မြဝတီမြို့ ပြန်ထိန်းသည့်အခြေအနေနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားပြီးမှသာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်း ပြောကြား

 13482

သုတကျော် (NP News) – ဧပြီ ၂၇

ကရင်ပြည်နယ်ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်က ကုန်သွယ်ရေးအချက်အချာဖြစ်သော မြဝတီမြို့ကို ပြန်ထိန်း သည့်အခြေအနေနှင့်ပတ်သက်၍ ပြင်ပ ပြောကြားချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း က ငြင်းဆိုလိုက်ပြီး တိုက်ပွဲဖြစ်ပွားပြီးမှသာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

မြဝတီဘက်တွင် မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်မှု၊ လက်ရှိအခြေအနေနှင့် AA မှ ဘင်္ဂါလီရွာများအား မီးရှို့ဖျက်ဆီးမှုတို့အား သတင်းဌာနတစ်ခုက မေးမြန်းစဉ် မြဝတီမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ရာ တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခြင်းလား၊ မည်သို့ ထိန်းချုပ်နိုင်ခဲ့သနည်းဟု ထည့်သွင်းမေးမြန်းခဲ့သည့် အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၇၅ ကို ပြန်ဝင်တဲ့အချိန်မှာတောင် တိုက်ပွဲ ဖြစ်ခဲ့သေးတာ။ တိုက်ပွဲဖြစ်ပြီးတော့မှ ပြန်ပြီးတော့ ရရှိတာ ဖြစ်ပါတယ်။ အဲဒီမှာ အမှတ် ၂ တံတားနားမှာလည်း တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တယ်။ ၂ ရက် ဆက်တိုက်လောက် တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တယ်။ ၂ ရက် ဆက် တိုက်လောက်ကိုပဲ ၂၇၅ ကနေ ခေတ္တ သွားပြီး အခြေပြုတဲ့ အမှတ် ၂ တံတား နားလေးမှာတင်ကို ၂ ရက် ဆက်တိုက် လာပြီး တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာလည်း KNU၊ PDF တော်တော်လေး သေကြဒဏ်ရာရခဲ့တာ ရှိတယ်။ ၂၇၅ ထဲကို ပြန်လည်ဝင်ရောက်တဲ့အခါမှာလည်း တိုက်ပွဲဖြစ်ပွား တာ ရှိတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးတော့မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတွေကို သတင်းဌာနတွေ အနေနဲ့ သူတို့ကိုယ်တိုင်ပြောထားတဲ့ Video ဖိုင်တွေကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်းဖြေကြားသည်။

တပ်မတော်၏ ခလရ ၂၇၅ ကို ခေတ္တစွန့်ခွာပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မြဝတီမြို့၌ လုံခြုံရေးကိစ္စများ ပိုမိုတိုးတက်မှုရှိစေရန် ဆောင်ရွက်နေကြောင်း နှင့် မြဝတီတိုက်ပွဲတွင် KNU နှင့် PDF အဖွဲ့ဝင်များစွာ သေကြေဒဏ်ရာရရှိခဲ့ကြောင်းလည်း ပြောကြားသည်။

“အဓိကတော့ ကျွန်တော်တို့ ဒီမြဝတီမှာ ရှိတဲ့ တပ်ပေါ့ ခလရ ၂၇၅ မှာ မြို့ခံ လုံခြုံရေးအဖွဲ့တွေ ရှိတယ်။ သီးခြား ထပ်ဖြည့်ထားတဲ့ လုံခြုံရေးအဖွဲ့တွေ ရှိတယ်။ ဒီနေရာကို အဓိကထားပြီး KNU၊ PDF အဖွဲ့တွေ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ အဲဒီနေရာကနေ အင်အားများတဲ့အတွက် ခေတ္တ စွန့်ခွာပေးလိုက်တယ်။ ရက်ပိုင်း အတွင်းမှာပဲ ၂၃ ရက်မှာ ၂၇၅ ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ အခု ဒါ မြဝတီမြို့ပေါ်မှာလည်း လုံခြုံရေးနဲ့ပတ်သက်တဲ့ ပိုမိုတိုးတက်မှုရှိအောင် ဆက်ပြီးတော့ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် မြဝတီ၊ ကော့ကရိတ်လမ်းနဲ့ ပတ်သက်ပြီးလည်း ကုန်သွယ်မှုပြန်လည်ရရှိအောင်၊ လုံခြုံမှုရှိ အောင် ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီထဲမှာတော့ လမ်းမှာတော့ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေဆဲပဲဖြစ်ပါတယ်။ မြဝတီမြို့ တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သိရှိရတဲ့သတင်းကတော့ KNU၊ PDF အတော်များများ သေကြေ ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ အဓိကတော့ PDF အမည်ခံ အကြမ်းဖက်သမားတွေ တော်တော်များများကို သေကြေဒဏ်ရာရရှိခဲ့တယ်ဆိုတာ ရှိတယ် လို့ သိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

မြဝတီမြို့ကို တိုက်ခိုက်ရာတွင် ကျားဖြန့်ကြောင့်ဟု ပြင်ပတွင် ပြောကြားမှုရှိသော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်းလည်း ဆိုသည်။

“မြဝတီ မြို့ခံတွေက အစ ဒီကောင်တွေကို လိုလားတာ မရှိပါဘူး။ အရင်တုန်းက လိုလားချင် လိုလားပေမယ့် လက်တွေ့မှာ လိုလားတာ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျတော့ ဒီဟာတွေ လုပ်ခြင်းအားဖြင့် သူတို့ ရည်ရွယ်ချက် အမှန်သည် ကုန်သွယ်ရေး အဓိက လမ်းကြောင်းကို ပြတ်တောက် ပိတ်ဆို့ချင်တယ်၊ မှောင်ခိုလုပ်ပြီး တော့ အကျိုးအမြတ် ခံစားချင်တယ်။ ကုန်သွယ်ရေး အဓိက လမ်းကြောင်းကို ထိန်းချုပ်ပြီး သူတို့ အသက်ဆက်ချင် လို့ လုပ်တာပဲဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

Zawgyi Version;
ျမဝတီၿမိဳ႕ ျပန္ထိန္းသည့္အေျခအေနႏွင့္ပတ္သက္၍ တိုက္ပြဲျဖစ္ပြားၿပီးမွသာ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ရွင္းလင္း ေျပာၾကား
သုတေက်ာ္ (NP News) – ဧၿပီ ၂၇

ကရင္ျပည္နယ္ရွိ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံ နယ္စပ္က ကုန္သြယ္ေရးအခ်က္အခ်ာျဖစ္ေသာ ျမဝတီၿမိဳ႕ကို ျပန္ထိန္း သည့္အေျခအေနႏွင့္ပတ္သက္၍ ျပင္ပ ေျပာၾကားခ်က္မ်ားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ျငင္းဆိုလိုက္ၿပီး တိုက္ပြဲျဖစ္ပြားၿပီးမွသာ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျဖၾကားခဲ့သည္။

ျမဝတီဘက္တြင္ ျမန္မာ့တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္မႈ၊ လက္ရွိအေျခအေနႏွင့္ AA မွ ဘဂၤါလီ႐ြာမ်ားအား မီးရႈိ႕ဖ်က္ဆီးမႈတို႔အား သတင္းဌာနတစ္ခုက ေမးျမန္းစဥ္ ျမဝတီၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ရာ တြင္ ႏွစ္ဖက္နားလည္မႈျဖင့္ အပစ္ရပ္ျခင္းလား၊ မည္သို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့သနည္းဟု ထည့္သြင္းေမးျမန္းခဲ့သည့္ အေပၚ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“၂၇၅ ကို ျပန္ဝင္တဲ့အခ်ိန္မွာေတာင္ တိုက္ပြဲ ျဖစ္ခဲ့ေသးတာ။ တိုက္ပြဲျဖစ္ၿပီးေတာ့မွ ျပန္ၿပီးေတာ့ ရရွိတာ ျဖစ္ပါတယ္။ အဲဒီမွာ အမွတ္ ၂ တံတားနားမွာလည္း တိုက္ပြဲ အႀကီးအက်ယ္ျဖစ္ခဲ့တယ္။ ၂ ရက္ ဆက္တိုက္ေလာက္ တိုက္ပြဲအႀကီးအက်ယ္ျဖစ္ခဲ့တယ္။ ၂ ရက္ ဆက္ တိုက္ေလာက္ကိုပဲ ၂၇၅ ကေန ေခတၱ သြားၿပီး အေျချပဳတဲ့ အမွတ္ ၂ တံတား နားေလးမွာတင္ကို ၂ ရက္ ဆက္တိုက္ လာၿပီး တိုက္ခိုက္ခဲ့တာရွိတယ္။ အဲဒီမွာလည္း KNU၊ PDF ေတာ္ေတာ္ေလး ေသၾကဒဏ္ရာရခဲ့တာ ရွိတယ္။ ၂၇၅ ထဲကို ျပန္လည္ဝင္ေရာက္တဲ့အခါမွာလည္း တိုက္ပြဲျဖစ္ပြား တာ ရွိတယ္။ တိုက္ပြဲ ျဖစ္ပြားၿပီးေတာ့မွ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေတြကို သတင္းဌာနေတြ အေနနဲ႔ သူတို႔ကိုယ္တိုင္ေျပာထားတဲ့ Video ဖိုင္ေတြကို ေတြ႕ရွိရမွာပဲ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ထည့္သြင္းေျဖၾကားသည္။

တပ္မေတာ္၏ ခလရ ၂၇၅ ကို ေခတၱစြန႔္ခြာၿပီးေနာက္ ရက္ပိုင္းအတြင္း ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ ျမဝတီၿမိဳ႕၌ လုံၿခဳံေရးကိစၥမ်ား ပိုမိုတိုးတက္မႈရွိေစရန္ ေဆာင္႐ြက္ေနေၾကာင္း ႏွင့္ ျမဝတီတိုက္ပြဲတြင္ KNU ႏွင့္ PDF အဖြဲ႕ဝင္မ်ားစြာ ေသေၾကဒဏ္ရာရရွိခဲ့ေၾကာင္းလည္း ေျပာၾကားသည္။

“အဓိကေတာ့ ကြၽန္ေတာ္တို႔ ဒီျမဝတီမွာ ရွိတဲ့ တပ္ေပါ့ ခလရ ၂၇၅ မွာ ၿမိဳ႕ခံ လုံၿခဳံေရးအဖြဲ႕ေတြ ရွိတယ္။ သီးျခား ထပ္ျဖည့္ထားတဲ့ လုံၿခဳံေရးအဖြဲ႕ေတြ ရွိတယ္။ ဒီေနရာကို အဓိကထားၿပီး KNU၊ PDF အဖြဲ႕ေတြ တိုက္ခိုက္ခဲ့တာ ျဖစ္တယ္။ တိုက္ခိုက္ခဲ့ၿပီး ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔အေနနဲ႔ အဲဒီေနရာကေန အင္အားမ်ားတဲ့အတြက္ ေခတၱ စြန႔္ခြာေပးလိုက္တယ္။ ရက္ပိုင္း အတြင္းမွာပဲ ၂၃ ရက္မွာ ၂၇၅ ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ၿပီးေတာ့ အခု ဒါ ျမဝတီၿမိဳ႕ေပၚမွာလည္း လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ ပိုမိုတိုးတက္မႈရွိေအာင္ ဆက္ၿပီးေတာ့ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဒါ့အျပင္ ျမဝတီ၊ ေကာ့ကရိတ္လမ္းနဲ႔ ပတ္သက္ၿပီးလည္း ကုန္သြယ္မႈျပန္လည္ရရွိေအာင္၊ လုံၿခဳံမႈရွိ ေအာင္ ဆက္လက္ေဆာင္႐ြက္လ်က္ ရွိပါတယ္။ အဲဒီထဲမွာေတာ့ လမ္းမွာေတာ့ ထိေတြ႕တိုက္ပြဲ ဆက္လက္ ျဖစ္ပြား ေနဆဲပဲျဖစ္ပါတယ္။ ျမဝတီၿမိဳ႕ တိုက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔သိရွိရတဲ့သတင္းကေတာ့ KNU၊ PDF အေတာ္မ်ားမ်ား ေသေၾက ဒဏ္ရာရရွိခဲ့တာ ရွိတယ္။ အဓိကေတာ့ PDF အမည္ခံ အၾကမ္းဖက္သမားေတြ ေတာ္ေတာ္မ်ားမ်ားကို ေသေၾကဒဏ္ရာရရွိခဲ့တယ္ဆိုတာ ရွိတယ္ လို႔ သိရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ျမဝတီၿမိဳ႕ကို တိုက္ခိုက္ရာတြင္ က်ားျဖန႔္ေၾကာင့္ဟု ျပင္ပတြင္ ေျပာၾကားမႈရွိေသာ္လည္း လက္ေတြ႕တြင္ ထိုသို႔ မဟုတ္ေၾကာင္းလည္း ဆိုသည္။

“ျမဝတီ ၿမိဳ႕ခံေတြက အစ ဒီေကာင္ေတြကို လိုလားတာ မရွိပါဘူး။ အရင္တုန္းက လိုလားခ်င္ လိုလားေပမယ့္ လက္ေတြ႕မွာ လိုလားတာ မရွိဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ က်ေတာ့ ဒီဟာေတြ လုပ္ျခင္းအားျဖင့္ သူတို႔ ရည္႐ြယ္ခ်က္ အမွန္သည္ ကုန္သြယ္ေရး အဓိက လမ္းေၾကာင္းကို ျပတ္ေတာက္ ပိတ္ဆို႔ခ်င္တယ္၊ ေမွာင္ခိုလုပ္ၿပီး ေတာ့ အက်ိဳးအျမတ္ ခံစားခ်င္တယ္။ ကုန္သြယ္ေရး အဓိက လမ္းေၾကာင္းကို ထိန္းခ်ဳပ္ၿပီး သူတို႔ အသက္ဆက္ခ်င္ လို႔ လုပ္တာပဲျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.