“မဟာအင်အားကြီးများ” ဖြစ်ရေး ရုရှားနှင့်အတူ တရုတ်လုပ်ဆောင်မည်ဟု သမ္မတ ရှီကျင့်ဖျင် ပြော

 858

Htay Oung (NP News) - စက်တင်ဘာ ၁၆

မဟာအင်အားကြီးများဖြစ်မြောက်ရေးအတွက် ရုရှားနှင့်အတူတာဝန်များကို ထမ်းဆောင်ဖို့ဆန္ဒရှိ ကြောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတက ကရင်မလင်ခေါင်းဆောင်ကို စက်တင်ဘာလ ၁၅ ရက်၊ ကြသပတေးနေ့မှာ ပြောပြတယ်လို့ ရုရှား Russia Today မီဒီယာက ယမန်နေ့ ဖော်ပြပါတယ်။

"တရုတ်အနေနဲ့ မဟာအင်အားကြီးများရဲ့အခန်းကဏ္ဍကိုခံယူရေး ရုရှားနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွား ဖို့ဆန္ဒရှိကြောင်း၊ လူမှုမတည်ငြိမ်မှုများကြောင့်တုန်လှုပ်နေတဲ့ ကမ္ဘာကြီးထံ တည်ငြိမ်မှုနဲ့ အပြုသဘော ဆောင်စွမ်းအားတွေ ပေးသွင်းပေးဖို့အတွက် လမ်းညွှန်အခန်းကဏ္ဍမှ ပါဝင်လိုတယ်" လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

သမ္မတဗလာဒီမာပူတင်က ပြန်လည်ပြောဆိုရာမှာ အထူးသဖြင့် ကုန်သွယ်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းမှု ပိုမိုခိုင်မာလာခြင်းအတွက် ရှီကျင့်ဖျင်ရဲ့ဦးဆောင်မှုကို ချီးကျူးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပေကျင်းနဲ့ကုန်သွယ်ရာမှာ ကန်ဒေါ်လာ ၁၄ဝ ဘီလျံအထိ ဖလှယ်နိုင်မှုကို မီးမောင်းထိုးပြပြီး အဲဒီပမာဏ ဟာ ၂ဝ၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ၂၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း၊ ယခုနှစ်ကုန်မှာ ဒေါ်လာ ဘီလျံ ၂ဝဝ အထိ ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ပေကျင်းရဲ့ 'တရုတ်တစ်ပြည်တည်း' မူဝါဒအပေါ် မော်စကိုရဲ့ထောက်ခံမှုကို ရုရှားခေါင်းဆောင်က အတည်ပြုလိုက်ပြီး ထိုင်ဝမ်တစ်ဝိုက် အမေရိကန်ရဲ့ ရန်စဖို့အားထုတ်မှုများကို ရှုတ်ချပါတယ်။ ယေဘုယျ အားဖြင့်ပြောရမယ်ဆိုရင် တစ်ဖက်သတ်ကမ္ဘာကြီးကိုဖန်တီးဖို့ ကြိုးပမ်းမှုတွေဟာ ယခုနောက်ပိုင်း ကမ္ဘာ့ နိုင်ငံအများစုအတွက် ရုပ်ဆိုးအကျည်းတန်ပြီး လက်မခံနိုင်စရာတွေ ဖြစ်ခဲ့ရကြောင်း၊ နိုင်ငံခြားရေးမူဝါဒ စင်မြင့်ထက်မှာ တရုတ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း "ယူက ရိန်းအကျပ် အတည်းနဲ့ကြုံတွေ့လာရတဲ့အခါ တရုတ်မိတ်ဆွေများရဲ့တရားမျှတတဲ့ချဉ်းကပ်မှုကို ရုရှားတို့ အလွန် တန်ဖိုးထားရှိပါကြောင်း၊ တရုတ်လူမျိုးတို့အနေနဲ့ ပဋိပက္ခရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းများနဲ့ စိုးရိမ်မှုများ ရှိနိုင်သည်ကို အသိအမှတ်ပြုပြီး အကြောင်းအရာအားလုံးကို အသေးစိတ် ထပ်မံရှင်းပြသွားမှာ ဖြစ်ကြောင်း ပူတင်က ကတိပြုပါတယ်။

နိုင်ငံများရဲ့လူ့အဖွဲ့အစည်းတွေမှာ မတူညီတဲ့ယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ နိုင်ငံခြားရေး မူဝါဒလမ်းညွှန်ချက်တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စံလုပ်ထုံးလုပ်နည်းများ ပါဝင်လေ့ရှိကြောင်း၊ သို့သော်လည်း တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိမှုဆိုင်ရာ အခြေခံမူများပေါ်မှာ တည်ဆောက် ခြင်း၊ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလေးစားခြင်းနဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်ဖို့ငြင်းဆိုခြင်းတို့ဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် ထိရောက်တဲ့ ယန္တရားတစ်ခုအဖြစ် ပြောင်းလဲစေနိုင်ကြောင်း ဗလာဒီမာပူတင်က ရှင်းပြပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဟာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ္ဘာ့ ဧရိယာတစ်ဝက်ကျော်ကို လွှမ်းခြုံထားတဲ့ နိုင်ငံ ၈ ခုက နိုင်ငံတကာလူဦးရေ ထက်ဝက်နီးပါးကို စုစည်းထားပါတယ်။

(RT., 15 September 2022,” China will work with Russia as ‘great powers’ – Xi” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
“မဟာအင္အားႀကီးမ်ား” ျဖစ္ေရး ႐ုရွားႏွင့္အတူ တ႐ုတ္လုပ္ေဆာင္မည္ဟု သမၼတ ရွီက်င့္ဖ်င္ ေျပာ
Htay Oung (NP News) - စက္တင္ဘာ ၁၆

မဟာအင္အားႀကီးမ်ားျဖစ္ေျမာက္ေရးအတြက္ ႐ုရွားႏွင့္အတူတာဝန္မ်ားကို ထမ္းေဆာင္ဖို႔ဆႏၵရွိ ေၾကာင္း ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္သမၼတက ကရင္မလင္ေခါင္းေဆာင္ကို စက္တင္ဘာလ ၁၅ ရက္၊ ၾကသပေတးေန႔မွာ ေျပာျပတယ္လို႔ ႐ုရွား Russia Today မီဒီယာက ယမန္ေန႔ ေဖာ္ျပပါတယ္။

"တ႐ုတ္အေနနဲ႔ မဟာအင္အားႀကီးမ်ားရဲ႕အခန္းက႑ကိုခံယူေရး ႐ုရွားနဲ႔အတူ ႀကိဳးပမ္းေဆာင္႐ြက္သြား ဖို႔ဆႏၵရွိေၾကာင္း၊ လူမႈမတည္ၿငိမ္မႈမ်ားေၾကာင့္တုန္လႈပ္ေနတဲ့ ကမာၻႀကီးထံ တည္ၿငိမ္မႈနဲ႔ အျပဳသေဘာ ေဆာင္စြမ္းအားေတြ ေပးသြင္းေပးဖို႔အတြက္ လမ္းၫႊန္အခန္းက႑မွ ပါဝင္လိုတယ္" လို႔ ရွီက်င့္ဖ်င္က ေျပာပါတယ္။

သမၼတဗလာဒီမာပူတင္က ျပန္လည္ေျပာဆိုရာမွာ အထူးသျဖင့္ ကုန္သြယ္ဆက္ဆံေရးနဲ႔ ႏွစ္ႏိုင္ငံအၾကား က႑စုံ ပူးေပါင္းမႈ ပိုမိုခိုင္မာလာျခင္းအတြက္ ရွီက်င့္ဖ်င္ရဲ႕ဦးေဆာင္မႈကို ခ်ီးက်ဴးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေပက်င္းနဲ႔ကုန္သြယ္ရာမွာ ကန္ေဒၚလာ ၁၄ဝ ဘီလ်ံအထိ ဖလွယ္ႏိုင္မႈကို မီးေမာင္းထိုးျပၿပီး အဲဒီပမာဏ ဟာ ၂ဝ၂၂ ခုႏွစ္ ပထမႏွစ္ဝက္မွာ ၂၅ ရာခိုင္ႏႈန္းတိုးျမင့္လာခဲ့ေၾကာင္း၊ ယခုႏွစ္ကုန္မွာ ေဒၚလာ ဘီလ်ံ ၂ဝဝ အထိ ေရာက္ရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုပါတယ္။

ေပက်င္းရဲ႕ 'တ႐ုတ္တစ္ျပည္တည္း' မူဝါဒအေပၚ ေမာ္စကိုရဲ႕ေထာက္ခံမႈကို ႐ုရွားေခါင္းေဆာင္က အတည္ျပဳလိုက္ၿပီး ထိုင္ဝမ္တစ္ဝိုက္ အေမရိကန္ရဲ႕ ရန္စဖို႔အားထုတ္မႈမ်ားကို ရႈတ္ခ်ပါတယ္။ ေယဘုယ် အားျဖင့္ေျပာရမယ္ဆိုရင္ တစ္ဖက္သတ္ကမာၻႀကီးကိုဖန္တီးဖို႔ ႀကိဳးပမ္းမႈေတြဟာ ယခုေနာက္ပိုင္း ကမာၻ႔ ႏိုင္ငံအမ်ားစုအတြက္ ႐ုပ္ဆိုးအက်ည္းတန္ၿပီး လက္မခံႏိုင္စရာေတြ ျဖစ္ခဲ့ရေၾကာင္း၊ ႏိုင္ငံျခားေရးမူဝါဒ စင္ျမင့္ထက္မွာ တ႐ုတ္ႏိုင္ငံရဲ႕ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ေက်းဇူးတင္ရွိေၾကာင္း "ယူက ရိန္းအက်ပ္ အတည္းနဲ႔ႀကဳံေတြ႕လာရတဲ့အခါ တ႐ုတ္မိတ္ေဆြမ်ားရဲ႕တရားမွ်တတဲ့ခ်ဥ္းကပ္မႈကို ႐ုရွားတို႔ အလြန္ တန္ဖိုးထားရွိပါေၾကာင္း၊ တ႐ုတ္လူမ်ိဳးတို႔အေနနဲ႔ ပဋိပကၡရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးခြန္းမ်ားနဲ႔ စိုးရိမ္မႈမ်ား ရွိႏိုင္သည္ကို အသိအမွတ္ျပဳၿပီး အေၾကာင္းအရာအားလုံးကို အေသးစိတ္ ထပ္မံရွင္းျပသြားမွာ ျဖစ္ေၾကာင္း ပူတင္က ကတိျပဳပါတယ္။

ႏိုင္ငံမ်ားရဲ႕လူ႔အဖြဲ႕အစည္းေတြမွာ မတူညီတဲ့ယဥ္ေက်းမႈနဲ႔ ယဥ္ေက်းမႈဓေလ့ထုံးတမ္းေတြ၊ ႏိုင္ငံျခားေရး မူဝါဒလမ္းၫႊန္ခ်က္ေတြနဲ႔ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး စံလုပ္ထုံးလုပ္နည္းမ်ား ပါဝင္ေလ့ရွိေၾကာင္း၊ သို႔ေသာ္လည္း တန္းတူညီမွ်မႈႏွင့္ အျပန္အလွန္အက်ိဳးရွိမႈဆိုင္ရာ အေျခခံမူမ်ားေပၚမွာ တည္ေဆာက္ ျခင္း၊ ႏိုင္ငံအခ်င္းခ်င္း အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကိုေလးစားျခင္းနဲ႔ ျပည္တြင္းေရးမွာ ဝင္ေရာက္ စြက္ဖက္ဖို႔ျငင္းဆိုျခင္းတို႔ဟာ အဲဒီလူ႔အဖြဲ႕အစည္းရဲ႕ဘက္စုံပူးေပါင္းေဆာင္႐ြက္မႈအတြက္ ထိေရာက္တဲ့ ယႏၲရားတစ္ခုအျဖစ္ ေျပာင္းလဲေစႏိုင္ေၾကာင္း ဗလာဒီမာပူတင္က ရွင္းျပပါတယ္။

ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ဟာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ကမာၻ႔ ဧရိယာတစ္ဝက္ေက်ာ္ကို လႊမ္းၿခဳံထားတဲ့ ႏိုင္ငံ ၈ ခုက ႏိုင္ငံတကာလူဦးေရ ထက္ဝက္နီးပါးကို စုစည္းထားပါတယ္။

(RT., 15 September 2022,” China will work with Russia as ‘great powers’ – Xi” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.