အမေရိကန်အစိုးရ၏ လုပ်ရပ်များကို အိန္ဒိယအစိုးရ ဝေဖန်ပြစ်တင်

 2710

ဂျန်ဇက် (NP News) - ဧပြီ ၂၇

အိန္ဒိယအစိုးရသည် လူအခွင့်အရေးချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂ဝ၂၃ ခုနှစ် အစီရင်ခံစာထဲတွင် အိန္ဒိယအစိုးရသည် လူနည်းစုများ နှင့် ဂျာနယ်လစ်များကို တိုက်ခိုက်ခဲ့သလို လူအများ၏ လွတ်လပ်စွာပြောဆိုခွင့်များကိုလည်း ဖိနှိပ်ခဲ့ကြောင်း ပြစ်တင်ထားသည်။

သို့သော်လည်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အစိုးရ၏ စွပ်စွဲဝေဖန်ချက်များ က အခြေမြစ်မရှိကြောင်း၊ ယင်းအစီအရင်ခံစာက အိန္ဒိယနိုင်ငံအကြောင်းကို အပြည့်အဝနားလည်မှုမရှိခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီအရင်ခံစာက တန်ဖိုးမရှိသောအစီရင်ခံစာဖြစ်ကြောင်း အိန္ဒိယအစိုးရ က ထပ်မံဝေဖန်ထားသည်။ထိုအပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကလည်း အနောက်အုပ်စုမီဒီယာများသည် အိန္ဒိယနိုင်ငံ ၏ ရွေးကောက်ပွဲကိုကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ဝေဖန်ခဲ့သည်။ အိန္ဒိယ နှင့် အမေရိကန် နိုင်ငံတို့သည် အိန္ဒိယ ခွဲထွက်ရေးသမားတစ်ဦးဖြစ်သလို ဆစ်ဘာသာရေးခေါင်းဆောင်ဖြစ်သူ Singh Pannun ကို လုပ်ကြံရန်ကြိုးပမ်းမှုများဖြစ်လာခဲ့ပြီးနောက် အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သော်လည်း အမေရိကန်အစိုးရ စွပ်စွဲသလိုမျိုး မရှိခဲ့ကြောင်း တုံ့ပြန်ထားသည်။
အနောက်အုပ်စုမီဒီယာများသည် လက်ရှိအချိန်တွင် ရွေးကောက်ပွဲမှာအနိုင်ရရန် ရေပန်းစားနေသည့် ဝန်ကြီးချုပ် မိုဒီကို ပစ်မှတ်ထားပြီးဝေဖန်တိုက်ခိုက်နေကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္အစိုးရ၏ လုပ္ရပ္မ်ားကို အိႏၵိယအစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

အိႏၵိယအစိုးရသည္ လူအခြင့္အေရးခ်ိဳးေဖာက္သည္ဆိုေသာ စြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရကို ေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ၂ဝ၂၃ ခုႏွစ္ အစီရင္ခံစာထဲတြင္ အိႏၵိယအစိုးရသည္ လူနည္းစုမ်ား ႏွင့္ ဂ်ာနယ္လစ္မ်ားကို တိုက္ခိုက္ခဲ့သလို လူအမ်ား၏ လြတ္လပ္စြာေျပာဆိုခြင့္မ်ားကိုလည္း ဖိႏွိပ္ခဲ့ေၾကာင္း ျပစ္တင္ထားသည္။

သို႔ေသာ္လည္းအိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက အေမရိကန္အစိုးရ၏ စြပ္စြဲေဝဖန္ခ်က္မ်ား က အေျချမစ္မရွိေၾကာင္း၊ ယင္းအစီအရင္ခံစာက အိႏၵိယႏိုင္ငံအေၾကာင္းကို အျပည့္အဝနားလည္မႈမရွိျခင္းကို ျပသေနျခင္းျဖစ္ေၾကာင္း ေျပာသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အစီအရင္ခံစာက တန္ဖိုးမရွိေသာအစီရင္ခံစာျဖစ္ေၾကာင္း အိႏၵိယအစိုးရ က ထပ္မံေဝဖန္ထားသည္။ထိုအျပင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးကလည္း အေနာက္အုပ္စုမီဒီယာမ်ားသည္ အိႏၵိယႏိုင္ငံ ၏ ေ႐ြးေကာက္ပြဲကိုၾကားဝင္စြက္ဖက္ရန္ ႀကိဳးပမ္းေနေၾကာင္း ေဝဖန္ခဲ့သည္။ အိႏၵိယ ႏွင့္ အေမရိကန္ ႏိုင္ငံတို႔သည္ အိႏၵိယ ခြဲထြက္ေရးသမားတစ္ဦးျဖစ္သလို ဆစ္ဘာသာေရးေခါင္းေဆာင္ျဖစ္သူ Singh Pannun ကို လုပ္ႀကံရန္ႀကိဳးပမ္းမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။

အိႏၵိယအစိုးရသည္ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခဲ့ေသာ္လည္း အေမရိကန္အစိုးရ စြပ္စြဲသလိုမ်ိဳး မရွိခဲ့ေၾကာင္း တုံ႔ျပန္ထားသည္။
အေနာက္အုပ္စုမီဒီယာမ်ားသည္ လက္ရွိအခ်ိန္တြင္ ေ႐ြးေကာက္ပြဲမွာအႏိုင္ရရန္ ေရပန္းစားေနသည့္ ဝန္ႀကီးခ်ဳပ္ မိုဒီကို ပစ္မွတ္ထားၿပီးေဝဖန္တိုက္ခိုက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.