အာဂျင်တီးနားမှာ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာတာကြောင့် ပင်စင်စားများ အခက်တွေ့နေ

 533

ရောင်နီ (NP News) - စက်တင်ဘာ ၁၆

အာဂျင်တီးနားနိုင်ငံမှာ လစဉ်ငွေကြေးဖောင်းပွမှုနှုန်းဟာ ခန့်မှန်းခြေ ၇ ရာခိုင်နှုန်းထိ မြင့်တက်လာနေကာ နိုင်ငံရဲ့အစိုးရပင်စင်စားတို့အတွက် ၎င်းတို့ပင်စင်ငွေဟာ ဆက်လက်ရှင်သန်ဖို့ မလုံလောက်တာကြောင့် ဘေလ်များပေးဆောင်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

“ကျွန်တော် မက်ခဲ့တဲ့ တစ်ခုတည်းသောအိပ်မက်က အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ပါပဲ။ ဒါပေမယ့် အပေါင်ခံမှု၊ အသုံးဝင် ဝန်ဆောင်မှုတွေအပြင် ကျွန်တော်တို့လိုအပ်နေတဲ့ဆေးဝါးတွေအားလုံးအတွက် ဘေလ်တွေကိုပေးဆောင်နိုင်ဖို့ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ စားနပ် ရိက္ခာအလုံအလောက် မဝယ်နိုင်သေးပါဘူး" လို့ ပင်စင်စားတစ်ဦးဖြစ်သူ စတဲယ်လာ မာရစ်က ဆိုပါတယ်။

ယင်းနောက် ၎င်းဟာ အမှိုက်ပုံများမှ အသီးအရွက်အချို့ကို ကောက်ယူကာ “လူတွေက အစားအစာတွေကိုစွန့်ပစ်ထားပေမယ့် ထိန်းသိမ်းပြီး အသုံးပြုနိုင်ပါသေးတယ်။ ကျွန်တော် ဒီခရမ်းချဉ်သီးကို မီးဖုတ်ပြီး တခြားအရာတွေ လုပ်နိုင်ပါသေးတယ်" လို့ ဆိုခဲ့ပါတယ်။

အာဂျင်တီးနားဟာ လူသန်း ၄ဝဝ အတွက် စားနပ်ရိက္ခာထုတ်လုပ်ပေးတဲ့ စိုက်ပျိုးရေးအင်အားကြီးနိုင်ငံဖြစ်ပေမယ့် ငွေကြေးဖောင်းပွမှုများဟာ စတဲယ်လာမာရစ်တို့လို လူတွေအတွက် နေ့စဉ်စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ ပင်ပန်းစွာရုန်းကန်ရစေပါတယ်။

သမဂ္ဂများဟာ ငွေကြေးဖောင်းပွမှုနဲ့ လိုက်လျောညီထွေဖြစ်စေဖို့အတွက် လုပ်ခလစာကို တိုးပေးဖို့ တွန်းအားပေးခဲ့ကြပါတယ်။ ယခုနှစ်မှာ လစာတွေကို ၆၅ ရာခိုင်နှုန်း တိုးပေးဖို့အတွက် သဘောတူညီမှုုတွေရရှိထားပေမယ့် အစိုးရက ထိန်းချုပ်ထားခြင်းကြောင့် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ယင်းကြောင့် ပင်စင်စား ၇ သန်းခန့်ရှိတဲ့အနက် ၈၆ ရာခိုင်နှုန်းဟာ လစဉ်အနိမ့်ဆုံး လစာငွေကိုသာ ရရှိနေပါတယ်။ “ငွေကြေးဖောင်းပွမှုဆိုတာဟာ လစာဟောင်းနဲ့ မြင့်တက်လာတဲ့ စျေးနှုန်းအသစ်တွေကို ပေးဆောင်ရတာဖြစ်တယ်။ အလုပ်သမားအားလုံးမှာ ဖြစ်နေပါတယ်” လို့ ဘရူနိုအေးရိစ်ရှိ သက်ကြီးရွယ်အိုများအတွက် အများသူငှာ ခုခံကာကွယ်သူ အန်ဂျန်နို ဆီဂီနီရို က ပြောကြားပါတယ်။

လစာတိုးဖို့ အလုပ်သမားသမဂ္ဂများက သဘောတူထားပေမယ့် ယခုထိတိုင်အကောင် အထည်မဖော်သေးတာကြောင့် စျေးနှုန်းများ ခုန်တက်မှုဟာ ငွေကြေးဖောင်းပွမှုထက် ၁ဝဝရာခိုင်နှုန်းကျော်လွန်နေပြီဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အာဂျင်တီးနား အစိုးရကလည်း ငွေကြေးဖောင်းပွမှုကို ကြီးမားသောတိုက်ပွဲကြီးတစ်ခုအဖြစ် ရှုမြင်ထားပေမယ့် ပြဿနာကတော့ ၄င်းတိုတိုက်ဖျက်ဖို့နည်းလမ်းကို သမ္မတအဲလ်ဘက်တို ဖာနမ်ဒက်ဇ် နဲ့ ဒုတိယသမ္မတ ခရစ်စတီနား ဖာနမ်ဒက် ဒီကာခ်ျနာ တို့ ၂ ဦးကြား သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။

အဲလ်ဘက်တိုဖာနမ်ဒက်ဇ် က ထောက်ပံ့မှုများနဲ့ အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ သဘောတူညီချက်တစ်ခုရရှိဖို့ ကြိုးပမ်းနေချိန်မှာ ဖာနမ်ဒက် ဒီကီခ်ျနာ က ၎င်းရဲ့မူဝါဒများကိုဆန့်ကျင်ကာ ငွေကြေးဖောင်းပွမှုကို ကွဲပြားစွာ တိုက်ဖျက်ဖို့ လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။

ယင်းသို့ညှိနှိုင်းမှုတွေအကြား အာဂျင်တီးနားရဲ့ပင်စင်စားများကတော့ အကျပ်အတည်းရဲ့ ဖိအားအောက်မှာ ဆက်လက်ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။

Zawgyi Version;
အာဂ်င္တီးနားမွာ ေငြေၾကးေဖာင္းပြမႈမ်ား ျမင့္တက္လာတာေၾကာင့္ ပင္စင္စားမ်ား အခက္ေတြ႕ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆

အာဂ်င္တီးနားႏိုင္ငံမွာ လစဥ္ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ခန႔္မွန္းေျခ ၇ ရာခိုင္ႏႈန္းထိ ျမင့္တက္လာေနကာ ႏိုင္ငံရဲ႕အစိုးရပင္စင္စားတို႔အတြက္ ၎တို႔ပင္စင္ေငြဟာ ဆက္လက္ရွင္သန္ဖို႔ မလုံေလာက္တာေၾကာင့္ ေဘလ္မ်ားေပးေဆာင္ဖို႔ ႐ုန္းကန္ေနရတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ မက္ခဲ့တဲ့ တစ္ခုတည္းေသာအိပ္မက္က အိမ္တစ္လုံး ပိုင္ဆိုင္ဖို႔ပါပဲ။ ဒါေပမယ့္ အေပါင္ခံမႈ၊ အသုံးဝင္ ဝန္ေဆာင္မႈေတြအျပင္ ကြၽန္ေတာ္တို႔လိုအပ္ေနတဲ့ေဆးဝါးေတြအားလုံးအတြက္ ေဘလ္ေတြကိုေပးေဆာင္ႏိုင္ဖို႔႐ုန္းကန္ေနရပါတယ္။ ကြၽန္ေတာ္တို႔ စားနပ္ ရိကၡာအလုံအေလာက္ မဝယ္ႏိုင္ေသးပါဘူး" လို႔ ပင္စင္စားတစ္ဦးျဖစ္သူ စတဲယ္လာ မာရစ္က ဆိုပါတယ္။

ယင္းေနာက္ ၎ဟာ အမႈိက္ပုံမ်ားမွ အသီးအ႐ြက္အခ်ိဳ႕ကို ေကာက္ယူကာ “လူေတြက အစားအစာေတြကိုစြန႔္ပစ္ထားေပမယ့္ ထိန္းသိမ္းၿပီး အသုံးျပဳႏိုင္ပါေသးတယ္။ ကြၽန္ေတာ္ ဒီခရမ္းခ်ဥ္သီးကို မီးဖုတ္ၿပီး တျခားအရာေတြ လုပ္ႏိုင္ပါေသးတယ္" လို႔ ဆိုခဲ့ပါတယ္။

အာဂ်င္တီးနားဟာ လူသန္း ၄ဝဝ အတြက္ စားနပ္ရိကၡာထုတ္လုပ္ေပးတဲ့ စိုက္ပ်ိဳးေရးအင္အားႀကီးႏိုင္ငံျဖစ္ေပမယ့္ ေငြေၾကးေဖာင္းပြမႈမ်ားဟာ စတဲယ္လာမာရစ္တို႔လို လူေတြအတြက္ ေန႔စဥ္စားဝတ္ေနေရးေျဖရွင္းႏိုင္ဖို႔ ပင္ပန္းစြာ႐ုန္းကန္ရေစပါတယ္။

သမဂၢမ်ားဟာ ေငြေၾကးေဖာင္းပြမႈနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစဖို႔အတြက္ လုပ္ခလစာကို တိုးေပးဖို႔ တြန္းအားေပးခဲ့ၾကပါတယ္။ ယခုႏွစ္မွာ လစာေတြကို ၆၅ ရာခိုင္ႏႈန္း တိုးေပးဖို႔အတြက္ သေဘာတူညီမႈုေတြရရွိထားေပမယ့္ အစိုးရက ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ အေကာင္အထည္ ေဖာ္ႏိုင္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

ယင္းေၾကာင့္ ပင္စင္စား ၇ သန္းခန႔္ရွိတဲ့အနက္ ၈၆ ရာခိုင္ႏႈန္းဟာ လစဥ္အနိမ့္ဆုံး လစာေငြကိုသာ ရရွိေနပါတယ္။ “ေငြေၾကးေဖာင္းပြမႈဆိုတာဟာ လစာေဟာင္းနဲ႔ ျမင့္တက္လာတဲ့ ေစ်းႏႈန္းအသစ္ေတြကို ေပးေဆာင္ရတာျဖစ္တယ္။ အလုပ္သမားအားလုံးမွာ ျဖစ္ေနပါတယ္” လို႔ ဘ႐ူႏိုေအးရိစ္ရွိ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အမ်ားသူငွာ ခုခံကာကြယ္သူ အန္ဂ်န္ႏို ဆီဂီနီ႐ို က ေျပာၾကားပါတယ္။

လစာတိုးဖို႔ အလုပ္သမားသမဂၢမ်ားက သေဘာတူထားေပမယ့္ ယခုထိတိုင္အေကာင္ အထည္မေဖာ္ေသးတာေၾကာင့္ ေစ်းႏႈန္းမ်ား ခုန္တက္မႈဟာ ေငြေၾကးေဖာင္းပြမႈထက္ ၁ဝဝရာခိုင္ႏႈန္းေက်ာ္လြန္ေနၿပီျဖစ္တယ္လို႔ ၎က ဆိုပါတယ္။

အာဂ်င္တီးနား အစိုးရကလည္း ေငြေၾကးေဖာင္းပြမႈကို ႀကီးမားေသာတိုက္ပြဲႀကီးတစ္ခုအျဖစ္ ရႈျမင္ထားေပမယ့္ ျပႆနာကေတာ့ ၄င္းတိုတိုက္ဖ်က္ဖို႔နည္းလမ္းကို သမၼတအဲလ္ဘက္တို ဖာနမ္ဒက္ဇ္ နဲ႔ ဒုတိယသမၼတ ခရစ္စတီနား ဖာနမ္ဒက္ ဒီကာခ္်နာ တို႔ ၂ ဦးၾကား သေဘာတူညီမႈ မရေသးဘူးလို႔ သိရပါတယ္။

အဲလ္ဘက္တိုဖာနမ္ဒက္ဇ္ က ေထာက္ပံ့မႈမ်ားနဲ႔ အစိုးရအသုံးစရိတ္မ်ားကို ျဖတ္ေတာက္ဖို႔အတြက္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕နဲ႔ သေဘာတူညီခ်က္တစ္ခုရရွိဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ဖာနမ္ဒက္ ဒီကီခ္်နာ က ၎ရဲ႕မူဝါဒမ်ားကိုဆန႔္က်င္ကာ ေငြေၾကးေဖာင္းပြမႈကို ကြဲျပားစြာ တိုက္ဖ်က္ဖို႔ လိုအပ္ေၾကာင္း ဆိုခဲ့ပါတယ္။

ယင္းသို႔ညႇိႏႈိင္းမႈေတြအၾကား အာဂ်င္တီးနားရဲ႕ပင္စင္စားမ်ားကေတာ့ အက်ပ္အတည္းရဲ႕ ဖိအားေအာက္မွာ ဆက္လက္႐ုန္းကန္ေနရဆဲပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.