စွဲဆိုထားတဲ့ရာဇဝတ်မှုတွေက သမ္မတရွေးကောက်ပွဲပြိုင်မယ့်အစီအစဉ်တွေကို တားဆီးနိုင်မှာမဟုတ်ကြောင်း ဒေါ်နယ်ထရမ့် ဆို

 594

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က သူအပေါ်စွဲဆိုထားတဲ့ ရာဇဝတ်မှုတွေဟာ ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဖို့ကျင်းပမယ့်အစီအစဉ်တွေကို တားဆီးနိုင်မှာမဟုတ်ကြောင်း၊ ၄င်းကို ရာဇဝတ်မှုများနဲ့ စွဲချက်တင်ခြင်းဟာ နိုင်ငံမှာအကြီးမားဆုံးအခက်ခဲပြဿနာများဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူအပေါ် နိုင်ငံရေးရည်ရွယ်ချက်များနဲ့ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ကာ အနှောင့်အယှက်ပေးခံရနေကြောင်း၊ သူ့အနေနဲ့ ဥပဒေကိုချိုးဖောက်တာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရီပတ်ဘလီကန်ပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နယ်ထရမ့်က "ကျွန်တော် အမှားအယွင်း လုပ်ဆောင်ထားတာမျိုးမရှိဘူး။ ကျွန်တော့်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုံစမ်းထောက် လှမ်းပြီး စွဲချက်တင်တာမျိုးတွေက နိုင်ငံမှာ အခက်အခဲပြဿနာတွေ ဖြစ်လာစေတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်ဟာ အရင်တုန်းက မတွေ့ခဲ့ဘူး။ ကျွန်တော်အပေါ် ရာဇဝတ်မှု စွဲချက်များနဲ့ စွဲဆိုထားပေမယ့် သမ္မတအဖြစ်ယှဉ်ပြိုင်မယ့်အစီအစဉ်ကို အဟန့်အတားလုပ်နိုင်မှာ မဟုတ်ဘူး" လို့ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ တရားသူကြီးများရဲ့စုံစမ်းစစ်ဆေးမှုများနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်ဟာ ပြီးခဲ့တဲ့လက ဖလော်ရီဒါပြည်နယ်ရှိ ဒေါ်နယ်ထရမ့်ရဲ့အိမ်ကို စီးနင်းရှာဖွေခဲ့ပြီး သမ္မတအဖြစ် တာဝန်ယူချိန်က စာရွက်စာတမ်းများ ရှိ/မရှိ ဆိုတာကို စစ်ဆေးရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ၂ဝ၂၄ ခုနှစ်မှာကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိ/မရှိ ဆိုတဲ့အချက်ကို တရားဝင်ကြေညာခြင်း မရှိသေးပေမယ့် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

၄င်းက "ကျွန်တော်ကို ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုမယ်ဆိုရင်လည်း သမ္မတရွေးကောက်ပွဲပြိုင်မယ့်အစီအစဉ်ကို ထိခိုက်မှာမဟုတ်ဘူး။ ဒီမိုကရက်တစ်တွေက ကျွန်တော်တို့ကို စိုးရိမ်ကြောက်ရွံ့ပြီး ဖောက်ပြန်နေတာမျိုးတွေ အမြဲတမ်းဖြစ်နိုင်တယ်" လို့ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဂျိုးဘိုင်ဒန်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ လက်ရှိအချိန်မှာ အခက်အခဲများနဲ့ရင်ဆိုင်နေရပြီး လူကြိုက်နည်းနေရာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရနိုင်ချေ နည်းပါးတဲ့အတွက် ပြိုင်ဘက် ရီပတ်ဘလီကန် နဲ့ ဒေါ်နယ်ထရမ့်တို့ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ထိုးနှက်နေတာဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။

Zawgyi Version;
စြဲဆိုထားတဲ့ရာဇဝတ္မႈေတြက သမၼတေ႐ြးေကာက္ပြဲၿပိဳင္မယ့္အစီအစဥ္ေတြကို တားဆီးႏိုင္မွာမဟုတ္ေၾကာင္း ေဒၚနယ္ထရမ့္ ဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က သူအေပၚစြဲဆိုထားတဲ့ ရာဇဝတ္မႈေတြဟာ ၂ဝ၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲဖို႔က်င္းပမယ့္အစီအစဥ္ေတြကို တားဆီးႏိုင္မွာမဟုတ္ေၾကာင္း၊ ၄င္းကို ရာဇဝတ္မႈမ်ားနဲ႔ စြဲခ်က္တင္ျခင္းဟာ ႏိုင္ငံမွာအႀကီးမားဆုံးအခက္ခဲျပႆနာမ်ားျဖစ္လာေစခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က သူအေပၚ ႏိုင္ငံေရးရည္႐ြယ္ခ်က္မ်ားနဲ႔ စုံစမ္းေထာက္လွမ္းမႈမ်ားျပဳလုပ္ကာ အေႏွာင့္အယွက္ေပးခံရေနေၾကာင္း၊ သူ႔အေနနဲ႔ ဥပေဒကိုခ်ိဳးေဖာက္တာမ်ိဳးေတြ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

ရီပတ္ဘလီကန္ပါတီရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သူ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ အမွားအယြင္း လုပ္ေဆာင္ထားတာမ်ိဳးမရွိဘူး။ ကြၽန္ေတာ့္ကို ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ စုံစမ္းေထာက္ လွမ္းၿပီး စြဲခ်က္တင္တာမ်ိဳးေတြက ႏိုင္ငံမွာ အခက္အခဲျပႆနာေတြ ျဖစ္လာေစတယ္။ ဒီလိုအျဖစ္အပ်က္မ်ိဳး ကြၽန္ေတာ္ဟာ အရင္တုန္းက မေတြ႕ခဲ့ဘူး။ ကြၽန္ေတာ္အေပၚ ရာဇဝတ္မႈ စြဲခ်က္မ်ားနဲ႔ စြဲဆိုထားေပမယ့္ သမၼတအျဖစ္ယွဥ္ၿပိဳင္မယ့္အစီအစဥ္ကို အဟန႔္အတားလုပ္ႏိုင္မွာ မဟုတ္ဘူး" လို႔ေျပာပါတယ္။

ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ တရားသူႀကီးမ်ားရဲ႕စုံစမ္းစစ္ေဆးမႈမ်ားနဲ႔ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ အက္ဖ္ဘီအိုင္ဟာ ၿပီးခဲ့တဲ့လက ဖေလာ္ရီဒါျပည္နယ္ရွိ ေဒၚနယ္ထရမ့္ရဲ႕အိမ္ကို စီးနင္းရွာေဖြခဲ့ၿပီး သမၼတအျဖစ္ တာဝန္ယူခ်ိန္က စာ႐ြက္စာတမ္းမ်ား ရွိ/မရွိ ဆိုတာကို စစ္ေဆးရွာေဖြခဲ့တယ္လို႔ သိရပါတယ္။

ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ ၂ဝ၂၄ ခုႏွစ္မွာက်င္းပမယ့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ အစီအစဥ္ ရွိ/မရွိ ဆိုတဲ့အခ်က္ကို တရားဝင္ေၾကညာျခင္း မရွိေသးေပမယ့္ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သတင္းမ်ားထြက္ေပၚေနပါတယ္။

၄င္းက "ကြၽန္ေတာ္ကို ရာဇဝတ္မႈေတြနဲ႔ တရားစြဲဆိုမယ္ဆိုရင္လည္း သမၼတေ႐ြးေကာက္ပြဲၿပိဳင္မယ့္အစီအစဥ္ကို ထိခိုက္မွာမဟုတ္ဘူး။ ဒီမိုကရက္တစ္ေတြက ကြၽန္ေတာ္တို႔ကို စိုးရိမ္ေၾကာက္႐ြံ႕ၿပီး ေဖာက္ျပန္ေနတာမ်ိဳးေတြ အၿမဲတမ္းျဖစ္ႏိုင္တယ္" လို႔ေျပာပါတယ္။

ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳ ဂ်ိဳးဘိုင္ဒန္နဲ႔ယွဥ္ၿပိဳင္ခဲ့ၿပီး ရႈံးနိမ့္ခဲ့ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ လက္ရွိအခ်ိန္မွာ အခက္အခဲမ်ားနဲ႔ရင္ဆိုင္ေနရၿပီး လူႀကိဳက္နည္းေနရာ လာမယ့္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရႏိုင္ေခ် နည္းပါးတဲ့အတြက္ ၿပိဳင္ဘက္ ရီပတ္ဘလီကန္ နဲ႔ ေဒၚနယ္ထရမ့္တို႔ကို ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ထိုးႏွက္ေနတာျဖစ္ေၾကာင္း ေဝဖန္မႈေတြရွိေနပါတယ္။

Related news

© 2021. All rights reserved.