾကာင္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က ေျပာသည္။

တ႐ုတ္ႏိုင္ငံက အေမရိကန္ ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္မည့္ မူဝါဒမ်ိဳး မရွိေၾကာင္း၊ အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ေလးစားေၾကာင္း ေျပာသည္။ သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံႏွင့္ဆက္ႏြယ္ေနေသာအဖြဲ႕အစည္းမ်ား ျဖစ္သည့္ ကေနဒါႏိုင္ငံ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ရန္ ႀကိဳးပမ္းခဲ့ဖူး ေၾကာင္း စြပ္စြဲခ်က္မ်ား ထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.