တရုတ် နဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုတွေက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်ဖွယ်ရှိနေကြောင်း ထိုင်ဝမ်သတိပေး

 628

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

ရုရှားနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများဟာ အာဏာရှင်စနစ်ချဲ့ထွင်ခြင်းများကို ခုခံသွားရမှာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတပူတင်ဟာ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သမ္မတရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ စူပါပါဝါနိုင်ငံ အခန်းကဏ္ဍမှာ ရပ်တည်နိုင်ဖို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားအစိုးရဟာထိုင်ဝမ်ကျွန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ပြောဆိုချက်များကို ထောက်ခံကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ဟာ ၄င်းတို့ပိုင်နက်ဖြစ်ပြီး ပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်မယ်ဆိုရင် အင်အားသုံးသွားမှာဖြစ်ကြောင်း မကြာသေးမီက ပြောခဲ့ဖူးပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုများဟာ ထိုင်ဝမ်အပေါ်တုန်လှုပ်စေခဲ့ပြီး
ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့သလိုမျိုး တရုတ်ကလည်း ထိုင်ဝမ်ကိုတစ်နေ့နေ့မှာ ဝင်ရောက်တိုက်ခိုက်မှာစိုးရိမ်နေတယ်လို့ သိရပါတယ်။

ထိုင်ဝမ်က ၄င်းတို့ဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုများအတွက် ကာကွယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက "တရုတ်နဲ့ ရုရှားတို့မဟာမိတ်ဖြစ်ပွားမှုတွေက နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်စေနိုင်တယ်" လို့ပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ နှစ်ပေါင်းများစွာကြာ အငြင်းပွားမှုများရှိနေခဲ့ပြီး ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ မကြာသေးမီက လာရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ လာရောက်မှုကို ဆန့်ကျင်ကြောင်းပြသဖို့ တရုတ်စစ်ဘက်ဟာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကာ ဒုံးကျည်များပစ်ခတ်ခဲ့သလို တိုက်လေယာဉ်များ၊ စစ်သင်္ဘောတွေကို ထိုင်ဝမ်ရေကြောင်းပိုင်နက်၊ လေကြောင်းပိုင်နက်တွေထဲ ကျူးကျော်ပျံသန်းစေခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ နဲ႔ ႐ုရွားၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြက ကမာၻ႔ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္လာႏိုင္ဖြယ္ရွိေနေၾကာင္း ထိုင္ဝမ္သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားက ကမာၻ႔ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္လ်က္ရွိေနေၾကာင္း၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားဟာ အာဏာရွင္စနစ္ခ်ဲ႕ထြင္ျခင္းမ်ားကို ခုခံသြားရမွာျဖစ္ေၾကာင္း ထိုင္ဝမ္အစိုးရက သတိေပးေျပာဆိုလိုက္ပါတယ္။

႐ုရွားသမၼတပူတင္ဟာ စက္တင္ဘာ ၁၆ ရက္ေန႔ နံနက္ပိုင္းမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔
ယူကရိန္းစစ္ပြဲ စတင္ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

သမၼတရွီက်င့္ဖ်င္က တ႐ုတ္ႏိုင္ငံဟာ စူပါပါဝါႏိုင္ငံ အခန္းက႑မွာ ရပ္တည္ႏိုင္ဖို႔ ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္က ႐ုရွားအစိုးရဟာထိုင္ဝမ္ကြၽန္းနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္မ်ားကို ေထာက္ခံေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။

တ႐ုတ္က ထိုင္ဝမ္ဟာ ၄င္းတို႔ပိုင္နက္ျဖစ္ၿပီး ျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္မယ္ဆိုရင္ အင္အားသုံးသြားမွာျဖစ္ေၾကာင္း မၾကာေသးမီက ေျပာခဲ့ဖူးပါတယ္။

တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ားဟာ ထိုင္ဝမ္အေပၚတုန္လႈပ္ေစခဲ့ၿပီး
ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ေတြတိုက္ခိုက္ခဲ့သလိုမ်ိဳး တ႐ုတ္ကလည္း ထိုင္ဝမ္ကိုတစ္ေန႔ေန႔မွာ ဝင္ေရာက္တိုက္ခိုက္မွာစိုးရိမ္ေနတယ္လို႔ သိရပါတယ္။

ထိုင္ဝမ္က ၄င္းတို႔ဟာ ဒီမိုကေရစီနဲ႔ လြတ္လပ္မႈမ်ားအတြက္ ကာကြယ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "တ႐ုတ္နဲ႔ ႐ုရွားတို႔မဟာမိတ္ျဖစ္ပြားမႈေတြက ႏိုင္ငံတကာၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရး၊ ဒီမိုကေရစီအေရးနဲ႔ လြတ္လပ္ခြင့္ေတြကို ထိခိုက္ေစႏိုင္တယ္" လို႔ေျပာပါတယ္။

ထိုင္ဝမ္နဲ႔ တ႐ုတ္တို႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာ အျငင္းပြားမႈမ်ားရွိေနခဲ့ၿပီး ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ ဦးေဆာင္တဲ့ကိုယ္စားလွယ္အဖြဲ႕ မၾကာေသးမီက လာေရာက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့ပါတယ္။

ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ လာေရာက္မႈကို ဆန႔္က်င္ေၾကာင္းျပသဖို႔ တ႐ုတ္စစ္ဘက္ဟာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းမ်ားျပဳလုပ္ခဲ့ကာ ဒုံးက်ည္မ်ားပစ္ခတ္ခဲ့သလို တိုက္ေလယာဥ္မ်ား၊ စစ္သေဘၤာေတြကို ထိုင္ဝမ္ေရေၾကာင္းပိုင္နက္၊ ေလေၾကာင္းပိုင္နက္ေတြထဲ က်ဴးေက်ာ္ပ်ံသန္းေစခဲ့ပါတယ္။

Related news

© 2021. All rights reserved.