ရှန်ဟိုင်း SCO နဲ့ ပူးပေါင်းဖို့ အီရန်က သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုး

 566

ရောင်နီ (NP News) - စက်တင်ဘာ ၁၆

အီရန်နိုင်ငံဟာ ဗဟိုအာရှလုံခြုံရေးအဖွဲ့ဖြစ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

"အီရန်ဟာ ယခုအခါ SCO အဖွဲ့ဝင်ဖို့အတွက် စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခြင်းဖြင့် အမျိုးမျိုးသော စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဖြတ်သန်းရေး နဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်သို့ ရောက်ရှိနေပြီဖြစ်တယ်" လို့ ဟူစိန် အမီရာဒေါလာဟိန်က လူမှုမီဒီယာမှာ ရေးသားပြောကြားခဲ့ပါတယ်။

တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ခေါင်းဆောင်များဟာ ပေကျင်းနဲ့ မော်စကိုတို့ပူးပေါင်းဖွဲ့စည်းထားတဲ့ လုံခြုံရေးအဖွဲ့ရှစ်ဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးအတွက် ဆမတ်ကန်းမြို့သို့ ဦးတည်သွားနေစဉ် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ အီရန်နဲ့ မွန်ဂိုလီးယားတို့ဟာ အဖွဲ့အစည်းကို ဝင်ရောက်ဖို့ လေ့လာနေတဲ့နိုင်ငံများဖြစ်ကြပြီး အဖွဲ့အစည်းမှာ ဆွေးနွေးဖက်ခြောက်နိုင်ငံအဖြစ် အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊ နီပေါ၊ သီရိလင်္ကာနဲ့ တူရကီတို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အရှိန်အဟုန်နဲ့တိုးချဲ့နေတဲ့ SCO ဟာ အီရန်ရဲ့ ပါဝင်ခွင့်လျှောက်ထားမှုကို အတည်ပြုခဲ့ပြီး တီဟီရန်အစိုးရဟာ ၎င်းရဲ့အငြင်းပွားနေသော နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံများမှ ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန်အတွက် ကူညီပေးဖို့ အဖွဲ့ဝင်များကို တောင်းဆိုခဲ့ပါတယ်။

ရုရှားနဲ့ အီရန်တို့ကြားဆက်ဆံရေးဟာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုရှိကြောင်း ပူတင်က ပြောကြားပြီး SCO အဖွဲ့ဝင်ဖြစ်ဖို့အတွက် လျှောက်လွှာကို နောက်ကွယ်မှ အပြည့်အဝထောက်ခံအားပေးခဲ့ကြောင်း ဆိုပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP ရဲ့ ၃၀ ရာခိုင်နှုန်း) ပါဝင်သော ကမ္ဘာ့အကြီးဆုံး ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ SCO ကို လုပ်ငန်းထပ်မံတိုးချဲ့လိုတယ်လို့ အီရန်က ဆိုပါတယ်။

ရုရှား၊ အီရန်နဲ့ တရုတ် အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား ချုပ်ဆိုထားတဲ့ အထင်ကရ နျူကလီးယားသဘောတူညီချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တစ်ဖက်သတ် စွန့်လွှတ်လိုက်တဲ့ ၂ဝ၁၈ ခုနှစ်ကတည်းက အီရန်ရဲ့စီးပွားရေး ထိခိုက်ခဲ့ပါတယ်။

သို့ပေမယ့် အီရန်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစိုးရကြား လပေါင်းများစွာ သွယ်ဝိုက်သော ဆွေးနွေးမှုများအပြီး နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းဖို့ အဆုံးအဖြတ်ပေးခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ရွန္ဟိုင္း SCO နဲ႔ ပူးေပါင္းဖို႔ အီရန္က သေဘာတူစာခြၽန္လႊာ လက္မွတ္ေရးထိုး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆

အီရန္ႏိုင္ငံဟာ ဗဟိုအာရွလုံၿခဳံေရးအဖြဲ႕ျဖစ္တဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ရဲ႕ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ သေဘာတူစာခြၽန္လႊာ လက္မွတ္ေရးထိုးခဲ့ေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

"အီရန္ဟာ ယခုအခါ SCO အဖြဲ႕ဝင္ဖို႔အတြက္ စာ႐ြက္စာတမ္းကို လက္မွတ္ေရးထိုးျခင္းျဖင့္ အမ်ိဳးမ်ိဳးေသာ စီးပြားေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ ျဖတ္သန္းေရး နဲ႔ စြမ္းအင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈအဆင့္သစ္သို႔ ေရာက္ရွိေနၿပီျဖစ္တယ္" လို႔ ဟူစိန္ အမီရာေဒါလာဟိန္က လူမႈမီဒီယာမွာ ေရးသားေျပာၾကားခဲ့ပါတယ္။

တ႐ုတ္၊ အိႏၵိယ၊ ကာဇက္စတန္၊ ကာဂ်စၥတန္၊ ပါကစၥတန္၊ ႐ုရွား၊ တာဂ်စ္ကစၥတန္နဲ႔ ဥဇဘက္ကစၥတန္ႏိုင္ငံတို႔မွ ေခါင္းေဆာင္မ်ားဟာ ေပက်င္းနဲ႔ ေမာ္စကိုတို႔ပူးေပါင္းဖြဲ႕စည္းထားတဲ့ လုံၿခဳံေရးအဖြဲ႕ရွစ္ဖြဲ႕ရဲ႕ထိပ္သီးအစည္းအေဝးအတြက္ ဆမတ္ကန္းၿမိဳ႕သို႔ ဦးတည္သြားေနစဥ္ ယင္းထုတ္ျပန္ခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။

အာဖဂန္နစၥတန္၊ ဘီလာ႐ုစ္၊ အီရန္နဲ႔ မြန္ဂိုလီးယားတို႔ဟာ အဖြဲ႕အစည္းကို ဝင္ေရာက္ဖို႔ ေလ့လာေနတဲ့ႏိုင္ငံမ်ားျဖစ္ၾကၿပီး အဖြဲ႕အစည္းမွာ ေဆြးေႏြးဖက္ေျခာက္ႏိုင္ငံအျဖစ္ အာေမးနီးယား၊ အဇာဘိုင္ဂ်န္၊ ကေမာၻဒီးယား၊ နီေပါ၊ သီရိလကၤာနဲ႔ တူရကီတို႔ရွိတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း အရွိန္အဟုန္နဲ႔တိုးခ်ဲ႕ေနတဲ့ SCO ဟာ အီရန္ရဲ႕ ပါဝင္ခြင့္ေလွ်ာက္ထားမႈကို အတည္ျပဳခဲ့ၿပီး တီဟီရန္အစိုးရဟာ ၎ရဲ႕အျငင္းပြားေနေသာ န်ဴကလီးယားအစီအစဥ္နဲ႔ ပတ္သက္ၿပီး အေနာက္ႏိုင္ငံမ်ားမွ ခ်မွတ္ထားတဲ့ပိတ္ဆို႔အေရးယူမႈမ်ားကို ေရွာင္ရွားရန္အတြက္ ကူညီေပးဖို႔ အဖြဲ႕ဝင္မ်ားကို ေတာင္းဆိုခဲ့ပါတယ္။

႐ုရွားနဲ႔ အီရန္တို႔ၾကားဆက္ဆံေရးဟာလည္း အျပဳသေဘာေဆာင္တဲ့ တိုးတက္မႈရွိေၾကာင္း ပူတင္က ေျပာၾကားၿပီး SCO အဖြဲ႕ဝင္ျဖစ္ဖို႔အတြက္ ေလွ်ာက္လႊာကို ေနာက္ကြယ္မွ အျပည့္အဝေထာက္ခံအားေပးခဲ့ေၾကာင္း ဆိုပါတယ္။

ကမာၻ႔လူဦးေရရဲ႕ ၄ဝ ရာခိုင္ႏႈန္းနဲ႔ ကမာၻလုံးဆိုင္ရာ ျပည္တြင္းအသားတင္ထုတ္ကုန္ (GDP ရဲ႕ ၃၀ ရာခိုင္ႏႈန္း) ပါဝင္ေသာ ကမာၻ႔အႀကီးဆုံး ေဒသတြင္းအဖြဲ႕အစည္းျဖစ္တဲ့ SCO ကို လုပ္ငန္းထပ္မံတိုးခ်ဲ႕လိုတယ္လို႔ အီရန္က ဆိုပါတယ္။

႐ုရွား၊ အီရန္နဲ႔ တ႐ုတ္ အပါအဝင္ ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားၾကား ခ်ဳပ္ဆိုထားတဲ့ အထင္ကရ န်ဴကလီးယားသေဘာတူညီခ်က္ကို အေမရိကန္သမၼတေဒၚနယ္ထရန႔္က တစ္ဖက္သတ္ စြန႔္လႊတ္လိုက္တဲ့ ၂ဝ၁၈ ခုႏွစ္ကတည္းက အီရန္ရဲ႕စီးပြားေရး ထိခိုက္ခဲ့ပါတယ္။

သို႔ေပမယ့္ အီရန္နဲ႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ အစိုးရၾကား လေပါင္းမ်ားစြာ သြယ္ဝိုက္ေသာ ေဆြးေႏြးမႈမ်ားအၿပီး န်ဴကလီးယားသေဘာတူစာခ်ဳပ္ကို ျပန္လည္အသက္သြင္းဖို႔ အဆုံးအျဖတ္ေပးခဲ့ၿပီးေနာက္ အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ႐ုတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.