တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့်သဘောတူညီချက် ရရှိခဲ့သည်ဆိုသည့် ပြောဆိုချက်များကို ဖိလစ်ပိုင်အစိုးရ ငြင်းဆန်ပယ်ချ

 228

Pika (NP News) - ဧပြီ ၂၇

တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုတွေ ပြင်းထန်လာတာနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင် ကြား သဘောတူညီချက်တစ်ခုရရှိခဲ့တယ်ဆိုတဲ့ တရုတ်ဘက်က ပြောဆိုချက်တွေကို ဖိလစ်ပိုင်ဘက် ဧပြီလ(၂၇) ရက်နေ့မှာ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်ဘက်က ပြောဆိုချက်တွေဟာ ဝါဒဖြန့်မှုတွေသာဖြစ်တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောဆိုထားပါ တယ်။ Second Thomas Shoal ကျွန်းအနီးမှာ ဖြစ်ပွားနေတဲ့တင်းမာမှုတွေကို စီမံခန့်ခွဲဖို့အတွက် ယခုနှစ် အစောပိုင်းမှာ တရုတ်နဲ့ဖိလစ်ပိုင်ကြား သဘောတူညီချက်တစ်ခုရရှိခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ(၁၈)ရက်မှာ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ အဲဒီသဘောတူညီချက်မျိုးရရှိတာကို ၎င်းရဲ့ဌာနက သတိမထားမိဘူးလို့ ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး Gilberto Teodoroက ဧပြီလ(၂၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့အရာရှိတွေဟာ ပြီးခဲ့တဲ့နှစ်တည်းက တရုတ်အရာရှိတွေနဲ့စကားပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ Gilberto Teodoro က ပြောဆိုခဲ့ပါတယ်။

Gilberto Teodoro ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို ဖိလစ်ပိုင်မှာရှိတဲ့ တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ Second Thomas Shoal ကျွန်းအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ Gilberto Teodoro က “မကြာသေးခင်က ပျံ့နှံ့လာတဲ့အမည်မဖော်လိုတဲ့တရုတ်အရာရှိတွေ ဖြန့်ဝေနေတဲ့ဇာတ်ကြောင်းတွေဟာ လိမ်လည်မှုတွေကို ဖုံးကွယ်ဖို့အတွက် နောက်ထပ်ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏွင့္သေဘာတူညီခ်က္ ရရွိခဲ့သည္ဆိုသည့္ ေျပာဆိုခ်က္မ်ားကို ဖိလစ္ပိုင္အစိုးရ ျငင္းဆန္ပယ္ခ်
Pika (NP News) - ဧၿပီ ၂၇

ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရပိုင္နက္အျငင္းပြားမႈေတြ ျပင္းထန္လာတာနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဖိလစ္ပိုင္ ၾကား သေဘာတူညီခ်က္တစ္ခုရရွိခဲ့တယ္ဆိုတဲ့ တ႐ုတ္ဘက္က ေျပာဆိုခ်က္ေတြကို ဖိလစ္ပိုင္ဘက္ ဧၿပီလ(၂၇) ရက္ေန႔မွာ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ တ႐ုတ္ဘက္က ေျပာဆိုခ်က္ေတြဟာ ဝါဒျဖန႔္မႈေတြသာျဖစ္တယ္လို႔ ဖိလစ္ပိုင္ဘက္က ေျပာဆိုထားပါ တယ္။ Second Thomas Shoal ကြၽန္းအနီးမွာ ျဖစ္ပြားေနတဲ့တင္းမာမႈေတြကို စီမံခန႔္ခြဲဖို႔အတြက္ ယခုႏွစ္ အေစာပိုင္းမွာ တ႐ုတ္နဲ႔ဖိလစ္ပိုင္ၾကား သေဘာတူညီခ်က္တစ္ခုရရွိခဲ့တယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံမွာရွိတဲ့ တ႐ုတ္သံ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဧၿပီလ(၁၈)ရက္မွာ ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံနဲ႔ အဲဒီသေဘာတူညီခ်က္မ်ိဳးရရွိတာကို ၎ရဲ႕ဌာနက သတိမထားမိဘူးလို႔ ဖိလစ္ပိုင္ကာကြယ္ေရး ဝန္ႀကီး Gilberto Teodoroက ဧၿပီလ(၂၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဖိလစ္ပိုင္ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕အရာရွိေတြဟာ ၿပီးခဲ့တဲ့ႏွစ္တည္းက တ႐ုတ္အရာရွိေတြနဲ႔စကားေျပာဆိုတာမ်ိဳး မရွိခဲ့ဘူးလို႔ Gilberto Teodoro က ေျပာဆိုခဲ့ပါတယ္။

Gilberto Teodoro ရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုတာေတြကို ဖိလစ္ပိုင္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္နဲ႔ ဖိလစ္ပိုင္တို႔ဟာ Second Thomas Shoal ကြၽန္းအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ Gilberto Teodoro က “မၾကာေသးခင္က ပ်ံ႕ႏွံ႔လာတဲ့အမည္မေဖာ္လိုတဲ့တ႐ုတ္အရာရွိေတြ ျဖန႔္ေဝေနတဲ့ဇာတ္ေၾကာင္းေတြဟာ လိမ္လည္မႈေတြကို ဖုံးကြယ္ဖို႔အတြက္ ေနာက္ထပ္ႀကိဳးပမ္းမႈတစ္ခုျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.