ICC ၏ ဆုံးဖြတ်ချက်များက အစ္စရေးအပေါ် သက်ရောက်မှုရှိလာမည်မဟုတ်သော်လည်း အန္တရာယ်ရှိသော စံနမူနာ တစ်ခုဖြစ်လာနိုင်ကြောင်း နေတန်ယာဟု ပြော

 355

ALynn (NP News) - ဧပြီ ၂၇

ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနှင့် ဂါဇာကို အစ္စရေး၏ စစ်ရေးအရ ချေမှုန်းမှုအား စုံစမ်း စစ်ဆေးနေသည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဆုံးဖြတ်ချက်များသည် အစ္စရေး၏ လုပ်ရပ်အပေါ် ထိခိုက်မည် မဟုတ်သော်လည်း မှတ်သားလောက်သော စံနမူနာများ ချမှတ်သွားနိုင်သည်ဟု အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့ (ဧပြီလ ၂၆ ရက်) တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်ခေါင်းဆောင်မှုအောက်မှာ အစ္စရေးဟာ နိုင်ငံတကာရာဇ၀တ် ခုံရုံးရဲ့ကြိုးပမ်းမှုတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး” ဟု နေတန်ယာဟုက Telegram ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေး၏ ထိပ်တန်းရုပ်မြင်သံကြားသတင်းဌာနတစ်ခုဖြစ်သည့် Channel 12 က ဂါဇာတွင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုစွပ်စွဲချက်ဖြင့် နေတန်ယာဟု နှင့် အခြားထိပ်တန်းအရာရှိများကို ICC က ဖမ်းဝရမ်းထုတ်နိုင်ခြေကို အစ္စရေးက ပိုမိုစိုးရိမ်လာကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် အစီရင်ခံတင်ပြခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ရုံးက အရေးပေါ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက Channel 12 အစီရင်ခံစာ (သို့မဟုတ်) ၎င်း၏ အသေးစိတ် အချက် အလက်များကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။

ဂါဇာအာဏာပိုင်များ၏အဆိုအရ အစ္စရေး၏ မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ပြင်ထိုးစစ်များ စတင်ခဲ့ပြီးနောက် ပါလက်စတိုင်း ၃၄,၀၀၀ ကျော် သေဆုံးခဲ့ကာ ဂါဇာကမ်းမြောင်ဒေသအနှံ့အပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယင်းတိုက်ခိုက်မှုသည် ယခုအခါ ၇ လထဲသို့ ချဉ်းနင်းဝင်ရောက်လျက်ရှိလာပြီး ပိတ်ဆို့ခံထားရသော ပါလက်စတိုင်း နယ်မြေရှိ လူ ၂ ဒသမ ၃ သန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ် အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။

အမြဲတမ်းအဖွဲ့ဝင် ၁၂၄ ဦးပါဝင်သော ICC သည် စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရန်လိုမှုတို့အတွက် တစ်ဦးချင်းအပေါ် တရားစွဲဆိုနိုင်သည်။ ICC ၏ အမှုသည် The Hague အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အစ္စရေးကို စွဲဆိုထားသော လူမျိုးသုဥ်း သတ်ဖြတ်မှုကိစ္စနှင့် သီးခြားဖြစ်သည်။ ကမ္ဘာ့တရားရုံး ဟုလည်းလူသိများသော ICJ သည် နိုင်ငံများအကြား အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် ကုလသမဂ္ဂတရားရုံးဖြစ်ပြီး ICC သည် စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးဖြစ်သည်။ အစ္စရေး သည် ICC အဖွဲ့ဝင်မဟုတ်၍ ၎င်း၏တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုသော်လည်း ပါလက် စတိုင်းကမူ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

Zawgyi Version;
ICC ၏ ဆုံးျဖတ္ခ်က္မ်ားက အစၥေရးအေပၚ သက္ေရာက္မႈရွိလာမည္မဟုတ္ေသာ္လည္း အႏၲရာယ္ရွိေသာ စံနမူနာ တစ္ခုျဖစ္လာႏိုင္ေၾကာင္း ေနတန္ယာဟု ေျပာ
ALynn (NP News) - ဧၿပီ ၂၇

ဟားမတ္စ္တို႔၏ ေအာက္တိုဘာ ၇ ရက္ တိုက္ခိုက္မႈႏွင့္ ဂါဇာကို အစၥေရး၏ စစ္ေရးအရ ေခ်မႈန္းမႈအား စုံစမ္း စစ္ေဆးေနသည့္ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး၏ ဆုံးျဖတ္ခ်က္မ်ားသည္ အစၥေရး၏ လုပ္ရပ္အေပၚ ထိခိုက္မည္ မဟုတ္ေသာ္လည္း မွတ္သားေလာက္ေသာ စံနမူနာမ်ား ခ်မွတ္သြားႏိုင္သည္ဟု အစၥေရး ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu က ေသာၾကာေန႔ (ဧၿပီလ ၂၆ ရက္) တြင္ ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ့္ေခါင္းေဆာင္မႈေအာက္မွာ အစၥေရးဟာ ႏိုင္ငံတကာရာဇ၀တ္ ခုံ႐ုံးရဲ႕ႀကိဳးပမ္းမႈေတြကို ဘယ္ေတာ့မွ လက္ခံမွာ မဟုတ္ဘူး” ဟု ေနတန္ယာဟုက Telegram ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

အစၥေရး၏ ထိပ္တန္း႐ုပ္ျမင္သံၾကားသတင္းဌာနတစ္ခုျဖစ္သည့္ Channel 12 က ဂါဇာတြင္ ႏိုင္ငံတကာဥပေဒ ခ်ိဳးေဖာက္မႈစြပ္စြဲခ်က္ျဖင့္ ေနတန္ယာဟု ႏွင့္ အျခားထိပ္တန္းအရာရွိမ်ားကို ICC က ဖမ္းဝရမ္းထုတ္ႏိုင္ေျခကို အစၥေရးက ပိုမိုစိုးရိမ္လာေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္တြင္ အစီရင္ခံတင္ျပခဲ့သည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ ဝန္ႀကီးခ်ဳပ္႐ုံးက အေရးေပၚေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္း ၎အစီရင္ခံစာတြင္ ေဖာ္ျပ ထားသည္။ အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Channel 12 အစီရင္ခံစာ (သို႔မဟုတ္) ၎၏ အေသးစိတ္ အခ်က္ အလက္မ်ားကို ခ်က္ခ်င္းတုံ႔ျပန္ျခင္းမရွိပါ။

ဂါဇာအာဏာပိုင္မ်ား၏အဆိုအရ အစၥေရး၏ ေျမျပင္၊ ေဝဟင္ႏွင့္ ပင္လယ္ျပင္ထိုးစစ္မ်ား စတင္ခဲ့ၿပီးေနာက္ ပါလက္စတိုင္း ၃၄,၀၀၀ ေက်ာ္ ေသဆုံးခဲ့ကာ ဂါဇာကမ္းေျမာင္ေဒသအႏွံ႔အျပား ပ်က္စီးဆုံးရႈံးခဲ့ရသည္။ ယင္းတိုက္ခိုက္မႈသည္ ယခုအခါ ၇ လထဲသို႔ ခ်ဥ္းနင္းဝင္ေရာက္လ်က္ရွိလာၿပီး ပိတ္ဆို႔ခံထားရေသာ ပါလက္စတိုင္း နယ္ေျမရွိ လူ ၂ ဒသမ ၃ သန္းခန႔္ကို ေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အၾကပ္ အတည္းမ်ား ျဖစ္ေပၚလ်က္ရွိသည္။

အၿမဲတမ္းအဖြဲ႕ဝင္ ၁၂၄ ဦးပါဝင္ေသာ ICC သည္ စစ္ရာဇ၀တ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ား၊ လူမ်ိဳးတုံးသတ္ျဖတ္မႈႏွင့္ ရန္လိုမႈတို႔အတြက္ တစ္ဦးခ်င္းအေပၚ တရားစြဲဆိုႏိုင္သည္။ ICC ၏ အမႈသည္ The Hague အေျခစိုက္ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) တြင္ အစၥေရးကို စြဲဆိုထားေသာ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈကိစၥႏွင့္ သီးျခားျဖစ္သည္။ ကမာၻ႔တရား႐ုံး ဟုလည္းလူသိမ်ားေသာ ICJ သည္ ႏိုင္ငံမ်ားအၾကား အျငင္းပြားမႈမ်ားကို ေျဖရွင္းေပးသည့္ ကုလသမဂၢတရား႐ုံးျဖစ္ၿပီး ICC သည္ စစ္ရာဇ၀တ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈႏွင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားအတြက္ ရာဇ၀တ္မႈဆိုင္ရာ တရားခုံ႐ုံးျဖစ္သည္။ အစၥေရး သည္ ICC အဖြဲ႕ဝင္မဟုတ္၍ ၎၏တရားစီရင္ပိုင္ခြင့္ကို အသိအမွတ္မျပဳေသာ္လည္း ပါလက္ စတိုင္းကမူ ၂၀၁၅ ခုႏွစ္တြင္ အဖြဲ႕ဝင္အျဖစ္ ဝင္ေရာက္ခဲ့သည္။

Related news

© 2021. All rights reserved.